မန္ယူ တိုက္စစ္မႉးေဟာင္း ဘာဘာေတာ့ဗ္ကေတာ့ မန္ယူအသင္းရဲ႕ လက္တေလာ ျဖစ္စဥ္ကို ေျခတတ္ကစားသမား ဖာနန္ဒက္စ္ မေျပာနဲ႔ ကမာၻ႔ အေကာင္းဆုံး မက္ဆီ နဲ႔ ေရာ္နယ္ဒိုေတာင္ ေျဖရွင္းႏိုင္မွာ မဟုတ္ဘူးလို႔ ေျပာသြားပါတယ္။ မန္ယူအသင္းဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ (၂၄) ပြဲ ကစားၿပီးတဲ့ အခ်ိန္မွာ အဆင့္ (၁) ေနရာက လီဗာပူးလ္အသင္းနဲ႔ (၃၃) မွတ္အကြာ၊ အဆင့္ (၄) ေနရာက ခ်ဲလ္ဆီးအသင္းနဲ႔ (၆) မွတ္အကြာ အဆင့္ (၅) ေနရာမွာ ရပ္တည္ေနပါတယ္။

Photo Credit: Goal

မန္ယူအသင္းဟာ စပို႔တင္း ကြင္းလယ္ ၾကယ္ပြင့္ ဘ႐ူႏိုင္ ဖာနန္ဒက္စ္ကို ေခၚယူဖို႔ သဲႀကီးမဲႀကီး ႀကိဳးစားခဲ့ေပမဲ့လည္း ဖာနန္ဒက္စ္ရဲ႕ ေျပာင္းေ႐ြ႕ေၾကးကို ညႇိႏႈိင္းလို႔ မရခဲ့တာေၾကာင့္ ေဆြးေႏြးမႈ ပ်က္ျပယ္သြားခဲ့ၿပီ ျဖစ္တယ္လို႔ သိရပါတယ္။ ဘာဘာေတာ့ဗ္က မန္ယူကို ဖာနန္ဒက္စ္ ေရာက္လာရင္ေတာင္ ေမွာ္ဆရာ မဟုတ္တာေၾကာင့္ မန္ယူအသင္းအေနနဲ႔ ႏိုင္ပြဲ ခ်က္ခ်င္း မရႏိုင္သလို မက္ဆီ နဲ႔ ေရာ္နယ္ဒိုေတာင္ မန္ယူကို ေျပာင္းလဲႏိုင္မွာ မဟုတ္ဘူးလို႔ ေဝဖန္ခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Goal

ဘာဘာေတာ့ဗ္က “ကြၽန္ေတာ္ ဘ႐ူႏို ဖာနန္ဒက္စ္အေၾကာင္းကို ဆက္တိုက္ ဖတ္ေနရပါတယ္။ သူက ေမွာ္ဆရာမဟုတ္ဘူး။ လူေတြက သူ ေရာက္လာရင္ အသင္းက ႏိုင္ပြဲေတြ စရမယ္လို႔ တကယ္ ထင္ၾကတာလား။ သူလည္း လူတစ္ဦးပါ။ အလုပ္ျဖစ္မွာ မဟုတ္ဘူး။ ဒါက အဖြဲ႕လိုက္ ကစားရတဲ့ ၿပိဳင္ပြဲပါ။ လူတစ္ဦး ေရာက္လာၿပီး မန္ယူကို ေျပာင္းလဲပစ္ဖို႔ မေမွ်ာ္လင့္သင့္ပါဘူး။ မက္ဆီ ဒါမွမဟုတ္ ေရာ္နယ္ဒိုေတာင္ ေျပာင္းလဲႏိုင္မွာ မဟုတ္ပါဘူး”လို႔ ေျပာလိုက္ပါတယ္။

{Unicode}

မန်ယူ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ မန်ယူအသင်းရဲ့ လက်တလော ဖြစ်စဉ်ကို ခြေတတ်ကစားသမား ဖာနန်ဒက်စ် မပြောနဲ့ ကမ္ဘာ့ အကောင်းဆုံး မက်ဆီ နဲ့ ရော်နယ်ဒိုတောင် ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၄) ပွဲ ကစားပြီးတဲ့ အချိန်မှာ အဆင့် (၁) နေရာက လီဗာပူးလ်အသင်းနဲ့ (၃၃) မှတ်အကွာ၊ အဆင့် (၄) နေရာက ချဲလ်ဆီးအသင်းနဲ့ (၆) မှတ်အကွာ အဆင့် (၅) နေရာမှာ ရပ်တည်နေပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ စပို့တင်း ကွင်းလယ် ကြယ်ပွင့် ဘရူနိုင် ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ သဲကြီးမဲကြီး ကြိုးစားခဲ့ပေမဲ့လည်း ဖာနန်ဒက်စ်ရဲ့ ပြောင်းရွေ့ကြေးကို ညှိနှိုင်းလို့ မရခဲ့တာကြောင့် ဆွေးနွေးမှု ပျက်ပြယ်သွားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဘာဘာတော့ဗ်က မန်ယူကို ဖာနန်ဒက်စ် ရောက်လာရင်တောင် မှော်ဆရာ မဟုတ်တာကြောင့် မန်ယူအသင်းအနေနဲ့ နိုင်ပွဲ ချက်ချင်း မရနိုင်သလို မက်ဆီ နဲ့ ရော်နယ်ဒိုတောင် မန်ယူကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ဘာဘာတော့ဗ်က “ကျွန်တော် ဘရူနို ဖာနန်ဒက်စ်အကြောင်းကို ဆက်တိုက် ဖတ်နေရပါတယ်။ သူက မှော်ဆရာမဟုတ်ဘူး။ လူတွေက သူ ရောက်လာရင် အသင်းက နိုင်ပွဲတွေ စရမယ်လို့ တကယ် ထင်ကြတာလား။ သူလည်း လူတစ်ဦးပါ။ အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဒါက အဖွဲ့လိုက် ကစားရတဲ့ ပြိုင်ပွဲပါ။ လူတစ်ဦး ရောက်လာပြီး မန်ယူကို ပြောင်းလဲပစ်ဖို့ မမျှော်လင့်သင့်ပါဘူး။ မက်ဆီ ဒါမှမဟုတ် ရော်နယ်ဒိုတောင် ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး”လို့ ပြောလိုက်ပါတယ်။