MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော ညနေခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  နိုဝင်ဘာလ ၆ရက်နေ့ ညနေ၆နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မကြာခင်မှာ နိုင်ငံတကာရက်သတ္တပတ်ကို ပြန်လည်စတင်တော့မှာဖြစ်လို့ နိုင်ငံအသင်းတွေက အသင်းအတွက် ကစားသမားစာရင်းတွေကို ထုတ်ပြန်လျက်ရှိရာ အာဂျင်တီးနားလက်ရွေးစင်အသင်းကလည်း သူတို့အသင်းရဲ့လူစာရင်းအတွက် အဓိက ကစားသမားမက်ဆီအပါအဝင် ပြီးခဲ့တဲ့ပွဲစဉ်တွေတုန်းက ချန်လှပ်ခဲ့တဲ့ တောင်ပံကစားသမား ဒီမာရီယာနဲ့ နောက်ခံလူအော်တာမန်ဒီတို့ကိုပါ ပြန်လည်ရွေးချယ်သွားခဲ့ပါတယ်။

အေစီမီလန်အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ဇလာတန်အီဗရာဟီမိုဗစ်ကတော့ အီတလီစီးရီးအေပြိုင်ပွဲရဲ့ အောက်တိုဘာလတလတာအတွင်း အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံလိုက်ရပြီလို့ သိရှိရပါတယ်။ မိုဗစ်ဟာ ဒီဆုကို မီလန်အသင်းနဲ့ ဗီရိုနာအသင်းတို့ရဲ့ စီးရီးအေပွဲစဉ်အစပိုင်းမှာ လက်ခံရယူသွားမယ်လို့ သိရပါတယ်။

စပိန်လာလီဂါပြိုင်ပွဲရဲ့ ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ မိုချန်ဂလာဘတ်အသင်းရဲ့ ပြင်သစ်လူငယ်တိုက်စစ်မှူးလေး မားကပ်စ်သူရမ်ကို ခေါ်ယူသွားဖို့ အပြိုင်စိတ်ဝင်စားလို့နေပါတယ်။ မားကပ်စ်ဟာ ဘာစီလိုနာနောက်ခံလူဟောင်း လီလီသူရမ်ရဲ့သားဖြစ်ပြီိး သူရဲ့ခြေစွမ်းပိုင်း တိုးတတ်လာမှုတွေကြောင့် ပြင်သစ်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံထားခဲ့ရသူဖြစ်ပါတယ်။

ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ထုတ်ပယ်ခံရမယ့် နည်းပြအဖြစ် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားက ရေပန်းအစားဆုံးနေရာကို ရောက်ရှိလို့နေပြီး မနက်ဖြန်ညမှာ ယှဉ်ပြိုင်ကစားရမယ့် အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရလဒ်ဆိုးခဲ့မယ်ဆိုရင် အဲ့ဒီပွဲအပြီးမှာပဲ ဆိုးလ်ရှားထုတ်ပယ်ခံရဖွယ် ရှိနေပါတယ်။

ဝက်စ်ဟမ်းယူနိုက်တက်အသင်းဟာ လက်ရှိ ရီးရဲလ်မက်ဒရစ်အသင်းမှာ နေရာပျောက်ဆုံးလျက်ရှိနေတဲ့ ဆာဘီးယားတိုက်စစ်ကစားသမား လူကာဂျိုဗစ်ရဲ့ အခြေအနေတွေကို စောင့်ကြည့်လျက်ရှိနေပြီး လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။ ဂျိုဗစ်ကို အေစီမီလန်နဲ့ နာပိုလီအသင်းတို့ကလည်း စိတ်ဝင်စားနေလျက် ရှိနေကြပါတယ်။