ဘောလုံးသုံးသပ်ချက် ဗီဒီယိုတွေ မုန့်ဟင်းခါးကျွေးတဲ့ အစီအစဉ်တွေကို ရိုိက်ကူးတင်ဆက်ခဲ့တဲ့ အာလုံးရဲ့အချစ်တော် ကိုဒေ့ဗ်က MySport ကနေ ထွက်ခွာသွားပြီဆိုတာကို ချက်ချင်းမထုတ်ပြန်ခဲ့တာ ကျွန်တော်တို့ကိုယ်တိုင် စိတ်ထဲမကောင်းတာကြောင့်ပါ။ Viewers အများစုက ကိုဒေ့ဗ်ကြောင့် ကျွန်တော်တို့ Page ကို ပိုသိလာကြတာဖြစ်သလို သူက ဒီ Page အတွက်ကိုလည်း အများကြီး လုပ်ဆောင်ပေးခဲ့တာမို့ ဒီနေရာကနေပဲ သူ့ကို အထူးကျေးဇူးတင်ကြောင်း ပြောကြားချင်ပါတယ်ခင်ဗျာ။ ဒါဆို ကျွန်တော်ရဲ့ အစီအစဉ်လေးကို ဆက်သွားချင်ပါတယ်။

Bro Dave ရဲ့ Video တွေကို ပရိသတ်တွေ ပိုသဘောကျလိိမ့်မယ်ဆိုတာ ကျွန်တော်တို့ အသိဆုံးပါ။ ဒါပေမယ့် သူ အလုပ်နဲ့ လက်တွဲဖြုတ်လိုက်ချိန်မှာတော့ ကျွန်တော်တို့အနေနဲ့ ဘောလုံးပွဲတွေအပေါ် ကိုယ်စွမ်းညဏ်စွမ်းရှိသလောက်လေး သုံးသပ်မှု(ဆောင်းပါးနဲ့)တွေကို ဆက်လက်လုပ်ဆောင်ပေးသွားချင်ပါတယ်။ ဒီညတော့ ဘောပွဲပရိသတ်တွေ စောင့်မျှော်နေတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေ စတင်ကျင်းပပါပြီ။ ပွဲအားလုံးကတော့ စိတ်ဝင်စားစရာကောင်းတဲ့ ပွဲစဉ်တွေချည်းပဲဆိုပေမယ့် ကျွန်တော်ကတော့ ပရိသတ်တွေ ပိုသဘောကျလောက်မယ့် ပွဲစဉ်တွေကိုပဲ ရွေးချယ်ပြီး သုံးသပ်ပေးသွားချင်ပါတယ်ခင်ဗျာ။

ယန်းဘွိုင်းစ် နဲ့ မန်ချက်စတာယူနိုက်တက် (ည၁၁နာရီ၁၅မိနစ်)

ဆွစ်ကလပ် ယန်းဘွိုင်းစ်က ချန်ပီယံလိဂ် ခြေစစ်ပွဲကနေ ဝင်ကစားခဲ့ရတာဖြစ်ပြီး ရလဒ်တွေ ကောင်းခဲ့တယ်ဆိုပေမယ့် ခံစစ်ပိုင်းက ဂိုးတွေပေးထားရတာက သတိထားစရာပါ။ ယူနိုက်တက်ဘက်ကတော့ ကစားသမားအပြောင်းအလဲ အနည်းငယ်လောက် လုပ်လာနိုင်ပေမယ့် ချန်ပီယံလိဂ်တာထွက်ကောင်းအောင်တော့ စွမ်းဆောင်မှာပါ။ ယူနိုက်တက်ပဲ သေချာပေါက် နိုင်ပါမယ်။

ဘာစီလိုနာ နဲ့ ဘိုင်ယန်မြူးနစ် (မနက်၁နာရီခွဲ)

၂၀၂ဝတုန်းက ဘိုင်ယန်ကို (၂)ဂိုး(၈)ဂိုးဆိုတဲ့ ရလဒ်မျိုးကြီးနဲ့ အရေးနိမ့်ထားတဲ့အပေါ် ဒီတစ်ကြိမ် ဘာစီတို့ ဘယ်လိုတုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ နောက်ပြီး မက်ဆီမရှိတော့တဲ့ ဘာစီလိုနာက ဥရောပမှာပါ ဘယ်လောက်အထိ ခရီးဆက်နိုင်မလဲဆိုတာလည်း စောင့်ကြည့်ချင်စရာပါ။ ဘိုင်ယန်ကတော့ နာဂယ်စ်မန်းနဲ့ အထိုင်ကျလာခဲ့လို့ ပုံစံကောင်း ပြနေနိုင်သလို လီဝန်ဒေါစကီးကလည်း ဂိုးမြူးလို့နေပါတယ်။ (၂)သင်းပေါင်း သွင်းဂိုးများလောက်ပြီး ဧည့်သည်ဘိုင်ယန်ကို ပိုသဘောကျမိပါတယ်။

ချယ်လ်ဆီး နဲ့ ဇင်းနစ် (မနက်၁နာရီခွဲ)

ချန်ပီယံလိဂ်ရဲ့ လက်ရှိချန်ပီယံကတော့ ဒီရာသီ ချန်ပီယံလိဂ်တာထွက်မှာ ဥရောပမှာ တစ်ခါမှ ထိပ်တိုက်မဆုံဖူးသေးတဲ့ ဇင်းနစ်နဲ့ တွေ့ဆုံရမှာပါ။ ချယ်လ်ဆီးရဲ့ လက်ရှိ Form က အကောင်းဆုံး အနေအထားကို ရောက်နေတာဖြစ်သလို ဇင်းနစ်ရဲ့ အဝေးကွင်းရလဒ်တွေဟာလည်း အားရစရာ မကောင်းတာကြောင့် ချယ်လ်ဆီးတို့ပဲ စတမ်းဖိုဒ့်ဘရစ်ချ်မှာ အနိုင်ရယူဖို့ သေချာနေပါတယ်။

ဘက်ရှီးတက်စ် နဲ့ ဒေါ့မွန် (မနက်၁နာရီခွဲ)

ဒီပွဲမတိုင်ခင်မှာ လေဗာကူဆင်ကို မရမက အနိုင်ယူလိုက်တာက ဒေါ့မွန်အတွက် စိတ်အားတတ်ကြွစရာပါ။ ဒါပေမယ့် တူရကီမြေမှာ ဘက်ရှီးတက်စ်လို ကစားသမားကောင်းတွေ ခေါ်ယူအားဖြည့်ထားတဲ့ အသင်းမျိုးနဲ့ ရင်ဆိုင်ဖို့က မလွယ်ပါဘူး။ လက်ရှိမှာလည်း ဒေါ့မွန်မှာ ပါဝင်ခဲ့ဖူးတဲ့ ဘတ်ရှုအာယီက ဘက်ရှီးတက်စ်မှာ ဂိုးမြူးနေတာကြောင့် ခံစစ်ပိုင်း ပေးဂိုးမြင့်မားနေရတဲ့ ဒေါ့မွန်တို့ ဂိုးပေးရနိုင်ပြီး (၂)သင်းပေါင်းသွင်းဂိုး များနိုင်ပါတယ်။