လာမယ့် နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ဒေါ့မွန်အသင်းကနေ ထွက်ခွာသွားရဖို့ အနီးစပ်ဆုံး ဖြစ်လို့နေတဲ့ တိုက်စစ်ကစားသမား အာလင်းဟာလန်းကို ဥရောပရဲ့ ထိပ်တန်းကလပ်အသင်းများကနေ ခေါ်ယူချင်နေကြသလို တချို့အသင်းတွေဆိုရင် အခုဆောင်းစျေးကွက်ထဲမှာပဲ ဟာလန်းအတွက် ကမ်းလှမ်းမှုတွေကိုပါ စတင်လုပ်ဆောင်ဖွယ် ရှိနေကြပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို အရမ်းသဘောကျခြင်း မရှိပဲ စပိန်လာလီဂါလို ပြိုင်ပွဲမျိုးကိုသာ ပြောင်းရွှေ့ကစားချင်နေတယ်လို့ သိရပါတယ်။

Photo Credit : Manchester Evening News

အသက်(၂၁)နှစ်အရွှယ်ရှိ နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟာလန်းဟာ ဆာလ်ဇ်ဘာ့ဂ်ကနေ ဒေါ့မွန်အသင်းဆီ မပြောင်းရွှေ့ခင်ကတည်းက မန်ချက်စတာယူနိုက်တက် အပါအဝင် ကလပ်အသင်းများစွာက စိတ်ဝင်စားနေတာဖြစ်ပြီး ဒေါ့မွန်ကို ရောက်ရှိသွားချိန်မှာလည်း သူရဲ့သွင်းဂိုးစွမ်းရည်တွေက မြင့်တတ်လာနေတာကြောင့် သူ့ကို ထိပ်တန်းအသင်းကြီးတွေကနေ အလိုရှိနေရတာ ဖြစ်ပါတယ်။ ဟာလန်းကို ပရီးမီးယားလိဂ် ထိပ်တန်းကလပ်တွေ လာလီဂါ ဘွန်ဒစ်လီဂါနဲ့ လီဂူး ထိပ်တန်းအသင်းကြီးတွေကနေ အပြိုင်စိတ်ဝင်စားနေကြပေမယ့်လည်း ဟာလန်းကိုယ်တိုင်ကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွားရောက်ကစားဖို့ထက် စပိန်လာလီဂါပြိုင်ပွဲဝင် ကလပ်အသင်း တစ်ခုခုကိုသာ ပြောင်းရွှေ့ချင်တယ်လို့ သိရပါတယ်။

Photo Credit : Sporting News

ဒီနှစ်ဘောလုံးရာသီမှာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ(၁၅)ပွဲ ကစားထားအပြီး (၁၉)ဂိုးအထိ သွင်းယူလို့ထားတဲ့ တိုက်စစ်ကစားသမား ဟာလန်းဟာ ဒေါ့မွန်အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လို့နေပြီး အသင်းအတွက် (၇၄)ပွဲ ကစားထားကာ (၇၆)ဂိုး သွင်းယူလို့ထားပါတယ်။ ဒေါ့မွန်အသင်းဘက်က သူတို့ရဲ့ အဓိက တိုက်စစ်မှူး ဟာလန်းကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားချင်ပေမယ့် ဟာလန်းကို ခေါ်ယူခဲ့စဉ်တုန်းက အသင်းနဲ့ (၃)ရာသီ ဖြတ်သန်းပြီးချိန်မှာ ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းမှုအဖြစ် လျော်ကြေး ယူရို(၇၅)သန်းနဲ့ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းချသွားရမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းထားခဲ့တာဖြစ်လို့ လာမယ့်နွေမှာ ဒေါ့မွန်အနေနဲ့ ဟာလန်းကို လက်လွတ်ရဖို့ သေချာသလောက် ဖြစ်လာခဲ့ရပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဟာလန်းကို မန်စီးတီး ယူနိုက်တက် ချယ်လ်ဆီး လီဗာပူးလ်တို့လို ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းတွေက ခေါ်ယူချင်နေကြပေမယ့်လည်း ဟာလန်းကိုယ်တိုင်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လာရောက်ကစားဖို့ထက် လာလီဂါကိုသာ သွားရောက်ချင်နေတာကြောင့် သူနဲ့ လတ်တလော သတင်းတွေ ထွက်ပေါ်နေတဲ့ ဘာစီလိုနာနဲ့ သူ့ကို အလိုရှိနေတဲ့ ရီးယဲလ်မက်ဒရစ် တစ်သင်းသင်းကို ရွေးချယ်သွားနိုင်ဖွယ် ရှိနေပါတယ်။