၄၄ႀကိမ္ေျမာက္အျဖစ္ တူရကီႏုိင္ငံ အစၥတန္ဘူလ္ၿမိဳ႕မွာ က်င္းပျပဳလုပ္သြားမယ့္ ဥေရာပစူပါဖလားၿပိဳင္ပြဲကုိေတာ့ မနက္ျဖန္ မနက္အေစာပုိင္းမွာ စတင္ခံစားၾကည့္ရွုရေတာ့မွာျဖစ္ပါတယ္။ ၿပီးခဲ႔တဲ႔ႏွစ္ကတည္းက ခ်န္ပီယံလိဂ္မွာေရာ ယူရုိပါလိဂ္ရဲ႕ ဗုိလ္လုပြဲေတြမွာပါ ပရီးမီးယားလိဂ္ ကလပ္အသင္းေတြခ်ည္းပဲ အားၿပိဳင္ခဲ့ရတာျဖစ္လုိ႔ အခု စူပါဖလားပြဲစဥ္မွာကလည္း အဂၤလန္အသင္းေတြကပဲ ဗုိလ္လုၾကရမွာျဖစ္ပါတယ္။ ဒီတစ္ေခါက္ ဥေရာပစူပါဖလားၿပိဳင္ပြဲကုိ တတ္ေရာက္လာခဲ႔တာကေတာ့ ခ်န္ပီယံလိဂ္ခ်န္ပီယံ လီဗာပူးလ္အသင္းနဲ႔ ယူရုိပါလိဂ္ခ်န္ပီယံ ခ်ယ္လ္ဆီးအသင္းတုိ႔ပဲျဖစ္ပါတယ္။

Photo Credit : Getty Images

ပထမဆုံးအျဖစ္ လီဗာပူးလ္အသင္းအေၾကာင္းကုိ တင္ဆက္ေပးသြားခ်င္ပါတယ္။ လီဗာပူးလ္ကေတာ့ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ ေနာရစ္ခ်္စီးတီးအသင္းကုိ အခက္အခဲမရွိ အႏုိင္ယူခဲ႔ၿပီးေတာ့ ဂုိးသမားအယ္လီဆင္ ဒဏ္ရာသြားခဲ႔တာ အသင္းအတြက္ ထုိးႏွက္ခ်က္ျဖစ္ခဲ႔ပါတယ္။ ဆုိေတာ့ ဒီပြဲမွာ ဂုိးသမားအက္ဒရီယန္ ပြဲထြက္လာမွာျဖစ္ၿပီး တျခားေနရာေတြက အေျပာင္းအလဲမရွိႏုိင္ပဲ မာေနးလည္း ဒီပြဲမွာ ျပန္လည္ပြဲထြက္လာႏုိင္ပါလိမ့္မယ္။ ဒါေၾကာင့္ ဒီပြဲမွာေတာ့ ဆာလာ မာေနး ဖာမီႏုိ တုိက္စစ္အတြဲကုိ တဖန္ျပန္လည္ခံစားရေတာ့မွာပါ။ လက္ရွိအေနအထားအရ လီဗာပူးလ္က အေကာင္းဆုံး Form တစ္ခုမွာ ရပ္တည္လုိ႔ေနၿပီး အယ္လီဆင္ေနရာ အစားဝင္လာမယ့္ အက္ဒရီယန္ရဲ႕ လက္စြမ္းေတြကုိေတာ့ ဒီပြဲမွာ အေသအခ်ာ ေစာင့္ၾကည့္သြားရပါမယ္။

Photo Credit : Getty Images

ခ်ယ္လ္ဆီးကေတာ့ နည္းျပသစ္လမ္းပတ္ရဲ႕ ပြဲဦးထြက္မွာပဲ မန္ခ်က္စတာယူႏုိက္တက္ကုိ ၄ဂုိးျပတ္နဲ႔ အေရးနိမ့္ခဲ့ၿပီး တာထြက္မလွျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ခ်ယ္လ္ဆီးက ဒီပြဲမွာ တစ္သင္းလုံး ညံေနတာမဟုတ္ပဲ ပထမပုိင္းအတြင္း တုိက္စစ္ဖိအားေပးမႈေတြက အေတာ္ေလး ေၾကာက္စရာေကာင္းခဲ႔ပါတယ္။ ဒါေပမယ့္ ခံစစ္ပုိင္းမွာ အမွားအယြင္းမ်ားေနတာေၾကာင့္ ဒီပြဲမွာ ခံစစ္ကုိ ျပင္ဆင္လာသင့္ပါတယ္။ ေနာက္ၿပီး ကန္တီႀကံခုိင္မႈ ျပန္လည္ျပည့္ဝေနမယ္ဆုိ ကြင္းလယ္မွာ ကန္တီပါဝင္လာသင့္ၿပီး ေမဆင္ေမာင့္ကုိ ထည့္သြင္းလာမွာျဖစ္လုိ႔ ၄-၂-၃-၁ ပုံစံကုိသာ ဆက္လက္သုံးလာႏုိင္ပါတယ္။ ဒီပြဲမွာ ရူဒီဂါသာ ျပန္လည္ပါဝင္လာႏုိင္မယ္ဆုိရင္ ခ်ယ္လ္ဆီးခံစစ္အတြက္ စိတ္အားတတ္စရာ ျဖစ္လာႏုိင္ပါတယ္။ ေနာက္ၿပီး ဒီပြဲမွာ ပူလီဆစ္ကုိ ပြဲထြက္ကစားသမားအျဖစ္ ထည့္သြင္းအသုံးျပဳလာႏုိင္ပါတယ္။

Photo Credit : BT Sports

လီဗာပူးလ္ေရာ ခ်ယ္လ္ဆီးေရာက ဥေရာပစူပါဖလားေအာင္ျမင္မႈနဲ႔ အလွမ္းေဝးေနတာ အရမ္းၾကာခဲ႔ၿပီျဖစ္ၿပီး လီဗာပူးလ္က ၂၀၀၅ခုႏွစ္မွာ ေနာက္ဆုံးအႀကိမ္ ရရွိခဲ႔တာျဖစ္သလုိ ခ်ယ္လ္ဆီးဆုိရင္ ၁၉၉၈ခုႏွစ္တုန္းက ေနာက္ဆုံးရခဲ႔တာျဖစ္ပါတယ္။ ဒီလုိႏွစ္ေပါင္းမ်ားစြာ ကြာေဝးေနတဲ႔ ဥေရာပစူပါဖလားေအာင္ျမင္မႈကုိ ဘယ္အသင္းက အဆုံးသတ္ပစ္ႏုိင္မလဲဆုိတာ အရမ္းစိတ္ဝင္စားဖုိ႔ေကာင္းေနပါတယ္။ လက္ရွိအေနအထားအရ လီဗာပူးလ္က အသာရေနတယ္လုိ႔ဆုိႏုိင္ေပမယ့္လည္း ခ်ယ္လ္ဆီးကလည္း ဒီရာသီမွာ သူတုိ႔အတြက္ ျဖစ္ႏုိင္ေျခအရွိဆုံးေသာ ဖလားပြဲျဖစ္လုိ႔ အင္တုိက္အားတုိက္ ကစားသြားမွာပါ။ ဒါေပမယ့္ ဖလားၿပိဳင္ပြဲေတြနဲ႔ ပုိၿပီးယွဥ္ပါးလုိ႔ေနတဲ႔ ယာဂင္ကေလာ့က သူရဲ႕ နည္းျပသက္တမ္း ႏုနယ္ေနတဲ႔ လမ္းပတ္ကုိ အေကာင္းဆုံးေက်ာ္ျဖတ္ႏုိင္မွာပါ။ လီဗာပူးလ္ဖလားပါပဲခင္ဗ်ာ။

(Unicode)

၄၄ကြိမ်မြောက်အဖြစ် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ကျင်းပပြုလုပ်သွားမယ့် ဥရောပစူပါဖလားပြိုင်ပွဲကိုတော့ မနက်ဖြန် မနက်အစောပိုင်းမှာ စတင်ခံစားကြည့်ရှုရတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတည်းက ချန်ပီယံလိဂ်မှာရော ယူရိုပါလိဂ်ရဲ့ ဗိုလ်လုပွဲတွေမှာပါ ပရီးမီးယားလိဂ် ကလပ်အသင်းတွေချည်းပဲ အားပြိုင်ခဲ့ရတာဖြစ်လို့ အခု စူပါဖလားပွဲစဉ်မှာကလည်း အင်္ဂလန်အသင်းတွေကပဲ ဗိုလ်လုကြရမှာဖြစ်ပါတယ်။ ဒီတစ်ခေါက် ဥရောပစူပါဖလားပြိုင်ပွဲကို တတ်ရောက်လာခဲ့တာကတော့ ချန်ပီယံလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းတို့ပဲဖြစ်ပါတယ်။

Photo Credit : Getty Images

ပထမဆုံးအဖြစ် လီဗာပူးလ်အသင်းအကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်။ လီဗာပူးလ်ကတော့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ နောရစ်ချ်စီးတီးအသင်းကို အခက်အခဲမရှိ အနိုင်ယူခဲ့ပြီးတော့ ဂိုးသမားအယ်လီဆင် ဒဏ်ရာသွားခဲ့တာ အသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။ ဆိုတော့ ဒီပွဲမှာ ဂိုးသမားအက်ဒရီယန် ပွဲထွက်လာမှာဖြစ်ပြီး တခြားနေရာတွေက အပြောင်းအလဲမရှိနိုင်ပဲ မာနေးလည်း ဒီပွဲမှာ ပြန်လည်ပွဲထွက်လာနိုင်ပါလိမ့်မယ်။ ဒါကြောင့် ဒီပွဲမှာတော့ ဆာလာ မာနေး ဖာမီနို တိုက်စစ်အတွဲကို တဖန်ပြန်လည်ခံစားရတော့မှာပါ။ လက်ရှိအနေအထားအရ လီဗာပူးလ်က အကောင်းဆုံး Form တစ်ခုမှာ ရပ်တည်လို့နေပြီး အယ်လီဆင်နေရာ အစားဝင်လာမယ့် အက်ဒရီယန်ရဲ့ လက်စွမ်းတွေကိုတော့ ဒီပွဲမှာ အသေအချာ စောင့်ကြည့်သွားရပါမယ်။

Photo Credit : Getty Images

ချယ်လ်ဆီးကတော့ နည်းပြသစ်လမ်းပတ်ရဲ့ ပွဲဦးထွက်မှာပဲ မန်ချက်စတာယူနိုက်တက်ကို ၄ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး တာထွက်မလှဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးက ဒီပွဲမှာ တစ်သင်းလုံး ညံနေတာမဟုတ်ပဲ ပထမပိုင်းအတွင်း တိုက်စစ်ဖိအားပေးမှုတွေက အတော်လေး ကြောက်စရာကောင်းခဲ့ပါတယ်။ ဒါပေမယ့် ခံစစ်ပိုင်းမှာ အမှားအယွင်းများနေတာကြောင့် ဒီပွဲမှာ ခံစစ်ကို ပြင်ဆင်လာသင့်ပါတယ်။ နောက်ပြီး ကန်တီကြံခိုင်မှု ပြန်လည်ပြည့်ဝနေမယ်ဆို ကွင်းလယ်မှာ ကန်တီပါဝင်လာသင့်ပြီး မေဆင်မောင့်ကို ထည့်သွင်းလာမှာဖြစ်လို့ ၄-၂-၃-၁ ပုံစံကိုသာ ဆက်လက်သုံးလာနိုင်ပါတယ်။ ဒီပွဲမှာ ရူဒီဂါသာ ပြန်လည်ပါဝင်လာနိုင်မယ်ဆိုရင် ချယ်လ်ဆီးခံစစ်အတွက် စိတ်အားတတ်စရာ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ဒီပွဲမှာ ပူလီဆစ်ကို ပွဲထွက်ကစားသမားအဖြစ် ထည့်သွင်းအသုံးပြုလာနိုင်ပါတယ်။

Photo Credit : BT Sports

လီဗာပူးလ်ရော ချယ်လ်ဆီးရောက ဥရောပစူပါဖလားအောင်မြင်မှုနဲ့ အလှမ်းဝေးနေတာ အရမ်းကြာခဲ့ပြီဖြစ်ပြီး လီဗာပူးလ်က ၂၀၀၅ခုနှစ်မှာ နောက်ဆုံးအကြိမ် ရရှိခဲ့တာဖြစ်သလို ချယ်လ်ဆီးဆိုရင် ၁၉၉၈ခုနှစ်တုန်းက နောက်ဆုံးရခဲ့တာဖြစ်ပါတယ်။ ဒီလိုနှစ်ပေါင်းများစွာ ကွာဝေးနေတဲ့ ဥရောပစူပါဖလားအောင်မြင်မှုကို ဘယ်အသင်းက အဆုံးသတ်ပစ်နိုင်မလဲဆိုတာ အရမ်းစိတ်ဝင်စားဖို့ကောင်းနေပါတယ်။ လက်ရှိအနေအထားအရ လီဗာပူးလ်က အသာရနေတယ်လို့ဆိုနိုင်ပေမယ့်လည်း ချယ်လ်ဆီးကလည်း ဒီရာသီမှာ သူတို့အတွက် ဖြစ်နိုင်ခြေအရှိဆုံးသော ဖလားပွဲဖြစ်လို့ အင်တိုက်အားတိုက် ကစားသွားမှာပါ။ ဒါပေမယ့် ဖလားပြိုင်ပွဲတွေနဲ့ ပိုပြီးယှဉ်ပါးလို့နေတဲ့ ယာဂင်ကလော့က သူရဲ့ နည်းပြသက်တမ်း နုနယ်နေတဲ့ လမ်းပတ်ကို အကောင်းဆုံးကျော်ဖြတ်နိုင်မှာပါ။ လီဗာပူးလ်ဖလားပါပဲခင်ဗျာ။