လာမယ့္ႏွစ္ ၂၀၂၀ခုႏွစ္မွာ က်င္းပျပဳလုပ္သြားမယ့္ ယူရုိ-၂၀၂၀ၿပိဳင္ပြဲအတြက္ ေျခစစ္ပြဲေတြကုိ ဆင္ႏြဲလာခဲ႔ရာမွာ အခုဆုိရင္ ေျခစစ္ပြဲေတြအားလုံးက အဆုံးသတ္ေတာ့မယ့္ အခ်ိန္ကုိ ေရာက္ရွိေနၿပီးျဖစ္ၿပီး အသင္းေပါင္း၁၇သင္းအထိကုိ ေျခစစ္ပြဲေအာင္ျမင္ခဲ႔ရပါတယ္။ ဒီေန႔ညမွာလည္း ေနာက္ထပ္ယူရုိေျခစစ္ပြဲေတြကုိ ဆက္လက္ဆင္ႏြဲရဦးမွာျဖစ္တဲ႔အျပင္ ဒီညမွာကစားရမယ့္ ပြဲေတြထဲမွာလည္း ေျခစစ္ပြဲေအာင္ျမင္မယ့္ ေနာက္ထပ္၂ေနရာစာအတြက္ အေျဖရွာရဦးမယ့္ ပြဲေတြပါဝင္ေနတာေၾကာင့္ ေဘာလုံးဝါသနာရွင္ေတြအတြက္ စိတ္လႈပ္ရွားစရာေကာင္းေနမွာ ေသခ်ာပါတယ္။

Photo Credit : Getty Images

ဒီေန႔ညမွာေတာ့ ယူရုိ-၂၀၂၀ေျခစစ္ပြဲေတြအျဖစ္ အုပ္စု(D) အုပ္စု(F) နဲ႔ အုပ္စု(J) ပြဲစဥ္ေတြကုိ ဆင္ႏြဲသြားၾကမွာျဖစ္ၿပီး အုပ္စု(F)နဲ႔(J)တို႔မွာ ေျခစစ္ပြဲေအာင္ျမင္ထားတဲ႔ အသင္းေတြ ေပၚထြက္ထားခဲ့ၿပီျဖစ္တာေၾကာင့္ အုပ္စု(D)ကုိပဲ ေစာင့္ၾကည့္ရေတာ့မွာပဲျဖစ္ပါတယ္။ ဒီအုပ္စုမွာကေတာ့ ဒိန္းမတ္အသင္းက ရမွတ္၁၅မွတ္နဲ႔ ထိပ္ဆုံးမွာ ရပ္တည္ေနတာျဖစ္ၿပီး ဆြတ္ဇာလန္က ရမွတ္၁၄မွတ္နဲ႔ ဒုတိယေနရာ အုိင္ယာလန္အသင္းက ရမွတ္၁၂မွတ္နဲ႔ တတိယေနရာမွာရွိေနၾကၿပီး ေျခစစ္ပြဲေအာင္လက္မွတ္ကုိ အသင္းမွ မပုိင္ဆုိင္ထားရေသးလုိ႔ အုပ္စုေနာက္ဆုံးပြဲစဥ္အထိကုိ တုိက္ပြဲဝင္သြားရေတာ့မွာပဲျဖစ္ပါတယ္။

Photo Credit : Getty Images

အုပ္စု(D)ရဲ႕ေနာက္ဆုံးပြဲစဥ္ေတြက စိတ္ဝင္စားစရာေကာင္းပါတယ္။ တစ္ပြဲက ဂ်ီဘေရာ့တာနဲ႔ ဆြတ္ဇာလန္အသင္းတုိ႔ပြဲ အိုင္ယာလန္နဲ႔ ဒိန္းမတ္အသင္းတုိ႔ပြဲေတြပဲျဖစ္ပါတယ္။ ေဘာလုံးပရိသတ္ေတြနဲ႔ အရင္းႏွီးဆုံး ကစားသမားေတြ ႏွစ္ဖက္လုံးမွာ ပါဝင္လုိ႔ေနတဲ႔ အုိင္ယာလန္နဲ႔ ဒိန္းမတ္တုိ႔ပြဲကေတာ့ ရင္ခုန္စိတ္လႈပ္ရွားစရာအေကာင္းဆုံး ျဖစ္လာမွာပါ။ အုပ္စုဒုတိယေနရာမွာ ရပ္တည္လုိ႔ေနတဲ႔ ဆြတ္ဇာလန္က အုပ္စု(D) ရဲ႕အားအနည္းဆုံးအသင္းျဖစ္တဲ႔ ဂ်ီဘေရာ့တာနဲ႔ ဆုံေတြ႔ေနရတာက ယူရုိေျခစစ္ပြဲေအာင္ျမင္ဖုိ႔အတြက္ အလားအလာအေကာင္းဆုံး ျဖစ္လုိ႔ေနၿပီး အုိင္ယာလန္နဲ႔ဒိန္းမတ္ပြဲမွာက ဒိန္းမတ္ကြင္းမွာ သေရကစားထားခဲ႔လုိ႔ ဒီပြဲမွာ အုိင္ယာလန္ႏုိင္မယ္ဆုိရင္ Head-to-Head ရလဒ္နဲ႔ အုိင္ယာလန္တုိ႔ ေျခစစ္ပြဲ ေအာင္ျမင္မွာျဖစ္ၿပီး အုပ္စုဗုိလ္ဒိန္းမတ္အတြက္ကေတာ့ အနည္းဆုံး သေရတစ္မွတ္ေလာက္ ရွာေဖြႏုိင္ဖုိ႔ လုိအပ္ပါလိမ့္မယ္။ ဒီေတာ့ ဒီည ၂နာရီ၁၅မိနစ္အခ်ိန္မွာ အုပ္စု(D)ကေန ဘယ္အသင္းေတြ ေျခစစ္ပြဲေအာင္လက္မွတ္ကုိ ပုိင္ဆုိင္သြားမလဲဆုိတာ အေျဖရွာရပါလိမ့္မယ္။

(Unicode)

စိတ်ဝင်စားစရာအပြည့်နဲ့ ယူရို-၂၀၂၀ခြေစစ်ပွဲ အုပ်စု(D)ရဲ့ အဆုံးသတ်ပွဲစဉ်(၂)ပွဲ

လာမယ့်နှစ် ၂၀၂၀ခုနှစ်မှာ ကျင်းပပြုလုပ်သွားမယ့် ယူရို-၂၀၂၀ပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေကို ဆင်နွဲလာခဲ့ရာမှာ အခုဆိုရင် ခြေစစ်ပွဲတွေအားလုံးက အဆုံးသတ်တော့မယ့် အချိန်ကို ရောက်ရှိနေပြီးဖြစ်ပြီး အသင်းပေါင်း၁၇သင်းအထိကို ခြေစစ်ပွဲအောင်မြင်ခဲ့ရပါတယ်။ ဒီနေ့ညမှာလည်း နောက်ထပ်ယူရိုခြေစစ်ပွဲတွေကို ဆက်လက်ဆင်နွဲရဦးမှာဖြစ်တဲ့အပြင် ဒီညမှာကစားရမယ့် ပွဲတွေထဲမှာလည်း ခြေစစ်ပွဲအောင်မြင်မယ့် နောက်ထပ်၂နေရာစာအတွက် အဖြေရှာရဦးမယ့် ပွဲတွေပါဝင်နေတာကြောင့် ဘောလုံးဝါသနာရှင်တွေအတွက် စိတ်လှုပ်ရှားစရာကောင်းနေမှာ သေချာပါတယ်။

Photo Credit : Getty Images

ဒီနေ့ညမှာတော့ ယူရို-၂၀၂၀ခြေစစ်ပွဲတွေအဖြစ် အုပ်စု(D) အုပ်စု(F) နဲ့ အုပ်စု(J) ပွဲစဉ်တွေကို ဆင်နွဲသွားကြမှာဖြစ်ပြီး အုပ်စု(F)နဲ့(J)တို့မှာ ခြေစစ်ပွဲအောင်မြင်ထားတဲ့ အသင်းတွေ ပေါ်ထွက်ထားခဲ့ပြီဖြစ်တာကြောင့် အုပ်စု(D)ကိုပဲ စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။ ဒီအုပ်စုမှာကတော့ ဒိန်းမတ်အသင်းက ရမှတ်၁၅မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပြီး ဆွတ်ဇာလန်က ရမှတ်၁၄မှတ်နဲ့ ဒုတိယနေရာ အိုင်ယာလန်အသင်းက ရမှတ်၁၂မှတ်နဲ့ တတိယနေရာမှာရှိနေကြပြီး ခြေစစ်ပွဲအောင်လက်မှတ်ကို အသင်းမှ မပိုင်ဆိုင်ထားရသေးလို့ အုပ်စုနောက်ဆုံးပွဲစဉ်အထိကို တိုက်ပွဲဝင်သွားရတော့မှာပဲဖြစ်ပါတယ်။

Photo Credit : BBC

အုပ်စု(D)ရဲ့နောက်ဆုံးပွဲစဉ်တွေက စိတ်ဝင်စားစရာကောင်းပါတယ်။ တစ်ပွဲက ဂျီဘရော့တာနဲ့ ဆွတ်ဇာလန်အသင်းတို့ပွဲ အိုင်ယာလန်နဲ့ ဒိန်းမတ်အသင်းတို့ပွဲတွေပဲဖြစ်ပါတယ်။ ဘောလုံးပရိသတ်တွေနဲ့ အရင်းနှီးဆုံး ကစားသမားတွေ နှစ်ဖက်လုံးမှာ ပါဝင်လို့နေတဲ့ အိုင်ယာလန်နဲ့ ဒိန်းမတ်တို့ပွဲကတော့ ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံး ဖြစ်လာမှာပါ။ အုပ်စုဒုတိယနေရာမှာ ရပ်တည်လို့နေတဲ့ ဆွတ်ဇာလန်က အုပ်စု(D) ရဲ့အားအနည်းဆုံးအသင်းဖြစ်တဲ့ ဂျီဘရော့တာနဲ့ ဆုံတွေ့နေရတာက ယူရိုခြေစစ်ပွဲအောင်မြင်ဖို့အတွက် အလားအလာအကောင်းဆုံး ဖြစ်လို့နေပြီး အိုင်ယာလန်နဲ့ဒိန်းမတ်ပွဲမှာက ဒိန်းမတ်ကွင်းမှာ သရေကစားထားခဲ့လို့ ဒီပွဲမှာ အိုင်ယာလန်နိုင်မယ်ဆိုရင် Head-to-Head ရလဒ်နဲ့ အိုင်ယာလန်တို့ ခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပြီး အုပ်စုဗိုလ်ဒိန်းမတ်အတွက်ကတော့ အနည်းဆုံး သရေတစ်မှတ်လောက် ရှာဖွေနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒီတော့ ဒီည ၂နာရီ၁၅မိနစ်အချိန်မှာ အုပ်စု(D)ကနေ ဘယ်အသင်းတွေ ခြေစစ်ပွဲအောင်လက်မှတ်ကို ပိုင်ဆိုင်သွားမလဲဆိုတာ အဖြေရှာရပါလိမ့်မယ်။