ဒီနှစ်ဘောလုံးရာသီ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကတော့ အခုဆိုရင်ပဲ အုပ်စုနောက်ဆုံးပွဲစဉ်အထိကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နောက်တစ်ဆင့်ကို တတ်လှမ်းခွင့်ရထားတဲ့ ကလပ်အသင်း အရေအတွက် အများအပြား ထွက်ပေါ်ထားပေမယ့်လည်း လက်ကျန်အသင်းတွေရဲ့ နောက်တစ်ဆင့် တတ်လှမ်းရေး မျှော်လင့်ချက်တွေနဲ့ ယူရိုပါလိဂ်ကို ရောက်ရှိနိုင်သေးတဲ့ အဆင့်(၃)နေရာအတွက် တိုက်ပွဲတွေကတော့ ဆက်လက်အားကောင်းနေဦးမှာ သေချာပါတယ်။

ပီအက်စ်ဂျီ နဲ့ ကလပ်ဘရုဂေး (12:15AM)

ပီအက်စ်ဂျီကတော့ အုပ်စုဒုတိယနေရာနဲ့ နောက်တစ်ဆင့်ကို တတ်သွားရပါပြီ။ ဒါပေမယ့် ဘရုဂေးအသင်းအတွက်ကတော့ ယူရိုပါလိဂ် မျှော်လင့်ချက်က ရှိနေပါသေးတယ်။ လိုက်ပ်ဇစ်နဲ့ ဘရုဂေးတို့က (၄)မှတ်ချင်း တူနေတာဖြစ်လို့ အုပ်စုနောက်ဆုံးပွဲမှာ တစ်မှတ်လောက် အနည်းဆုံး ယူထားနိုင်ဖို့က မဖြစ်မနေ လိုပါလိမ့်မယ်။ ဒါပေမယ့် ပြင်သစ်မြေမှာတော့ ဘရုဂေးတို့ ပီအက်စ်ဂျီဆီကနေ အမြင့်ဆုံး သရေတစ်မှတ်သာ မျှော်လင့်နိုင်ပါလိမ့်မယ်။

လိုက်ပ်ဇစ် နဲ့ မန်စီးတီး (12:15AM)

မန်စီးတီးက အုပ်စုဗိုလ်နဲ့ နောက်တစ်ဆင့်ကို တတ်လှမ်းထားပါပြီ။ ဒါကြောင့် ချန်ပီယံလိဂ်ထက် ပရီးမီးယားလိဂ်ဘက်ကို ပိုအလေးပေးနိုင်ပါတယ်။ လိုက်ပ်ဇစ်ကလည်း ဘရုဂေးနဲ့အတူ ယူရိုပါလိဂ်ထိ မျှော်လင့်ခွင့် ရှိနေသေးလို Head-to-Head မှာလည်း ဘရုဂေးကို အသာရထားလို့ မန်စီးတီးကို သရေလောက် ကစားလိုက်တာနဲ့ လိုက်ပ်ဇစ်က ယူရိုပါလိဂ်ရောက်ဖို့ ဖြစ်နိုင်ခြေ များသွားပါလိမ့်မယ်။ လိုက်ပ်ဇစ်ကို ပိုကြိုက်မိပါတယ်။

အေစီမီလန် နဲ့ လီဗာပူးလ် (2:30AM)

အုပ်စု(B)မှာ လီဗာပူးလ်တစ်သင်းတည်းကပဲ ရာနှုန်းပြည့်နိုင်ပွဲတွေ ရယူထားပြီး ကျန်တဲ့ ပေါ်တို မီလန် အသက်လက်တီကိုတို့ (၃)သင်းလုံးမှာ နောက်တစ်ဆင့်တတ်ရေး မျှော်လင့်ချက်ကိုယ်စီ ရှိနေပါတယ်။ အခု ကစားရမှာက မီလန်မှာ ဖြစ်နေတာကြောင့် မီလန်အတွက် မျှော်လင့်ချက် ရှိနေသလို လီဗာပူးလ်ကလည်း ဒီပွဲကို အရန်တွေနဲ့ ပွဲထွက်လာနိုင်တာကြောင့် မီလန်တို့ ရလဒ်ကောင်းနိုင်ခြေ ရှိတယ်လို့ ဆိုရပေမယ့် လီဗာပူးလ်ရဲ့ ကစားအားကို လျှော့တွက်လို့ မရနိုင်ပါဘူး။ သရေလောက်နဲ့သာ ပြီးဆုံးသွားနိုင်ပါတယ်။

ပေါ်တို နဲ့ အသက်လက်တီကို (2:30AM)

အသက်လက်တီကိုကတော့ ဒီပွဲကို နိုင်ခဲ့မယ်ဆိုရင်တောင် မီလန်ကပါ လီဗာပူးလ်ကို နိုင်ခဲ့မယ်ဆိုရင် Head-to-Head ရလဒ်အရ အသက်လက်တီကိုက ယူရိုပါလိဂ်ကိုသာ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ဒီပွဲကလည်း ပေါ်တူဂီမြေမှာ ကစားရမှာ ဖြစ်တဲ့အတွက်ကြောင့်လည်း ဒီရာသီအတွင်း ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေရတဲ့ အသက်လက်တီကိုအတွက် ခက်ခဲနိုင်ပါလိမ့်မယ်။ အိမ်ရှင်ပေါ်တိုအနေနဲ့ အနိမ့်ဆုံး သရေလောက်အထိ ကစားနိုင်ပါလိမ့်မယ်။

ရီးယဲလ်မက်ဒရစ် နဲ့ အင်တာမီလန် (2:30AM)

နောက်တစ်ဆင့်ကို တတ်ထားပြီးသား အသင်းနှစ်သင်းရဲ့ အုပ်စုဗိုလ်နေရာအတွက် အားပြိုင်မှုမှာ သရေကျလိုက်ရုံနဲ့တင် ရီးယဲလ်က အုပ်စုဗိုလ်နေရာကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ အသင်းနှစ်သင်းကလည်း လတ်တလော ရလဒ်ကောင်းတွေ ပိုင်ဆိုင်နေတာ ပိုင်ဆိုင်နေတာခြင်းလည်း တူနေကြပါတယ်။ ဒါပေမယ့် ဒီပွဲပြီးရင် ရီးယဲလ်က အသက်လက်တီကိုနဲ့ မက်ဒရစ်ဒါဘီပွဲကျပ်ကို ဆက်လက်ရင်ဆိုင်ရမှာဖြစ်လို့ ကစားသမားအင်အား ချွေတာလာနိုင်ပါတယ်။ ရီးယဲလ်ဆီကနေ အင်တာတို့ အမှတ်ရယူနိုင်ခြေ ရှိနေပါတယ်။