မကြာခင်မှာ စတင်သွားတော့မယ့် ယူရို-၂၀၂ဝပြိုင်ပွဲကြီးမှာ ပါဝင်ဆင်နွဲကြမယ့် အသင်းတွေထဲကမှ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ဒုတိယနေရာကနေ ရေပန်းစားဆုံးဖြစ်နေတာက အင်္ဂလန်လက်ရွေးစင်အသင်းပါ။ မကြာသေးခင်ကပဲ အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲအတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ကစားသွားကြမယ့် အပြီးသတ်လူစာရင်းကို ထုတ်ပြန်ကြေညာလာခဲ့ပြီးနောက် ဒီလူစာရင်းနဲ့ပတ်သက်ပြီး ပြောနေဆိုနေကြတာတွေ ရှိလာခဲ့တာကြောင့် ဒီလူစာရင်းအပေါ် သုံးသပ်ကြည့်မိတာတွေကို ပြန်လည်ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Sportskeeda

ပထမဆုံး သတိထားမိတာကတော့ ညာနောက်ခံလူ (၄)ယောက်များတောင် ရွေးချယ်ထားခဲ့တာပါပဲ။ ထရစ်ပီယာ ဝေါ်ကာနဲ့ ရီးစ်ဂျိမ်းစ်တို့ကို ရွေးချယ်ထားခဲ့ရာကနေ အာနိုးကိုလည်း အပြီးသတ်စာရင်းထဲမှာပါ ထည့်သွင်းလာခဲ့တဲ့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်က မေးခွန်းထုတ်စရာကောင်းနေခဲ့ပြီး သူကိုယ်တိုင်ကလည်း Right-Back နေရာအတွက် (၅)ဦး(၆)ဦးလောက်ကို ထည့်သွင်းချင်တာလို့ ပြောသွားခဲ့ပါသေးတယ်။ RB (၄)ဦး ပါဝင်လာတာကြောင့် (၃)ယောက်တန်း ခံစစ်ပုံစံနဲ့ ပွဲထွက်လာနိုင်ပြီး ဝေါ်ကာနဲ့ ရီးစ်ဂျိမ်းစ်တို့ကတော့ (၃) ပါဝင်ကစားနိုင်ကြသူတွေဖြစ်ကာ ညာဘက် Wing-Back အခြမ်းမှာတော့ အာနိုးနဲ့ ရီးစ်ဂျိမ်းစ်တို့ ပါဝင်လာနိုင်ပါတယ်။

Photo Credit : Sportskeeda

ဆိုတော့ ယခင်ကလိုသာ (၄)ယာက်တန်းခံစစ်ကို အသုံးပြုမယ်ဆိုရင် ညာနောက်ခံလူ(၄)ယောက်ထဲက (၃)ယောက်က နေရာပျောက်သွားနိုင်ပါတယ်။ နောက်ပြီး သတိထားမိစေရတဲ့ အရာတစ်ခုက ကွင်းလယ်ပိုင်းမှာ နိုင်ငံတကာပွဲ အတွေ့အကြုံတွေ နည်းပါးနေသေးတဲ့ ကစားသမားတွေ များနေတယ်ဆိုတာပါပဲ။ ဟန်ဒါဆန်က အတွေ့အကြုံများတဲ့ ကွင်းလယ်လူဆိုပေမယ့် သူရဲ့ဒဏ်ရာအခြေအနေကလည်း မျှော်လင့်လို့မလွယ်တဲ့ အနေအထားဖြစ်တာကြောင့် မေဆင်မောင့် ဒစ်ကလန်ရိုက်စ် ဘယ်လင်ဟမ်နဲ့ ကယ်ဗင်ဖီးလစ်တို့လို နိုင်ငံတကာပွဲ အတွေ့အကြုံ နုနယ်နေသေးတဲ့ ကစားသမားတွေဆီကနေ အရမ်းကြီး မျှော်လင့်ထားဖို့က ခက်ခဲနိုင်ပါတယ်။ နောက်ပြီး နည်းပြဆောက်ဂိတ်က လတ်တလောမှာ Form ကောင်းနေတဲ့ ကစားသမားတွေဖြစ်တဲ့ ဂျက်ဆီလင်ဂတ်နဲ့ အိုလီဝက်ကင်စ်တို့ကို လူစာရင်းကနေ ချန်လှပ်ခဲ့တာကလည်း စဉ်းစားစရာ ဖြစ်နေခဲ့ရပါတယ်။ လင်ဂတ်ဆိုရင် ရာသီဝက်နောက်ပိုင်းမှာ တောက်လျှောက်ခြေစွမ်းပြထားနိုင်သလို တိုက်စစ်မှူးဝက်ကင်စ်ဟာလည်း ဗီလာတိုက်စစ်မှာ အခရာကျခဲ့သူပါ။ ဒီကစားသမား(၂)ဦးဟာလည်း အသင်းရဲ့ လူစာရင်းမှာ ပါဝင်လာဖို့ ထိုက်တန်ခဲ့တဲ့ သူတွေလို့ပဲ မြင်မိပါတယ်။ ဒါကတော့ အင်္ဂလန်အသင်းရဲ့လူစာရင်းနဲ့ပတ်သက်ပြီး ထင်မြင်ချက်တွေကို စုစည်းဖော်ပြထားခြင်းဖြစ်ပါတယ်။