ဒေါ့မွန်အသင်းရဲ့ ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်တဲ့ တိုက်စစ်မှူးအာလင်းဟာလန်းက ဒေါ့မွန်ကနေ သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်း တစ်သင်းသင်းဆီကို ပြောင်းရွှေ့ကစားဖြစ်ခဲ့မယ်ဆိုရင် သူရဲ့တစ်လုပ်ခကို မက်မောလောက်စရာ ပမာဏတစ်ခုဖြစ်တဲ့ ပေါင်သန်း(၃၀)လောက်အထိ အလိုရှိနေတယ်လို့ နာမည်ကျော် အားကစားသတင်းမီဒီယာတစ်ခုဖြစ်တဲ့ ESPN ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Bein Sport

အသက်(၂၁)နှစ်အရွှယ်ရှိ နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟာလန်းဟာ ဆာလ်ဇ်ဘာ့ဂ်ကနေ ဒေါ့မွန်အသင်းဆီကို ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်းကတည်းက သူရဲ့ခြေစွမ်းပိုင်းတွေ ပိုမိုတိုးတတ်လာခဲ့သလို ဂိုးသွင်းအားတွေလည်း ထက်မြက်လာတာကြောင့် သူ့ကို ဥရောပ ထိပ်တန်းကလပ်အသင်းတွေကနေ ပိုပြီးစိတ်ဝင်စားလာခဲ့ကြပါတယ်။ ဟာလန်းကလည်း ဒေါ့မွန်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်လျော်ကြေးက လာမယ့် ၂၀၂၂ခုနှစ် နွေစျေးကွက်အတွင်းမှာ စတင်အသက်ဝင်တော့မှာဖြစ်လို့ သူ့ကို အလိုရှိနေတဲ့ အသင်းတွေက ဟာလန်းကို အရခေါ်ယူကြဖို့ အပြိုင်အဆိုင် ဖြစ်နေရပါတယ်။

Photo Credit : Eurosport

ဟာလန်းရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ESPN သတင်းမီဒီယာကနေ ဖော်ပြလာချက်အရ ဟာလန်းအနေနဲ့ လာမယ့်နွေမှာ ဒေါ့မွန်ကနေ ထွက်ခွာကာ အသင်းသစ် တစ်သင်းသင်းဆီကို ပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင် သူရဲ့တစ်ပတ်လုပ်ခကို အနည်းဆုံး ပေါင်(၅)သိန်းကျော်နဲ့ ကမ်းလှမ်းလာမှသာ လက်ခံဖွယ် ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဟာလန်းကို ဥရောပရဲ့ ထိပ်သီးအမှတ်ပေးလိဂ်တွေက ထိပ်တန်းအသင်းတွေအားလုံး ခေါ်ယူဖို့ အပြိုင်အဆိုင် ပစ်မှတ်ထားနေကြပြီး ဟာလန်းကိုယ်တိုင်ကလည်း ဆုဖလားအောင်မြင်မှုတွေ ရယူဖို့အတွက် ဒေါ့မွန်ကနေ ဒီထက်ပိုမြင့်မားတဲ့ ကလပ်အသင်းတစ်ခုစီ ပြောင်းရွှေ့ချင်နေပါတယ်။ လက်ရှိမှာ ဟာလန်းဟာ ဒေါ့မွန်အသင်းအတွက် (၂)နှစ်နီးပါးလောက် ပါဝင်ကစားထားခဲ့ပြီး ပြိုင်ပွဲစုံ(၆၉)ပွဲမှာပါ သူရဲ့သွင်းဂိုးက (၇၀)အထိကို ရှိနေရသလို ဒီရာသီ ဘွန်ဒစ်လီဂါ ဂိုးသွင်းဆုအတွက်မှာလည်း ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ အပြိုင်အဆိုင် ဖြစ်နေရပါတယ်။