ယူရိုပါလိဂ်ပြိုင်ပွဲကိုတော့ မနေ့ညကပဲ စတင်ကျင်းပခဲ့ရာ နာမည်ကျော် ကလပ်အသင်းကြီးတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အင်တာမီလန် ရှက်တာဒိုးနက်နဲ့အတူ ဒိန်းမတ်ထိပ်သီးကလပ် ကိုပင်ဟေဂင်တို့က နောက်တစ်ဆင့်ကို တတ်လှမ်းသွားခဲ့ပါတယ်။ ဒီညမှာလည်း လက်ကျန်(၄)နေရာအတွက် ဆက်လက်ကျင်းပမှာဖြစ်ပြီး တကယ့်ကို ပွဲကြီးပွဲကောင်းတွေလည်း ပါဝင်နေတာကြောင့် ဒီပွဲတွေရဲ့အကြောင်းကို သုံးသပ်တင်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ။

လေဗာကူဆင် နဲ့ ရိန်းဂျား (ည၁၁နာရီ၂၅မိနစ်)


ပထမအကျော့ စကော့တလန်မြေမှာကတည်းက ရိန်းဂျားကို ရလဒ်အသာနဲ့ အနိုင်ရထားတဲ့ လေဗာကူဆင်အတွက် အခု အိမ်ကွင်းမှာ ကစားရမယ့်ပွဲက သက်တောင့်သက်သာ ရှိစေမှာပါ။ ရိန်းဂျားကလည်း ဒီနောက်ပိုင်းကစားခဲ့တဲ့ အဝေးကွင်းပွဲတွေမှာ Clean Sheet နိုင်ပွဲယူထားတာဆိုပေမယ့် ခြေစမ်းပွဲတွေ ပါနေတာကိုလည်း သတိထားရပါမယ်။ လေဗာကူဆင်က ကွာတားတတ်ရင် အင်တာနဲ့ဆုံမှာဖြစ်လို့ ဒီပွဲကို ထိန်းကစားဖို့များမယ်လို့ပဲ ထင်မိပါတယ်။ သရေလောက်နဲ့ ပြီးသွားနိုင်တယ်။

ဆီဗီလာ နဲ့ ရိုးမား (ည၁၁နာရီ၂၅မိနစ်)

ကိုဗစ်ကြောင့် ပွဲရွှေ့ဆိုင်းခဲ့ရတဲ့ ဆီဗီလာနဲ့ရိုးမားတို့ပွဲကလည်း အင်တာနဲ့ဂီတာဖေးလိုပဲ တစ်ကျော့တည်းကစားရမှာဖြစ်ပြီး ဒီပွဲမှာရော စီးရီးအေကလပ်ကပဲ လာလီဂါကလပ်ကို ကျော်ဖြတ်နိုင်ဦးမလားဆိုတာ စဉ်းစားစရာပါပဲ။ ဆီဗီလာက ယူရိုပါလိဂ်နဲ့ လမိုင်းကပ်လှတဲ့ အသင်းဖြစ်ပေမယ့် လတ်တလောခြေစွမ်းပိုင်းမှာတော့ ရိုးမားက သာလွန်နေပါတယ်။ နာပိုလီကို ရှံးနိမ့်ပြီးနောက်ပိုင်းကတည်းက တောက်လျှောက်ရလဒ်တွေ ကောင်းမွန်ထားတဲ့ ရိုးမားကို ယူရိုပါလိဂ်ဆျာကြီး ဆီဗီလာတို့ ခက်ခက်ခဲခဲ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ သမ္ဘာက ပိုစကားပြောလိမ့်မယ် ထင်ပါတယ်။ ဆီဗီလာပဲ ကွာတားတတ်နိုင်ပါတယ်။

ဝုလ်ဗ် နဲ့ အိုလံပီယာကော့စ် (မနက်၁နာရီခွဲ)

ဂရိမြေမှာ ကစားခဲ့ရတဲ့ ပထမအကျော့မှာ သရေလောက်ရအောင် ကစားနိုင်ခဲ့တာက ဝုလ်ဗ်အတွက် အားသာချက်ဖြစ်သွားခဲ့ပါတယ်။ လာမယ့်ရာသီမှာ ဥရောပဝင်ခွင့် မရရှိနိုင်တော့တဲ့ ဝုလ်ဗ်အသင်းအတွက် ယူရိုပါလိဂ်ပြိုင်ပွဲကနေ ချန်ပီယံလိဂ်ဆီ ဝင်ရောက်နိုင်ဖို့ တွန်းအားတွေ ဖြစ်နေပါလိမ့်မယ်။ ဝုလ်ဗ်က အိမ်ကွင်းမှာဆိုရင် ရှံးပွဲက (၅)ပွဲလေးသာ ရှိထားခဲ့ပြီး ဒီရှံးပွဲတွေကလည်း သူတို့ထက် အင်အားတောင့်တင်းတဲ့ အသင်းတွေကို ရှံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာပွဲပယ်ကင်းစင်နေတဲ့ ဝုလ်ဗ်တို့ Molineux မှာ အိုလံပီယာကော့စ်ကို အနိုင်ရမှာပါ။

ဘေဆယ် နဲ့ ဖရန့်ဖတ် (မနက်၁နာရီခွဲ)

Frankfurt Main (Germany), 12/03/2020.- Frankfurt’s Mijat Gacinovic (C) in action against Basel’s Omar Alderete (R) during the UEFA Europa League round of 16, first leg, soccer match between Eintracht Frankfurt and FC Basel in Frankfurt Main, Germany, 12 March 2020. (Alemania, Basilea) EFE/EPA/ARMANDO BABANI

ပထမအကျော့ကတည်းက ဂျာမန်မြေကို ဖရန့်ဖတ်ကို (၃)ဂိုးပြတ် သွင်းယူထားခဲ့တာဖြစ်လို့ ဘေဆယ်တို့အတွက် ကွာတားတတ်ဖို့က အရမ်းကို နီးစပ်သွားခဲ့ပါပြီ။ အခုက ဆွတ်ဇာလန်မှာ ကစားရမယ့်ပွဲလည်းဖြစ်သလို နောက်ပိုင်းဒီထက်ပိုအရေးကြီးတဲ့ ပွဲတွေကို တောက်လျှောက်ကစားရဦးမှာဖြစ်လို့ လူအင်အားချွေတာလာနိုင်ပါတယ်။ ဘေဆယ်တို့ သရေလောက် ရယူနိုင်ပါတယ်။