ယူရိုပါလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိလို့နေသေးတဲ့ ရှက်ဖီးယူနိုက်တက်အသင်းကတော့ ဒီနေ့ညမှာ ရမှတ်လိုအပ်ချက်မရှိပဲ ဖိအားကင်းကင်းနဲ့ ယှဉ်ပြိုင်ကစားနေရတဲ့ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၇)အဖြစ် အိမ်ကွင်း Barmell Lane ကွင်းအတွင်းမှာ ဧည့်ခံကစားသွားခဲ့ပြီး အဲဗာတန်အသင်းက (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ယူသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ရှက်ဖီးယူနိုက်တက်အသင်းကး ၃-၅-၂ ကစားကွက်နဲ့အတူ မက်ဂိုးလ်ဒရစ် မက်ဘာနေး စတီဖန်စ် အော့စဘွန် နော်ဝုဒ် ဘာဂါ ဘယ်ဒေါ့ အိုကွန်နယ် အီဂန် ဘက်စ်ရှန် ဟန်ဒါဆင်တို့ကို အသုံးပြုလာခဲ့ပါတယ်။ ဧည့်သည်အဲဗာတန်အသင်းကလည်း ၄-၄-၂ ကစားကွက်နဲ့အတူ ရစ်ချာလီဆန် ကဲလ်ဗတ်လီဝင် ဂိုးမက်စ် ဆီဂတ်ဆန် တွမ်ဒေးဗီစ် ဝဲလ်ကော့ ဆီဒီဘီ မိုက်ကယ်ကိန်း ဘရန့်ဝိတ် ဒစ်ဂ်နေးနဲ့ ပစ်ဖိုဒ့်တို့ ပါဝင်လာပါတယ်။ ပထမပိုင်း ပွဲကစားချိန်တွေအတွင်းမှာ နှစ်သင်းလုံးက ဘောလုံးအပျက်တွေ များနေခဲ့ရပြီး တိုက်စစ်ကိုလည်း ထိရောက်စွာ လိုက်ပါကစားနိုင်ခြင်း မရှိခဲ့ပါဘူး။ အိမ်ရှင်ရှက်ဖီးကတော့ အမှတ်လိုနေတဲ့ အသင်းပီပီ အင်တိုက်အားတိုက် ကစားခဲ့ပေမယ့် လက်စတာကို အရေးနိမ့်ခဲ့တဲ့ပွဲကလို အသင်းရဲ့တောင်ပံတိုက်စစ်တွေက သိပ်အလုပ်မဖြစ်ခဲ့လို့ ဂိုးရဖို့ ရုန်းကန်နေရသလို အဲဗာတန်ကလည်း မိနစ်(၂၀)ကျော်လောက်မှ တိုက်စစ်အရှိန်လေးကောင်းလာခဲ့ပေမယ့်လည်း ဂိုးရနိုင်လောက်တဲ့ ထိုးဖောက်မှုတွေတော့ မရှိခဲ့တဲ့အတွက် ပထမပိုင်းမှာ ဂိုးမရှိသရေသာ ဖြစ်နေခဲ့ရပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ပြီး တစ်မိနစ်အကြာမှာပဲ ဆီိဂတ်ဆန်ရဲ့ပြစ်ဒဏ်ဘော ကန်တင်ပေးပို့မှုကနေတစ်ဆင့် ရစ်ချာလီဆန်ခေါင်းတိုက်ပြီး အဲဗာတန်အတွက် အဖွင့်ဂိုးကို သွင်းယူပေးသွားနိုင်ခဲ့ပါတယ်။ သွင်းဂိုးစတင်ခွင့်ပြုလိုက်ရပြီးနောက်မှာ ရှက်ဖီးတို့ ပိုမိုဖိအားပေးကစားလာခဲ့ပေမယ့် ချေပဂိုးပြန်ရနိုင်လိုက်မယ့်အထိတော့ တိုက်စစ်က ထိထိရောက်ရောက်မရှိသေးပဲ ရုန်းကန်နေရပါတယ်။ အဲဗာတန်ကလည်း ပွဲကိုဦးဆောင်ထားနိုင်တာမို့ ထိန်းကစားလို့နေပြီး တချက်တချက် ပြန်လည်တိုက်စစ်ဆင်ရင်လည်း ဂိုးထပ်ရဖို့ နီးစပ်တဲ့အထိ ထိရောက်ခဲ့ပါတယ်။ အဲဗာတန်ကလည်း ပွဲကိုဦးဆောင်ထားနိုင်တာမို့ ထိန်းကစားလို့နေပြီး တချက်တချက် ပြန်လည်တိုက်စစ်ဆင်ရင်လည်း ဂိုးထပ်ရဖို့ နီးစပ်တဲ့အထိ ထိရောက်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်အသင်းကမှ ဂိုးတွေဆက်မသွင်းနိုင်တော့ပဲ အဲဗာန်ကသာ တစ်ဂိုးတည်းနဲ့ ကပ်နိုင်သွားခဲ့ပါတယ်။