အီတလီအခြေစိုက် သတင်းမီဒီယာ Tuttomercatoweb ရဲ့ ဖော်ပြချက်တွေအရ အဲဗာတန်အသင်းကနေ ဂျုဗင်တပ်စ်အသင်းဆီကို (၂)ရာသီ အငှားစာချုပ်နဲ့ လာရောက်ကစားနေတဲ့ အီတလီ တိုက်စစ်ကစားသမားလေး မွိုကစ််ကင်းက ဒီနှစ်ဘောလုံးရာသီအပြီးမှာပဲ ဂျုဗင်တပ်စ်ကနေ ပြန်လည်ထွက်ခွာသွားဖို့ ဆန္ဒရှိနေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Juvefc

အသက်(၂၂)နှစ်အရွှယ်ရှိ အီတလီ တိုက်စစ်ကစားသမား မွိုက်စ်ကင်းဟာ ၂၀၁ဝခုနှစ်ကတည်းက ဂျုဗင်တပ်စ်လူငယ်အသင်းမှာ ပါဝင်ကစားခဲ့တာဖြစ်ပြီး အသက်(၁၆)နှစ်အရွှယ်မှာပဲ ဂျုဗီစီနီယာအသင်းအတွက် စတင်ကစားခွင့်ရခဲ့ပါတယ်။ ဂျုဗင်တပ်စ်မှာ (၂)ရာသီ ပါဝင်ကစားပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကင်းဟာ ၂၀၁၉ခုနှစ်မှာတော့ အဲဗာတန်အသင်းဆီကို ပြောင်းရွှေ့သွားခဲ့ပေမယ့် အဲဗာတန်မှာ အံ့ဝင်ခွင်ကျဖြစ်ဖို့ ရုန်းကန်နေခဲ့ရလို့ ပီအက်စ်ဂျီအသင်းနဲ့ အသင်းဟောင်း ဂျုဗင်တပ်စ်တွေကိုပါ အငှားနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Goal

မွိုက်စ်ကင်းဟာ ပီအက်စ်ဂျီအသင်းမှာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ဖူးပြီး လီဂူးသွင်းဂိုး (၁၃)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ပြိုင်ပွဲစုံမှာလည်း (၁၇)ဂိုးထိကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းဆီကို အပြီးသတ် ပြောင်းရွှေ့ြ့ခင်း မပြုလုပ်နိုင်ခဲ့တဲ့ ကင်းဟာ အဲဗာတန်ကို ပြန်ရောက်လာခဲ့ပေမယ့် အဲဗာတန်ကလည်း သူ့ကို အသင်းမှာ ဆက်လက်မထားချင်တော့တာကြောင့် အသင်းဟောင်း ဂျုဗင်တပ်စ်အသင်းဆီကိုသာ (၂)ရာသီ အငှားစာချုပ်နဲ့ အငှားထပ်ချခဲ့ပါတယ်။ ဂျုဗီမှာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီကို ဖြတ်သန်းနေရတဲ့ မွိုက်စ်ကင်းဟာ အသင်းအတွက် ပါဝင်ကစားခဲ့ရတဲ့ စီးရီးအေ (၂၆)ပွဲမှာ (၁၀)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရတဲ့အပေါ် မပျော်ရွှင်တော့တာကြောင့် အငှားစာချုပ် သက်တမ်းမပြည့်ချိန်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်ချင်လာတာ ဖြစ်ပါတယ်။ တကယ်လို့သာ ကင်းအနေနဲ့ လာမယ့်နွေမှာ ဂျုဗီနဲ့ လမ်းခွဲမယ်ဆိုရင် ဂျုဗီဘက်က တစ်ရာသီ အငှားခေါ်ယူခွင့်ကိုသာ ပေးချေရမှာဖြစ်ပြီး ကင်းကတော့ ဂျုဗီက ထွက်ခွာလာချိန် အဲဗာတန်အသင်းဆီကို ပြန်သွားဖို့ထက် တစ်ရာသီအငှားနဲ့ ကျင်လည်ခဲ့ဖူးတဲ့ ပီအက်စ်ဂျီအသင်းဆီကိုသာ အပြီးသတ် ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။