ဒီနေ့ရဲ့ ဇွန်လ ၂၄ရက်နေ့ ညနေ၆နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပ စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဒဏ်ရာပြသာနာများစွာနဲ့ ရင်ဆိုင်နေရတဲ့ အာဆင်နယ်အသင်းအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုကတော့ အသင်းရဲ့ လူငယ်တိုက်စစ်ကစားသမားလေး ဂါဘရီရယ်မာတင်နယ်လီဟာ အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်အတွင်းမှာ ရရှိခဲ့တဲ့ ဒဏ်ရာပြသာနာကြောင့် ရက်သတ္တပတ်(၆)ပတ်ခန့်လောက် အနားယူရတော့မယ်လို့ သိရှိရပါတယ်။

အသက်လက်တီကိုမက်ဒရစ်အသင်းဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဂျာမန်ကွင်းလယ်ကစားသမား မာရီယိုဂေါ့ဇီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပါတယ်။ ဒါပေမယ့် ဂေါ့ဇီဟာ တစ်နှပ်လုပ်ခ မြင့်မားစွာရရှိနေတဲ့ ကစားသမားဖြစ်လို့ ကစားသမားရဲ့လစာ ညှိနှိုင်းရမှာ အတော်လေးကို ညှိနှိုင်းရဖွယ်ရှိနေပါတယ်။

ဘာစီလိုနာနည်းပြ ဆယ်တီယန်က မနေ့ညက ဘီလ်ဘာအိုနဲ့ပွဲအတွင်း ပွဲထွက်ကစားခွင့်ရခဲ့တဲ့ အသင်းရဲ့ကွင်းလယ်ကစားသမား အာသာမယ်လိုအနေနဲ့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတာဟာ မနေ့က ထွက်ပေါ်ခဲ့တဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ ကောလဟာလသတင်းတွေကြောင့်ဖြစ်နိုင်ပြီး အသင်းအတွက် ပိုမိုအာရုံစိုက်နိုင်ဖို့အတွက် သူနဲ့ဆွေးနွေးပြောဆိုသွားမှာလည်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

စပါးအသင်းရဲဲ့ အသင်းခေါင်းဆောင်တိုက်စစ်ကစားသမား ဟယ်ရီကိန်းက သူနဲ့ နည်းပြမော်ရင်ဟိုတို့ကြားမှာ အဆင်မပြေမှုတွေ ဘာမှရှိမနေပဲ မော်ရင်ဟိုရဲ့နည်းစနစ်အောက်မှာ ကစားနေရချိန်အတွင်း သူအလိုရှိတဲ့ ပုံစံအတိုင်း ကစားပေးနေရတာနဲ့ပတ်သက်လို့လည်း ဘာပြသာနာမှုမရှိဘူးလို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။