ကရာဗင်ကော့တေ့ချ်ကွင်းမှာ လန်ဒန် မြို့ခံကလပ် ဖူလ်ဟမ်အသင်းကို (၂)ဂိုး (၁)ဂိုး ရှုံးနိမ့်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်က ဒီနှစ် ဘောလုံးရာသီရဲ့ အဆိုးရွှားဆုံးသော ပွဲစဉ်တစ်ပွဲပဲလို့ အာဆင်နယ်နည်းပြ အာတီတာက မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။

အာဆင်နယ် ပွဲအစ (၅)မိနစ်ကတည်းက ဆာကာရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်ခွင့် ရရှိထားခဲ့ပေမယ့်လည်း နောက်ပိုင်း မိနစ်တွေမှာ အိမ်ရှင်အသင်းကို အကြိမ်ကြိမ် အခွင့်အရေးတွေ တောက်လျှောက် ပေးခဲ့ရပြီး ဂိုးတွေပါ ခွင့်ပြုပေးခဲ့ရပါတယ်။

Photo Credit : ESPN

အခုဆိုရင်တော့ အာဆင်နယ်အသင်းဟာ ၂၀၂၃ခုနှစ်ရဲ့ နောက်ဆုံး (၂)ပွဲဆက်တိုက်မှာပဲ ရှုံးပွဲတွေ ကြုံတွေ့ခဲ့ရပြီး အမှတ်ပေးဇယားမှာလည်း အဆင့် (၄)နေရာထိပါ ဆက်လက် ကျင်းပသွားခဲ့ရပါတယ်။ ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး နည်းပြ အာတီတာက “နာကျင် ဝမ်းနည်းစရာကောင်းတဲ့ နေ့တစ်နေ့ပါပဲ။”

“ပွဲစဉ် (၂၀)အပြီးမှာ ကျွန်တော်တို့က ဇယားထိပ်မှာ ရပ်တည်ခွင့်လည်း ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၃)ရက်တုန်းကလည်း ကျွန်တော်တို့အသင်းက နိုင်ပွဲနဲ့ ထိုက်တန်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲကို ရှုံးပွဲတွေ့ခဲ့ရသေးတယ်။ ဒါပေမယ့် အခုပွဲကတော့ မတူညီတော့ပါဘူး။ ကျွန်တော်တို့က ဒီပွဲမှာ ဘာမှ ကောင်းကောင်း မလုပ်ဆောင်နိုင်ခဲ့ဘူး။”

Photo Credit : Football365

“ဒီပွဲမှာ ဖြစ်ပျက်ခဲ့တာတွေက ထပ်ပြီး ဖြစ်လို့ မရနိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလိုတွေသာ ထပ်ဖြစ်ဦးမယ်ဆိုရင် ကျွန်တော်တို့ ရောက်ချင်တဲ့ နေရာကို ဘယ်တော့မှ ရောက်ဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။”

“ကျွန်တော်တို့တွေ ကိုယ့်ကိုကိုယ် ပြန်အကဲခတ်ဖို့ လိုနေပါပြီ။ ဒီပွဲအတွင်း စွမ်းဆောင်မှုတွေကတော့ ဒီတစ်ရာသီလုံး ကစားခဲ့သမျှ ပွဲတွေထဲကမှ အဆိုးရွှားဆုံးသော performance ပါပဲ။ ဒါက အသေချာပါပဲ” လို့ ညည်းတွား ပြောကြားသွားခဲ့ပါတယ်။