MySport Myanmar

အသင်း ပရိသတ် ချစ်ချစ် မချစ်ချစ် ပီအက်စ်မှာပဲ ဆက်ရှိသွားမယ်လို့ နေမာ ဆို

ပီအက်စ်ဂျီအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ တိုက်စစ်မှူး နေမာက လက်ရှိမှာ အပြောင်းအရွှေ့ ကောလဟာလတွေ ထွက်ပေါ်နေပေမယ့်လည်း သူ ကိုယ်တိုင်ကတော့ ပီအက်စ်ဂျီမှာသာ ဆက်လက် ရှိနေသွားမှာ ဖြစ်ကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

 

Photo Credit : PSG Talk

ဘရာဇီးလ် စူပါစတား တိုက်စစ် ကစားသမား နေမာဟာ လတ်တလောမှာ လန်ဒန် အခြေစ်ိုက် ကလပ်အသင်းတွေဖြစ်သော အာဆင်နယ် ချယ်လ်ဆီးတို့နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လျက် ရှိနေပေမယ့်လည်း နေမာကတော့ ဒီနွေမှာ ဘယ်အသင်းကိုမှ မပြောင်းရွှေ့ပဲ ပီအက်စ်ဂျီမှာသာ ဆက်လက် ရှိနေမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ အသက် (၃၁)နှစ် နေမာဟာ ၂၀၁၇ခုနှစ်ကတည်းက ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းဆီကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို (၂၂၂)သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ ပီအက်စ်ဂျီအတွက် (၆)ရာသီ ဖြတ်သန်းထားပြီး (၁၇၃)ပွဲကစား (၁၁၈)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဒါပေမယ့် နေမာက ဒဏ်ရာ မကြာခဏ ရရှိနေတတ်သလို ပီအက်စ်ဂျီအသင်း ပရိသတ်တွေ ဝေဖန် လှောင်ပြောင်မှုကိုပါ အမြဲခံနေတတ်တဲ့ ကစားသမား ဖြစ်နေတာကြောင့် ဈေးကွက်ဖွင့်ချိန် ရောက်တိုင်းမှာ နေမာရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ကောလဟာလတွေက အမြဲလိုလို ထွက်ပေါ်နေတတ်ပါတယ်။ ဒီဈေးကွက်မှာဆိုရင်လည်း နေမာက ပရီးမီးယားလိဂ်က မန်ယူနိုက်တက် ချယ်လ်ဆီး အာဆင်နယ်တို့နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သလို သူ့အသင်းဟောင်း ဘာစီလိုနာနဲ့လည်း သတင်းသဲ့သဲ့ ထွက်ခဲ့ပေမယ့် နေမာကတော့င သူ့အနေနဲ့ ပီအက်စ်ဂျီ ပရိသတ်တွေရဲ့ ချစ်ခင်မှု မရရှိတာတောင်မှ အသင်းမှာပဲ ဆက်လက် ရှိသွားမယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ်။

နေမာက လက်ရှိမှာ ခြေချင်းဝတ် ဒဏ်ရာပြသာနာကနေ သက်သာနေပြီ ဖြစ်တာကြောင့် ပီအက်စ်ဂျီရဲ့ ရာသီကြို ခြေစမ်းပွဲ အစီအစဉ်တွေမှာ ပါဝင်လျက် ရှိနေပြီး အသင်းဟောင်း ဘာစီလိုနာမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြ အန်နရီကေးနဲ့ ပြန်လည် အလုပ်လုပ်ခွင့် ရရှိနေလို့ ပီအက်စ်ဂျီအသင်းတွင် နေမာတစ်ယောက် ပိုမို ပျော်ရွှင်နေတယ်လို့ သိရပါတယ်။

Exit mobile version