MySport Myanmar

ဂါလက်ချာအတွက် တရားဝင် ကမ်းလှမ်းမှု တရပ် ပြုလုပ်လိုက်တဲ့ အဲဗာတန်

ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည်အသင်း တသင်း ဖြစ်တဲ့ အဲဗာတန်က ပရီးမီးယားလိဂ် ထိပ်သီးကလပ် ချယ်လ်ဆီးရဲ့ လူငယ်ကြယ်ပွင့် ကွင်းလယ်လူ ဂါလက်ချာ အတွက် တရားဝင် ကမ်းလှမ်းမှု တရပ် ပြုလုပ်ခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အဲဗာတန်က ယမန်နေ့မှာပဲ သူတို့အသင်းကနေ နယူးကာဆယ်ထံ ပြောင်းရွှေ့သွားခဲ့တဲ့ လူငယ်ကြယ်ပွင့် ဂေါ်ဒွန်ရဲ့ နေရာအတွက် တိုက်ရိုက် အစားထိုးမှု အဖြစ် ဂါလက်ချာကို ခေါ်ယူဖို့ ကြိုးစားလာတာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

အသက် ၂၂နှစ် အရွယ် အင်္ဂလန် လူငယ်ကြယ်ပွင့် ဂါလက်ချာက ဗဟိုကွင်းလယ် ၊ ညာအစွန်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံမှာ ၂၅ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အဲဗာတန်က ဂါလက်ချာကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်း + အပိုဆုကြေး ပေါင် ၅သန်းနဲ့ ကမ်းလှမ်းလာခဲ့တာ ဖြစ်ပြီး ချယ်လ်ဆီးဘက်က အဲဗာတန်ရဲ့ ကမ်းလှမ်းမှုကို လက်ခံ စဉ်းစားနေကြောင်း သိရပါတယ်။

Photo Credit: Metro

တဆက်ထဲမှာပဲ အဲဗာတန်က ချယ်လ်ဆီးထံ တရားဝင် ကမ်းလှမ်းမှု ပို့ခဲ့သလို ဂါလက်ချာရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ဖို့ပါ ကြိုးစားနေပါတယ်။

Exit mobile version