MySport Myanmar

တားဆီးလို့ မရနိုင်သော နော်ဝေ ဂိုးသွင်းစက် အာလင်းဟာလန်း

ဒီနှစ်နွေမှာ ဒေါ့မွန်ကနေ မန်ချက်စတာစီးတီးအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ နော်ဝေ တိုက်စစ်ကစားသမား အာလင်းဟာလန်းကတော့ ကစားသမားဘဝအတွင်း ပရီးမီးယားလိဂ်လို ပြိုင်ပွဲကြိးမှာ ပထမဆုံးအချိန် ယှဉ်ပြိုင်ရချိန်မှာပဲ မထင်မှတ်ထားလောက်အောင် သွင်းဂိုးတွေနဲ့ စံချိန်မှတ်တမ်းကောင်းတွေကိုပါ များစွာ ရယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Sportstars

ဟာလန်းက ပရီးမီးယားလိဂ် ပွဲပေါင်း (၇)ပွဲ ကစားထားပြီးချိန်မှာ စုစုပေါင်း သွင်းဂိုး (၁၁)ဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီး (၁)ဂိုးဖန်တီးထားနိုင်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ သြဂုတ်လ တစ်လတာအတွင်း အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : Retik Sports

ဒါ့အပြင် ဟာလန်းက ပထမဆုံး ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတလျှောက် အဝေးကွင်းပွဲစဉ် (၄)ပွဲဆက်တိုက်အထိ ဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့ ပထဆုံး ကစားသမားတစ်ဦးလည်း ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Goal

လက်ရှိ မန်စီးတီးအတွက် ပရီးမီးယားလိဂ် (၇)ပွဲ ကစားထားပြီးချိန်မှာ ဟာလန်းက သူရဲ့ သွင်းဂိုးတွေကို ဘယ်ခြေ ၊ ညာခြေ ၊ ခေါင်းတိုက် သွင်းယူခဲ့တဲ့အပြင် (၆)ကိုက်စည်းအတွင်း ၊ ပင်နယ်တီ ဧရိယာအတွင်းနဲ့ ဧရိယာအပြင်ဘက်တို့ကနေပါ သွင်းယူမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit : Manchester City

ဒါ့အပြင် ၂၀၂၀ခုနှစ် ဆာလ်ဇ်ဘာ့ဂ်ကနေ ဒေါ့မွန်ကို ရောက်ရှိလာချိန်ကနေ အခုထိ ဟာလန်းရဲ့ ပြိုင်ပွဲစုံ သွင်းဂိုးက ဂိုးတစ်ရာအထိ ရှိခဲ့ရသလို သူ ပါဝင်ခဲ့တဲ့ ပွဲအရေအတွက်ကတော့ (၉၉)ပွဲသာ ရှိထားခဲ့ပါတယ်။

Photo Credit : Suara

ဘောလုံးကျွမ်းကျင်သူတွေကတော့ ဟာလန်းအနေနဲ့ အခုလို ဂိုးသွင်းနှုန်းအတိုင်းသာ ဆက်လက် ထိန်းသိမ်းသွားနိုင်ခဲ့မယ်ဆိုရင် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဟာလန်းရဲ့သွင်းဂိုးက (၅၇)ဂိုးအထိကို ရှိလိမ့်မယ်လို့ ခန့်မှန်းထားခဲ့ကြပါတယ်။

Exit mobile version