ဒေါ့မွန်အသင်းရဲ့ နော်ဝေတိုက်စစ်မှူးလေး အာလင်းဟာလန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ မန်ချက်စတာစီးတီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ထွက်ပေါ်ခဲ့ပြီး မန်စီးတီးအသင်းဘက်ကလည်း ဟာလန်းအတွက် အသင်းရဲ့ လုပ်ခလစာအမြင့်ဆုံးအဖြစ် တစ်ပတ်လုပ်ခ ပေါင်(၅)သိန်းနဲ့ပါ ကမ်းလှမ်းထားခဲ့တဲ့အပေါ် ဟာလန်းဘက်က ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဟာလန်းအနေနဲ့ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ကစားဖို့အတွက်ကိုတော့ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ ဖော်ပြလာခဲ့ပါတယ်။

Bundesliga: Haaland hasn't signed for anyone yet | Marca

Photo Credit : Marca

အသက်(၂၁)နှစ်အရွှယ်ရှိ နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမားလေး ဟာလန်းဟာ ဒေါ့မွန်အသင်းကို ပြောင်းရွှေ့လာခဲ့စဉ်ကတည်းက သူရဲ့စာချုပ်ထဲမှာ ထည့်သွင်းထားခဲ့တဲ့ ပေါင်(၆၄)သန်းတန် စာချုပ်လျော်ကြေးက လာမယ့်နွေစျေးကွက်မှာ စတင်သက်ရောက်တော့မှာဖြစ်လို့ ကလပ်အသင်း အများအပြားက ဟာလန်းကို ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ မန်စီးတီးအသင်းလည်း ပါဝင်နေပြီး ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်ခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ မန်စီးတီးရဲ့ ကမ်းလှမ်းမှုတွေက ဟာလန်းအတွက် လက်ခံသွားနိုင်ဖွယ် မရှိသေးပဲ ဖြစ်နေရတယ်လို့ သိရပါတယ်။

Haaland has rejected an offer from Man City

စပိန်အခြေစိုက် AS သတင်းစာရဲ့ ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ ဟာလန်းရဲ့အေးဂျင့် မီနိုရွိုင်ယိုလာရဲ့ ဟာလန်းရဲ့ဖခင်တို့ကို ကြီးမားတဲ့ ကမ်းလှမ်းမှုတစ်ရပ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ပယ်ချသွားခဲ့တယ်လို့ သိရှိရပါတယ်။ ဒီအခြေအနေတွေက အရမ်းအတိအကျ မဟုတ်သေးတာကြောင့် ဟာလန်းအနေနဲ့ ပတ်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာဖို့ကလည်း ဆက်လက်ရှိနေဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဟာလန်းကို ရီးယဲလ်မက်ဒရစ် ဘာစီလိုနာ ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီတို့လို ဥရောပထိပ်သီး ကလပ်အသင်းကြီးတွေလည်း စိတ်ဝင်စားနေကြပေမယ့် သူ့ဖခင်ရဲ့ခြေရာကို လိုက်နင်းဖို့အတွက် ဖခင်ရဲ့အသင်းဟောင်း မန်စီးတီးကိုသာ ရွေးချယ်ဖို့က အခြေအနေများနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဟာလန်းကို ခေါ်ယူနိုင်ဖို့အတွက် မန်စီးတီးနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့သာ အပြိုင်အဆိုင် ဖြစ်နေကြပြီး ရီးယဲလ်က ဟာလန်းထက် ဘာပေကိုသာ ဦးစားပေး ခေါ်ယူဖွယ်ရှိတဲ့အပြင် ဟာလန်းကိုလည်း ၂၀၂၃ခုနှစ်မှသာ ကမ်းလှမ်းဖို့ စီစဉ်နေတဲ့အတွက် ဒါက မန်စီးတီးအတွက် ပိုမိုအလေးသာနိုင်တဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်ပေမယ့် ကစားသမားရဲ့ အေးဂျင့်ဘက်က တောင်းဆိုလာမယ့် တောင်းဆိုမှုတွေကို အကုန်လိုက်လျောရဖွယ် ရှိနေပါတယ်။