စပိန္လာလီဂါရဲ့ အင္အားႀကီးအသင္းျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္အသင္းကေတာ့ လက္ရွိ ကမၻာ့အေကာင္းဆုံးလူငယ္တိုက္စစ္မွူးအျဖစ္ သတ္မွတ္ခံထားရတဲ့ အမ္ဘာေပကို ပီအက္စ္ဂ်ီကေနအသင္းထံေခၚယူဖို႔အတြက္ ခက္ခဲေနတဲ့အခ်ိန္မွာ အမ္ဘာေပဆိုတဲ့ နာမည္ပါတဲ့ အမ္ဘာေပရဲ့ညီကို ေခၚယူဖို႔အတြက္ ေစာင့္ၾကည့္ေနေၾကာင္း ဥေရာပသတင္းစာတခ်ိဳ႕က ေဖာ္ျပလိုက္ၾကပါတယ္။
Photo Credit: Standard.com
အသက္၁၃ႏွစ္အရြယ္သာရွိေသးတဲ့ အီသန္ အမ္ဘာေပဟာ ပီအက္စ္ဂ်ီၾကယ္ပြင့္ အမ္ဘာေပရဲ့ညီျဖစ္ၿပီး သူဟာ သူ႔ရဲ့အစ္ကိုျဖစ္သူလိုပဲ တိုက္စစ္မွူးေနရာမွာ ကစားသူပါ။ လက္ရွိမွာ အစ္ကိုျဖစ္သူ ကစားေနတဲ့ ပီအက္စ္ဂ်ီအသင္းရဲ့ လူငယ္အသင္းမွာ ကစားေနတဲ့ အီသန္ အမ္ဘာေပဟာ ဂိုးသြင္းေကာင္းတဲ့တိုက္စစ္မွူးျဖစ္ၿပီး သူ႔ရဲ့အစ္ကိုျဖစ္သူလို႔ ထြန္းေတာက္လာမယ့္ ၾကယ္ပြင့္လို႔လည္း တင္စားေျပာဆိုျခင္းကို ခံေနရသူလည္း ျဖစ္ပါတယ္။
Photo Credit: Standard.com
ျပင္သစ္သတင္းစာတခ်ိဳ႕ကေတာ့ ရီးရဲလ္မက္ဒရစ္အသင္းရဲ့ ကင္းေထာက္တခ်ိဳ႕ဟာ လူငယ္ ကစားသမားေတြအတြက္ ရည္ရြယ္ကာ က်င္းပတဲ့ International Champion Cup Future Tournment ၿပိဳင္ပြဲရဲ့ ဆီမီးဖိုင္နယ္အဆင့္မွာ ပီအက္စ္ဂ်ီအသင္းနဲ႔ ဗက္စကိုဒဂါးမားအသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့ၾကတဲ့ပြဲစဥ္ကို လာေရာက္ၾကည့္ရွုခဲ့ၿပီး အီသန္ အမ္ဘာေပရဲ့ ေျခစြမ္းကို လာေရာက္အကဲခတ္ခဲ့တယ္လို႔ ေဖာ္ျပထားခဲ့ပါတယ္။
စပိန်လာလီဂါရဲ့ အင်အားကြီးအသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကတော့ လက်ရှိ ကမ္ဘာ့အကောင်းဆုံးလူငယ်တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရတဲ့ အမ်ဘာပေကို ပီအက်စ်ဂျီကနေအသင်းထံခေါ်ယူဖို့အတွက် ခက်ခဲနေတဲ့အချိန်မှာ အမ်ဘာပေဆိုတဲ့ နာမည်ပါတဲ့ အမ်ဘာပေရဲ့ညီကို ခေါ်ယူဖို့အတွက် စောင့်ကြည့်နေကြောင်း ဥရောပသတင်းစာတချို့က ဖော်ပြလိုက်ကြပါတယ်။
Photo Credit: Standard.com
အသက်၁၃နှစ်အရွယ်သာရှိသေးတဲ့ အီသန် အမ်ဘာပေဟာ ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေရဲ့ညီဖြစ်ပြီး သူဟာ သူ့ရဲ့အစ်ကိုဖြစ်သူလိုပဲ တိုက်စစ်မှူးနေရာမှာ ကစားသူပါ။ လက်ရှိမှာ အစ်ကိုဖြစ်သူ ကစားနေတဲ့ ပီအက်စ်ဂျီအသင်းရဲ့ လူငယ်အသင်းမှာ ကစားနေတဲ့ အီသန် အမ်ဘာပေဟာ ဂိုးသွင်းကောင်းတဲ့တိုက်စစ်မှူးဖြစ်ပြီး သူ့ရဲ့အစ်ကိုဖြစ်သူလို့ ထွန်းတောက်လာမယ့် ကြယ်ပွင့်လို့လည်း တင်စားပြောဆိုခြင်းကို ခံနေရသူလည်း ဖြစ်ပါတယ်။
Photo Credit: Standard.com
ပြင်သစ်သတင်းစာတချို့ကတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကင်းထောက်တချို့ဟာ လူငယ် ကစားသမားတွေအတွက် ရည်ရွယ်ကာ ကျင်းပတဲ့ International Champion Cup Future Tournment ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်မှာ ပီအက်စ်ဂျီအသင်းနဲ့ ဗက်စကိုဒဂါးမားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့ပြီး အီသန် အမ်ဘာပေရဲ့ ခြေစွမ်းကို လာရောက်အကဲခတ်ခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။