ယူရိုပါလိဂ်ကတော့ ကိုရိုနာဂယက်ကြောင့် ဒီတစ်ပတ်မှာ ကစားရမယ့် ပွဲစဉ်(၈)ပွဲမှာ (၆)ပွဲကိုသာ ကျင်းပနိုင်တော့မှာဖြစ်ကာ အင်တာမီလန်အသင်းနဲ့ ဂီတာဖေအသင်းတို့ပွဲ ဆီဗီလာအသင်းနဲ့ ရိုးမားအသင်းတို့ရဲ့ပွဲတွေကိုတော့ ဘယ်လိုမှမကျင်းပနိုင်တော့တာကြောင့် ရွေ့ဆိုင်းလိုက်ရပါတယ်။ ဒါပေမယ့် လက်ကျန်ပွဲတွေကလည်း စိတ်ဝင်စားစရာကောင်းနေတဲ့ ပွဲတွေဖြစ်နေတာကြောင့်မို့ ဒီပွဲတွေကထဲကမှ ပရိသတ်တွေအတွက် စိတ်ကြိုက်ဖြစ်စေနိုင်မယ့် ပွဲတွေအကြောင်းတွေကိုပဲ ရွေးချယ်ဖော်ပြလို့ သွားချင်ပါတယ်ခင်ဗျာ။

LASK နဲ့ မန်ချက်စတာယူနိုက်တက် (ည၁၂နာရီခွဲ)
ဒီနှစ်ဘောလုံးရာသီမှာမှ ယူရိုပါလိဂ် (၁၆)သင်းအဆင့်ထိ ပထမဆုံးအကြိမ် တတ်လှမ်းလာခဲ့တဲ့ LASK ဟာ လုံးဝကို လျှော့မတွက်သင့်တဲ့ အသင်းတစ်သင်းပါ။ အုပ်စုအဆင့်တုန်းက အုပ်စုဗိုလ်ဖြစ်ခဲ့တဲ့ LASK ဟာ (၃၂)သင်းအဆင့်မှာလည်း နာမည်ကျော်နယ်သာလန်ကလပ် အယ်ခမာကို ဖြတ်သန်းထားနိုင်ခဲ့တာကြောင့် အခုဒီညပွဲမှာလည်း ယူနိုက်တကကို အခက်တွေ့အောင် ကစားနိုင်မှာတော့ သေချာပါတယ်။ ယူနိုက်တက်ကလည်း တိုက်စစ်မှာ မာစီယဲလ်တောင် မပါဝင်ပဲ LASK ကို ရင်ဆိုင်သွားမှာဖြစ်လို့ ဒီပွဲမှာ မရှံးနိုင်လောက်အောင်ပဲ ဦးစားပေးကစားသွားနိုင်ပါတယ်။ ယူနိုက်တက်အတွက် သရေရလဒ်က ဖြစ်နိုင်ခြေအရှိဆုံးပါ။

အိုလံပီယာကော့စ် နဲ့ ဝုလ်ဗ် (မနက်၂နာရီခွဲ)
ဂရိကလပ် အိုလံပီယာကော့စ်အသင်းက အိမ်ကွင်းမှာဆိုရင် အတော်လေးကို ကစားရခက်တဲ့အသင်းဖြစ်တဲ့အပြင် ဘိုင်ယန်မြူးနစ် အာဆင်နယ်အသင်းတို့ကိုတောင် ကပ်ပြီးသာအရေးနိမ့်ခဲ့တာဖြစ်ပါတယ််။ ဒီလို စွမ်းဆောင်ရည်တွေရှိလို့နေတဲ့ အိုလံပီယာကော့စ်အသင်းကို အဝေးကွင်းမှာ အနိုင်ယူဖို့ဆိုတာ ဝုလ်ဗ်အတွက် မလွယ်ကူနိုင်ပါဘူး။ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကိုတောင် မျှော်လင့်ထားနိုင်တဲ့ ဝုလ်ဗ်အတွက်ကလည်း ဘယ်ပြိုင်ပွဲကို အာရုံစိုက်မလဲဆိုတာ တွေဝေလာစေနိုင်လို့ ဒီပွဲက ဝုလ်ဗ်အတွက် အမြင့်ဆုံးသရေပါ။

ရိန်းဂျား နဲ့ လေဗာကူဆင် (မနက်၂နာရီခွဲ)
အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ဗော်လန် ဒူးဒဏ်ရာရနေတာက လေဗာကူဆင်အတွက် အကျပ်ရိုက်စေနိုင်ပါတယ်။ စကော့တလန်ထိပ်သီးကလပ် ရိန်းဂျားမှာလည်း သူတို့အသင်းထက် အင်အားပိုတောင့်တင်းတဲ့ အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်လို့ သေချာပြင်ဆင်လာပါလိမ့်မယ်။ ဒါပေမယ့် ရိန်းဂျားအသင်းက အိမ်ကွင်းမှာဆိုရင်တော့ နိုင်ပွဲတွေကို ရယူတတ်တဲ့အသင်းဖြစ်တာကြောင့် ဒီပွဲမှာလည်း ရလဒ်မဆိုးလောက်ဘူးလို့ ထင်မိပါတယ်။ သရေနဲ့အဆုံးမယ်လို့ ယူဆပါတယ်။
အခြားပွဲတွေအတွက် ခန့်မှန်းချက်
ဘက်ရှီးယား နဲ့ ကိုပင်ဟေဂင် (ဘက်ရှီးယား)
ဖရန့်ဖတ် နဲ့ ဘေဆယ် (ဖရန့်ဖတ်)
ဝုလ်ဗ်ဘတ် နဲ့ ရှက်တာဒိုးနက် (သရေ)