မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်ကစားသမား အာလင်းဟာလန်းက သူရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ မန်စီးတီးအသင်းကို (၃)မှတ်အပြည့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် အင်္ဂလန်မှာ နေထိုင်ရတဲ့ ဘဝကိုရော ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြိုင်ဆိုင်မှု အားကောင်းလွန်းနေမှုကိုပါ နှစ်သက် သဘောကျမိတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

Haaland won the game for City with this cool penalty in the 78th minute at Selhurst Park

Photo Credit : Daily Mail

မနေ့ညက Selhurst Park ကွင်းကြီးထဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်အတွင်း အိမ်ရှင်အသင်းရဲ့ ခံစစ်ပိုင်း ပိတ်ဆို့ကစားဟန်ကြောင့် မန်စီးတီးတို့ အဝေးကွင်းမှာ သွင်းဂိုးရအောင် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရပါတယ်။ မိနစ်(၈၀)ဝန်းကျင်လောက်မှာတော့ ပင်နယ်တီ ဧရိယာထဲ ဂန်ဒိုဂန်ကို အိုလီဆေးရဲ့ ဖျက်ထုတ်မှုကြောင့် ပင်နယ်တီ သတ်မှတ်ပေးလိုက်ရာ ဒီပင်နယ်တီကို ဟာလန်းက အမှားအယွင်းမရှိ အဆုံးသတ်ခဲ့ရင်း ဒီပင်နယ်တီဂ်ိုးနဲ့ပဲ မန်စီးတီးအသင်းက လိုအပ်နေတဲ့ နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။

Erling Haaland (right) was beaming at full-time against Crystal Palace as he celebrated post-match with Man City boss Pep Guardiola (left)

Photo Credit : Daily Mail

ဒီနိုင်ပွဲကြောင့် ဒီနေ့ညမှာ ဖူလ်ဟမ်အသင်းနဲ့ လန်ဒန်ဒါဘီ ပွဲကျပ်တစ်ပွဲကို ဆင်နွဲရမယ့် အာဆင်နယ်အသင်းနဲ့ အမှတ်ကွာဟမှု လျှော့ချသွားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဟာလည်း ထင်ထားတာထက်ကို ပိုမို ပြိုင်ဆိုင်မှု ပြင်းထန်လှတယ်လို့ တစ်လုံးတည်းသော အနိုင်ဂိုးရှင် ဟာလန်းက ပြောဆိုသွားခဲ့ပါတယ်။ “ကျွန်တော် နှစ်သက်မိပါတယ်။ ဒါက အင်္ဂလန် ပရီးမီးယားလိဂ်ပြိုင်ပွဲပါ။ ကျွန်တော်ရဲ့ဘဝတစ်လျှောက်လုံး အမြဲတမ်း စောင့်ကြည့်ခဲ့ရတဲ့ ပြိုင်ပွဲတစ်ခုပါ။ အခု ဒီပြိုင်ပွဲမှာ ပါဝင် ဆင်နွဲနေရတဲ့ စက္ကန့်တိုင်းလိုလိုကို နှစ်သက်မိပါတယ်။ ဒီပြိုင်ပွဲကြီးထဲမှာ ရှိနေရတာက အရမ်းကောင်းမွန်ပါတယ်”

Photo Credit : Twitter

“အဆုံးသတ်မှာတော့ ကျွန်တော်တို့ နောက်ထပ် (၃)မှတ်ကို ရရှိခဲ့တယ်။ နိုင်ပွဲတွေ ရရှိဖို့နဲ့ လက်ရှိ ကစားဟန်အတိုင်းကို ဆက်ထိန်းထားဖို့ဆိုတာ မလွယ်ကူပါဘူး။ အစောပိုင်းပွဲမှာ ဘုန်းမောက်က လီဗာပူးလ်အသင်းကို အနိုင်ယူခဲ့တာကိုလည်း တွေ့ထားခဲ့ပါတယ်။ ပွဲတိုင်းလိုလိုကတော့ တကယ့်ကို အကြိတ်အနယ်ပါပဲ။ လိုက်ပ်ဇစ်နဲ့ လာမယ့်ပွဲရော ပြီးရင် ဘန်လေနဲ့ ကစားရမယ့် ပွဲစဉ်ကို ပွဲတိုင်းကို အနိုင်ရအောင် ကစားရပါမယ်” လို့ ဟာလန်းက ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဟာလန်းဟာ ပရီးမီးယားလိဂ် သွင်းဂိုး စုစုပေါင်း (၂၈)ဂိုးအထိ သွင်းယူထားပြီး ပရီးမီးယားလိဂ်နဲ့ ဥရောပ ရွှေဖိနပ်ဆုတို့ကို ပိုင်ဆိုင်နိုင်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေရပါတယ်။