ကြ်န္ေတာ္တုိ႔လုိ ေဘာလုံးဝါသနာအုိးေတြ ဒီတစ္ပတ္စေနေန႔မွာ ပရီးမီးယားလိဂ္ လာလီဂါ စီးရီးေအေတြမွာ လုိက္ပါစီးေမ်ာေနရင္း သတိေမ့သြားခဲ႔တဲ႔ အေရးတႀကီးပြဲတစ္ခု ရွိသြားခဲ႔ပါတယ္။ ဒါကေတာ့ ေအာ့ဘတ္စ္နဲ႔ ေဒါ့မြန္အသင္းတုိ႔ရဲ႕ဂ်ာမန္ဘြန္ဒက္လီဂါပြဲစဥ္ပါ။ ဒါက သာမာန္ဘြန္ဒက္လီဂါပြဲလုိ႔ ဆုိႏုိင္ေပမယ့္ ဒီပြဲမွာ ကြ်န္ေတာ္တုိ႔ေတြရဲ႕စိတ္အာရုံကုိ အေတာ္ေလးဖမ္းစားခဲ႔တဲ႔ ခ်ာတိတ္ေလး ဟာ့တ္လန္းက သူရဲ႕ဘြန္ဒက္လီဂါ ပြဲဦးထြက္ကုိ ကစားမွာျဖစ္ေနတာပါ။ အခုေတာ့ သူက သူရဲ႕ေဒါ့မြန္ကစားသမားဘဝ ပြဲဦးထြက္မွာပဲ ဟက္ထရစ္သြင္းဂုိးကုိပါ သြင္းယူႏုိင္ခဲ့ပါသတဲ႔ဗ်ာ။

Photo Credit : Getty Images

ဆယ္ေက်ာ္သက္တုိက္စစ္ကစားသမားေလး ဟာ့တ္လန္းက ရက္ဘူးဆာလ္ဇ္ဘာ့ဂ္ကေန ဘယ္သူမွ မထင္မွတ္ထားတဲ႔ အေျပာင္းအေရႊ႕အျဖစ္နဲ႔ ေဒါ့မြန္အသင္းဆီကုိ ေျပာင္းေရႊ႕ကစားခဲ႔တဲ႔ ေနာ္ေဝသားေလးျဖစ္ၿပီးေတာ့ သူရဲ႕ဘြန္ဒက္လီဂါပြဲဦးထြက္မွာ အရန္ခုံမွာပဲ ထုိင္ခဲ႔ရတယ္ဆုိေပမယ့္ ပြဲကစားခြင့္လည္း ရလာခဲ႔ေရာ သူရဲ႕ေဒါ့မြန္အသင္းကုိ ၃ဂုိး၁ဂုိးဆုိတဲ႔ ရလဒ္ကေန ၃ဂုိး၅ဂုိးဆုိတဲ႔ ရလဒ္အထိျဖစ္သြားေအာင္ လုပ္ေဆာင္ေပးႏုိင္ခဲ႔ပါတယ္။

Photo Credit : Getty Images

၅၉မိနစ္မွာမွ လူစားဝင္ခြင့္ရခဲ႔တဲ႔ ဟာ့တ္လန္းက ၆၁မိနစ္ ၇၀မိနစ္နဲ႔ ၇၉မိနစ္ေတြမွာ ေဒါ့မြန္အတြက္ လုိအပ္ေနတဲ႔ သြင္းဂုိးေတြကုိ ဟက္ထရစ္ရယူႏုိင္တဲ႔အထိ သြင္းယူေပးခဲ႔ရင္း အသင္းကုိလည္း အဖုိးတန္အႏုိင္၃မွတ္ပါ ပုိင္ဆုိင္ေစခဲ႔ပါတယ္။ အသင္းႀကီးေတြမ်ားစြာကုိ လစ္လ်ဴရွုၿပီးေတာ့ ေဒါ့မြန္ကုိ ေရြးခ်ယ္ခဲ႔တဲ႔ ဟာ့တ္လန္းအေနနဲ႔ ဂ်ာမန္ေျမမွာ အလုပ္ျဖစ္ႏုိင္ပါ့မလားဆုိတဲ႔ သံသယေတြကုိ ေခ်ဖ်က္ျပဖုိ႔အတြက္ မိနစ္၂၀ေလာက္ာ အခ်ိန္ယူလုိက္ရၿပီး ဒီပုံစံအတုိင္းသာဆုိ အားလုံးေျပာေနၾကသလုိ ေဒါ့မြန္အေနနဲ႔ လီဝန္ေဒါစကီးေနာက္တစ္ေယာက္ကုိ ပုိင္ဆုိင္လုိက္ရၿပီလုိ႔ေတာင္ သတ္မွတ္ႏုိင္ပါတယ္။ ဒီႏုိင္ပြဲေၾကာင့္ ေဒါ့မြန္ဟာ အဆင့္၁ေနရာက လုိက္ဇ္ပစ္နဲ႔ ရမွတ္၄မွတ္ပဲ ကြာဟေနပါေတာ့တယ္ခင္ဗ်ာ။

(Unicode)

၂၃မိနစ် ဟက်ထရစ်သွင်းဂိုးတွေနဲ့ ဒေါ့မွန်ကစားသမားဘဝ အဖွင့်လှခဲ့သူ ဟာ့တ်လန်း

ကျွန်တော်တို့လို ဘောလုံးဝါသနာအိုးတွေ ဒီတစ်ပတ်စနေနေ့မှာ ပရီးမီးယားလိဂ် လာလီဂါ စီးရီးအေတွေမှာ လိုက်ပါစီးမျောနေရင်း သတိမေ့သွားခဲ့တဲ့ အရေးတကြီးပွဲတစ်ခု ရှိသွားခဲ့ပါတယ်။ ဒါကတော့ အော့ဘတ်စ်နဲ့ ဒေါ့မွန်အသင်းတို့ရဲ့ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်ပါ။ ဒါက သာမာန်ဘွန်ဒက်လီဂါပွဲလို့ ဆိုနိုင်ပေမယ့် ဒီပွဲမှာ ကျွန်တော်တို့တွေရဲ့စိတ်အာရုံကို အတော်လေးဖမ်းစားခဲ့တဲ့ ချာတိတ်လေး ဟာ့တ်လန်းက သူရဲ့ဘွန်ဒက်လီဂါ ပွဲဦးထွက်ကို ကစားမှာဖြစ်နေတာပါ။ အခုတော့ သူက သူရဲ့ဒေါ့မွန်ကစားသမားဘဝ ပွဲဦးထွက်မှာပဲ ဟက်ထရစ်သွင်းဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါသတဲ့ဗျာ။

Photo Credit : Getty Images

ဆယ်ကျော်သက်တိုက်စစ်ကစားသမားလေး ဟာ့တ်လန်းက ရက်ဘူးဆာလ်ဇ်ဘာ့ဂ်ကနေ ဘယ်သူမှ မထင်မှတ်ထားတဲ့ အပြောင်းအရွှေ့အဖြစ်နဲ့ ဒေါ့မွန်အသင်းဆီကို ပြောင်းရွှေ့ကစားခဲ့တဲ့ နော်ဝေသားလေးဖြစ်ပြီးတော့ သူရဲ့ဘွန်ဒက်လီဂါပွဲဦးထွက်မှာ အရန်ခုံမှာပဲ ထိုင်ခဲ့ရတယ်ဆိုပေမယ့် ပွဲကစားခွင့်လည်း ရလာခဲ့ရော သူရဲ့ဒေါ့မွန်အသင်းကို ၃ဂိုး၁ဂိုးဆိုတဲ့ ရလဒ်ကနေ ၃ဂိုး၅ဂိုးဆိုတဲ့ ရလဒ်အထိဖြစ်သွားအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

၅၉မိနစ်မှာမှ လူစားဝင်ခွင့်ရခဲ့တဲ့ ဟာ့တ်လန်းက ၆၁မိနစ် ရ၀မိနစ်နဲ့ ရ၉မိနစ်တွေမှာ ဒေါ့မွန်အတွက် လိုအပ်နေတဲ့ သွင်းဂိုးတွေကို ဟက်ထရစ်ရယူနိုင်တဲ့အထိ သွင်းယူပေးခဲ့ရင်း အသင်းကိုလည်း အဖိုးတန်အနိုင်၃မှတ်ပါ ပိုင်ဆိုင်စေခဲ့ပါတယ်။ အသင်းကြီးတွေများစွာကို လစ်လျူရှုပြီးတော့ ဒေါ့မွန်ကို ရွေးချယ်ခဲ့တဲ့ ဟာ့တ်လန်းအနေနဲ့ ဂျာမန်မြေမှာ အလုပ်ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယတွေကို ချေဖျက်ပြဖို့အတွက် မိနစ်၂၃လောက်ာ အချိန်ယူလိုက်ရပြီး ဒီပုံစံအတိုင်းသာဆို အားလုံးပြောနေကြသလို ဒေါ့မွန်အနေနဲ့ လီဝန်ဒေါစကီးနောက်တစ်ယောက်ကို ပိုင်ဆိုင်လိုက်ရပြီလို့တောင် သတ်မှတ်နိုင်ပါတယ်။ ဒီနိုင်ပွဲကြောင့် ဒေါ့မွန်ဟာ အဆင့်၁နေရာက လိုက်ဇ်ပစ်နဲ့ ရမှတ်၄မှတ်ပဲ ကွာဟနေပါတော့တယ်ခင်ဗျာ။