ဒီနေ့ ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာတော့ ဥရောပရဲ့အဆင့်မြင့်ဘောလုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ ယူအီးအက်အေ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့် ရှုံးထွက်အဆင့်ပွဲစဉ်များကို မဲခွဲဆုံးဖြတ်ချက်ချမယ့် အစီအစဉ်ကို ဆွတ်ဇာလန်နိုင်ငံမှာ (မြန်မာစံတော်ချိန် ၆နာရီခွဲအတွင်း) ကျင်းပပြုလုပ်ခဲ့ပါတယ်။

Photo Credit : Eurosport

ယူရိုပါလိဂ် (၁၆)သင်းအဆင့်ဆီကို မန်ချက်စတာယူနိုက် အင်တာမီလန် ဝုလ်ဗ် ရိုးမား ရိန်းဂျား အိုလံပီယာကော့စ် လေဗာကူဆင် ဘေဆယ် ဘာရှက်ဆီဟီ LASK ဝုလ်ဖ်ဘတ် ကိုပင်ဟေဂင် ဆီဗီလာ ရှက်တာဒိုးနက်အသင်းတို့ တတ်ရောက်လာခဲ့ပြီး ဆာလ်ဇ်ဘာ့ဂ်နဲ့ ဖရန့်ဖတ်အသင်းတို့ကတော့ မနေ့က ပွဲရွှေ့ဆိုင်းခဲ့ရလို့ ဒီနေ့ညမှာ ပြန်ကန်ရဦးမှာဖြစ်ပါတယ်။ မဲခွဲမှုရလဒ်တွေအရ နာမည်ကြီးယူနိုက်တက်အသင်းက သြစတြီးယားအသင်း LASK အသင်းနဲ့ တွေ့ဆုံနေခဲ့ပြီး ဝုလ်ဗ်ကတော့ အာဆင်နယ်ကို ဖြုတ်ချခဲ့တဲ့ အိုလံပီယာကော့စ်နဲ့ ဆုံတွေ့နေပါတယ်။ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ အင်တာမီလန်အသင်းကတော့ ဂီတာဖေးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ကာ ရိုးမားနဲ့ဆီဗီလာတို့ကလည်း ထိပ်တိုက်တွေ့ဆုံလို့နေပါတယ်။

မဲခွဲရလဒ်အပြည့်အစုံ
ဘာရှက်ဆီဟီ နဲ့ ကိုပင်ဟေဂင်
အိုလံပီယာကော့စ် နဲ့ ဝုလ်ဗ်
ရိန်းဂျား ေလေဗာကူဆင်
ဝုလ်ဖ်ဘတ် နဲ့ ရှက်တာဒိုးနက်
အင်တာမီလန် နဲ့ ဂီတာဖေး
ဆီဗီလာ နဲ့ ရိုးမား
ဖရန့်ဖတ်(သို့) နဲ့ ဆာလ်ဇ်ဘာ့ဂ် နဲ့ ဘေဆယ်
LASK နဲ့ မန်ချက်စတာယူနိုက်တ်