နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတတ်နေတဲ့ ဒီနေ့ခတ်ထဲမှာ လူတိုင်းနီးပါးက နည်းပညာတွေနဲ့ ယှဉ်ပါးလာခဲ့ကြပြီး ကိုယ်အားပေးတဲ့ ဘောလုံးအသင်းဆီ ရောက်ရှိလာစေချင်နေတဲ့ ဘောလုံးသမားကို တကယ်ရောက်မလာနိုင်ရင်တောင်မှ ရောက်ရှိလာသယောင် ဖြစ်စေဖို့ နည်းပညာတချို့နဲ့ လုပ်ဆောင်ကြလေ့ ရှိပါတယ်။ ဒါပေမယ့် အခုမြင်တွေ့ရမယ့် ဓါတ်ပုံကတော့ ဓါတ်ပုံနည်းပညာပိုင်း photoshop လုပ်ဆောင်ထားခြင်း မရှိပဲ တကယ့်ပုံအစစ် ဖြစ်နေတာကြောင့် ပရိသတ်တွေကို စိတ်လှုပ်ရှားသွားစေမှာ သေချာနေပါတယ်။

A young Erling Haaland pictured in an Arsenal shirt

Photo Credit : The Sun

အခုပုံထဲမှာ အာဆင်နယ်အသင်းရဲ့ ၂၀၁၀-၂၀၁၁ ဘောလုံးရာသီ အဝေးကွင်းဂျာစီဟောင်းကို ဝတ်ဆင်ထားတဲ့ ချာတိတ်လေးကတော့ လက်ရှိမှာ ဥရောပထိပ်တန်း ကလပ်အသင်းကြီးများစွာရဲ့ ပစ်မှတ်ဖြစ်နေတဲ့ နော်ဝေတိုက်စစ်မှူးလေး အာလင်းဟာလန်းပဲ ဖြစ်ပါတယ်။ ဒီဓါတ်ပုံကို Football.London ဆိုတဲ့ သတင်းမီဒီယာက တာဝန်ရှိသူတစ်ဦးက Twitter စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ရာ အာဆင်နယ်ပရိသတ်တွေကြားမှာရော twitter users နဲ့ social media users တွေကြားမှာပါ အတော်လေး ရေပန်းစားစရာ ကိစ္စဖြစ်သွားခဲ့ရပြီး ဟာလန်းက ငယ်စဉ်ကတည်းက အာဆင်နယ်အသင်းကို အားပေးလာခဲ့သူလို့ပါ ဖော်ပြခံလာရပါတယ်။

Haaland is expected to leave Borussia Dortmund this summer

Photo Credit : The Sun

ဒီဓါတ်ပုံကို မြင်တွေ့ခဲ့ရတဲ့ အာဆင်နယ်အသင်း ပရိသတ်တွေက ဟာလန်းနဲ့ပတ်သက်ပြီး မှတ်ချက်မျိုးစုံ ရေးသားလာခဲ့ကြပါတယ်။ အာဆင်နယ်ပရိသတ်တွေက ဟာလန်းရဲ့ငယ်ဘဝဓါတ်ပုံနဲ့ ပတ်သက်ပြီး “ဒါဆို သူအိမ်ပြန်လာမယ်” “သူက တစ်ဆင့်ပြီးတစ်ဆင့် ဂန်းနားသား ဖြစ်လာရမယ်” ဆိုပြီး မှတ်ချက်ရေးသားမှုတွေ လုပ်ဆောင်လာခဲ့သလို အသင်းရဲ့ နော်ဝေကွင်းလယ်ကစားသမား အော်ဒီဂွါကိုလည်း သူရဲ့လက်ရွေးစင်အသင်းဖော် ဟာလန်းနဲ့ပတ်သက်ပြီး “အေးဂျင့်အော်ဒီဂွါ” လို့ပါ တင်စားခေါ်ဝေါ်လာခဲ့ကြပါတယ်။ ဒါပေမယ့် ဟာလန်းရဲ့ ငယ်စဉ်ကတည်းက အာဆင်နယ်အပါအဝင် ဘောလုံးကလပ်အသင်းများစွာရဲ့ ဂျာစီတွေကို ဝတ်ဆင်ပြီး ဓါတ်ပုံရိုက်ကူးတွေ လုပ်ဆောင်ခဲ့သလို လက်ရှိမှာလည်း သူ့ကို အသေအချာ ခေါ်ယူသွားချင်နေတဲ့ မန်ချက်စတာစီးတီးအသင်းဆီ ပြောင်းရွှေ့ကစားဖို့အတွက် စီစဉ်လျက် ရှိနေပြီး ဆွေးနွေးမှုတွေလည်း ဆက်လက် လုပ်ဆောင်လျက် ရှိနေသလို အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ကလည်း အခြေအနေကောင်းနေတယ်ပြီလို့ သိရှိရပါတယ်။