မန်ချက်စတာစီးတီးအသင်းရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူး အာလင်းဟာလန်းဟာ ခြေထောက်ဒဏ်ရာ ပြသာနာကို ခံစားနေရတာကြောင့် မန်စီးတီးရဲ့ နောက်ဆုံးကစားခဲ့တဲ့ ပွဲ(၂)ပွဲ ဆက်တိုက်ကို လွဲချော်ထားခဲ့ရပေမယ်လည်း ဖူလ်ဟမ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အသင်းအတွက် ပြန်လည် ပါဝင်နိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Erling Haaland injury news: Is the Man City star fit to face Sevilla in the Champions League as Pep Guardiola provides update after Norwegian superstar misses win over Leicester

Photo Credit : talkSPORT

ဒီနှစ်ဘောလုံးရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၂၂)ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ နော်ဝေကြယ်ပွင့် ကစားသမား ဟာလန်းဟာ သူ့အသင်းဟောင်း ဒေါ့မွန်အသင်းနဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပထမပိုင်းသာ ပါဝင်ကစာခဲ့ရပြီး ဒဏ်ရာရသွားခဲ့လို့ ဆက်လက် ကစားနိုင်ခြင်း မရှိတော့တဲ့အပြင် လက်စတာ ဆီဗီလာတို့နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်တွေကိုလည်း ဆက်တိုက် လွဲချော်ခဲ့ရပါသေးတယ်။ အခုတော့ ဟာလန်းရဲ့ ခြေထောက်ဒဏ်ရာ အခြေအနေ ပိုမို ကောင်းမွန်လာခဲ့ပြီဖြစ်ပြီး လေ့ကျင့်ခန်းပါ ပြန်ဆင်းနေနိုင်ပြီဖြစ်လို့ ဖူလ်ဟမ်နဲ့ပွဲကို ပါဝင်ဖို့ အခြေအနေကောင်းနေရပါတယ်။

Photo Credit : Manchester Evening News

“သူ အများကြီး ပိုကောင်းလာပါတယ်။ ဖူလ်ဟမ်နဲ့ပွဲမှာ သူ ပါဝင်နိုင်မလားဆိုတာ ဒီနေ့မှာပဲ ဆုံးဖြတ်ပါမယ်။ ဒါဟာ ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခုပါ။ သူက လေ့ကျင့်မှုတွေ စတင်နေပါပြီ။ ကျွန်တော်တို့ ဒီနေ့လည်ခင်းမှာလည်း လေ့ကျင့်ခန်းတွေ လုပ်ဆောင်ထားပါပြီ။ ကျွန်တော်တို့ တွေ့ရပါလိမ့်မယ်”လို့ ဟာလန်းရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး နည်းပြဂွာဒီယိုလာက ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။ ဟာလန်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ (၁၁)ပွဲ ပါဝင်ကစားထားပြီးနောက် သွင်းဂိုး (၁၇)ဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီး မန်စီးတီးအတွက် အတော်လေးကို အကျိုးပြုလျက် ရှိနေတာဖြစ်လို့ ဟာလန်းသာ ဖူလ်ဟမ်နဲ့ပွဲကို ပြန်ပါလာနိုင်မယ်ဆိုရင်တော့ စီးတီးအတွက် သေချာပေါက် အကျိုးရှိလာနိုင်ပါတယ်။ ဒါမှမဟုတ် ဟာလန်းသာ မပါလာနိုင်သေးဘူးဆိုရင်တော့ နောက်ပိုင်းပွဲတွေမှာ ဆက်တိုက် အသုံးပြုနေခဲ့တဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား ယူလီယန်အဲလ်ဗာရက်ဇ်ကိုပဲ ထပ်မံ နေရာပေးလာနိုင်ပါတယ်။ လက်ရှိမှာ ဟာလန်းက ဖူလ်ဟမ်နဲ့ပွဲအတွက် fit ဖြစ်မဖြစ် မသေချာသေးသလို ကယ်လ်ဗင်ဖီးလစ်နဲ့ ကိုင်းဝေါ်ကာတို့ကလည်း သူတို့ရဲ့ ဒဏ်ရာအခြေအနေတွေကနေ fit မဖြစ်သေးပေမယ့် နောက်ခံလူ အကန်ဂျီကတော့ ပါဝင်ကစားနိုင်ဖို့ သေချာသလောက် ရှိနေတယ်လို့ ဂွာဒီယိုလာက ရှင်းလင်း ပြောဆိုလိုက်ပါတယ်။