ဒီနေ့ ဇူလိုင်လ(၁)ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်(၃၂)ရဲ့ ပွဲစဉ်တချို့ကို ဆက်လက်ကျင်းပခဲ့ပြီး ဒီနေ့ညရဲ့ အကောင်းဆုံးပွဲလို့ဆိုရမယ့် အဲဗာတန်အသင်းနဲ့ လက်စတာအသင်းတို့ပွဲစဉ်မှာ အဲဗာတန်က (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရခဲ့သလို ဘုန်းမောက်နဲ့ နယူးကာဆဲလ်ယူနိုက်တက်အသင်းတို့ပွဲစဉ်မှာကတော့ ဧည့်သည်နယူးကာဆဲလ်က (၄)ဂိုး (၁)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အဲဗာတန်အသင်းနဲ့ လက်စတာအသင်းတို့ရဲ့ပွဲစဉ်မှာတော့ ပထမပိုင်း ပွဲကစားချိန်(၁၅)မိနစ်လောက်မှာ အိမ်ရှင်အဲဗာတန်ဘက်ကနေ (၂)ဂိုးပြတ်နဲ့ကို စောစောစီးစီးပဲ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။ အဖွင့်ဂိုးကို (၁၀)မိနစ်မှာ ရစ်ချာလီဆန်က သွင်းယူခဲ့သလို ဒုတိယဂိုးကိုတော့ (၁၆)မိနစ်မှာ အမ်ဒီဒီ လက်ထိသွားလို့ ရရှိတဲ့ပင်နယ်တီကနေ ဆီဂတ်ဆန်က သွင်းယူခဲ့ပါတယ်။ ပထမပိုင်းကတည်းက အနည်းငယ်ပိုသာနေတဲ့ လက်စတာကတော့ ဒုတိယပိုင်း (၅၁)မိနစ်မှာ အီယန်နာချိုရဲ့ဂိုးနဲ့ ပြန်လည်ချေပခဲ့ပါတယ်။

Photo Credit : Getty Image

တိုက်စစ်မှာ ဒွိုက်ဂိုင်းလ်နဲ့ လောင်းစတပ်ဖ်တို့ကို ထူးထူးခြားခြား တွဲဖက်သုံးစွဲလာခဲ့တဲ့ နယူးကာဆဲလ်ကတော့ ဘုန်းမောက်အသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ကစားခဲ့ရပေမယ့် အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်ခဲ့လို့ ပထမပိုင်းမှာပဲ အယ်မီရွန်း ဂိုင်းလ်တို့ရဲ့သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့သလို ဒုတိယပိုင်း (၅၇)မိနစ်မှာလည်း အယ်မီရွန်က နောက်တစ်ဂိုးကို ထပ်မံရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပွဲချိန်(၇၇)မိနစ်မှာလည်း လူစားဝင်လာခဲ့တဲ့ လာဇာရိုကပါ ပွဲသိမ်းအနိုင်ဂိုးကို ဆက်လက်သွင်းယူခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာ ဂေါ့စလင်းက အိမ်ရှင်အတွက် အရှက်ပြေတစ်ဂိုး သွင်းယူခဲ့ပါတယ်။