MySport Myanmar

အသင်းလက်မဲ့ ဖြစ်နေသူ အစ္စကို ကို ခေါ်ယူသွားဖို့ အဲဗာတန် စိတ်ဝင်စားနေ

ဆောင်းရာသီ စျေးကွက်ထဲမှာ အန်တိုနီဂေါ်ဒွန်ကို လက်လွတ်ထားခဲ့ရပြီး ကစားသမား ခေါ်ယူမှု မပြုလုပ်ထားနိုင်ခဲ့တဲ့ အဲဗာတန်အသင်းဟာ အခု စျေးကွက်ပိတ်သိမ်းချိန်မှာ ခေါ်ယူလို့ရနိုင်သေးတဲ့ free agent players တွေထဲကမှ ရီးယဲလ် ကစားသမားဟောင်း အစ္စကို ကို ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။

Photo Credit :The Guardian

အဲဗာတန်အသင်းဟာ အသင်းရဲ့ လူငယ် တောင်ပံကစားသမားလေး ဂေါ်ဒွန်ကို နယူးကာဆယ်အသင်းဆီ ရောင်းချခဲ့ပေမယ့် ကစားသမား ပြန်လည် ဖြည့်တင်းဖို့ မလုပ်နိုင်ခဲ့ပဲ စျေးကွက်ပိတ်သိမ်းခဲ့ရပါတယ်။ အဲဗာတန်က ဗီလာရီးယဲလ်ကနေ ဒန်ဂျူးမားကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် စပါးအသင်းရဲ့ ကြားဖြတ် ခေါ်ယူမှုကြောင့် လက်လွတ်ခဲ့ရသလို ဝက်စ်ဟမ်းနဲ့ ဆွမ်ဆီး ကစားသမားဟောင်း အန်ဒရေအယူးကိုလည်း free transfer နဲ့ ခေါ်ယူဖို့ ဆွေးနွေးခဲ့ပေမယ့် အခု အယူးက နော်တင်ဟမ်ဖောရက်စ်အသင်းဆီ ပြောင်းရွေ့ဖို့ နီးစပ်နေတာကြောင့် အသင်းလက်မဲ့ ကစားသမားဖြစ်နေသူ အစ္စကို ကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Sun

အသက်(၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ စပိန်လက်ရွေးစင်ဟောင်း အစ္စကိုဟာ ဆောင်းဈေးကွက်အတွင်းမှာ ဘွန်ဒစ်လီဂါကလပ် ယူနီယံဘာလင်အသင်းဆီ ပြောင်းရွေ့ဖို့ လုပ်ဆောင်ခဲ့ပေမယ့် ဆေးစစ်မှုတွေအပြီးမှာ အပြောင်းအရွေ့အတွက် ညှိနှိုင်းမှုတွေ ထပ်မံ လုပ်ဆောင်ခဲ့ရင်း အဆင်မပြေတော့တာကြောင့် အပြောင်းအရွေ့က ပျက်ပြယ်သွားခဲ့ရပါတယ်။ လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေရတဲ့ အစ္စကိုဟာ ဒဏ်ရာပြသာနာတွေနဲ့ လုံးပန်းခဲ့ရသူ ဖြစ်ပေမယ့်လည်း အရည်အသွေးပြည့်ဝတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့ပြီး အသင်းဟောင်း ရီးယဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံဖလား (၅)ကြိမ်အထိတောင် ရယူထားနိုင်သူလည်း ဖြစ်ပါတယ်။ ဒီရာသီအစမှာ ဆီဗီလာနဲ့ လက်တွဲခဲ့တဲ့ အစ္စကိုဟာ ရာသီဝက်မတိုင်ခင်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်ခဲ့ရပြီး ယူနီယံဘာလင်ဆီ ပြောင်းရွေ့ဖို့ ထပိမံ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် သူ့ကို အဲဗာတန် အပါအဝင် ကလပ်အသင်းတချို့က စောင့်ကြည့်နေပြီး အစ္စကိုရဲ့ လစာက အဲဗာတန်လို အသင်းမျိုးအတွက် များပြားတဲ့ ပမာဏမျိုး ဖြစ်နေနိုင်ဖွယ် ရှိပါတယ်။

Exit mobile version