ပြီးခဲ့တဲ့နွေဈေးကွက်အတွင်းမှာ အသင်းအတွင်း ပြောင်းလဲမှုတွေများစွာကို လုပ်ဆောင်နိုင်ခဲ့လို့ ဒီရာသီမှာ စီးရီးအေချန်ပီယံဆုအတွက် ဂျုဗင်တပ်စ်အသင်းကို အနီးကပ်ဆုံးဖိအားပေးထားနိုင်ခဲ့တဲ့ အင်တာမီလန်အသင်းဟာ အခုဆောင်းရာသီဈေးကွက်မှာပါ အသင်းကို အင်အားဖြည့်တင်းမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ ကြိုးပမ်းလျက်ရှိနေကာ အခုလည်း စပါးအသင်းရဲ့ကွင်းလယ်ဖန်တီးရှင်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားအေးဂျင့်နဲ့ ဆွေးနွေးမှုတွေကို စတင်ပြုလုပ်သွားတောမှာဖြစ်ပြီး အေးဂျင့်မှာလည်း မီလန်မြို့ဆီကို ခရီးနှင်နေပြီလို့ သိရှိရပါတယ်။
ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီကိုင်တွယ်နေတဲ့ အင်တာအသင်းက လာမယ့်နွေဈေးကွက်မှာ အဲရစ်ဆင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့အတွက် အကြိုသဘောတူညီမှုကို ရယူနိုင်ဖို့ ကစားသမားအေးဂျင့်နဲ့ မီလန်မြို့မှာ ဆွေးနွေးမှုတွေကို ပြုလုပ်သွားတော့မယ်လို့ သိရှိရပါတယ်။ တကယ်တော့ အဲရစ်ဆင်ကို ခေါ်ယူဖို့အတွက် စပါးရဲ့ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းဘက်ကနေလည်း စိတ်ဝင်စားနေတာဖြစ်ပေမယ့်လည်း အဲရစ်ဆင်ကတော့ ပရီးမီးယားလိဂ်ထက် အခြားသောလိဂ်တစ်ခုကိုသာ ပြောင်းလဲချင်နေတာကြောင့် သမိုင်းအစဉ်အလာလည်းကောင်းပြီး လက်ရှိမှာလည်း အနာဂတ်စီမံကိန်းကောင်းတွေ ပိုင်ဆိုင်နေတဲ့ အင်တာအသင်းကို ရွေးချယ်ဖွယ်ရှိနေတာဖြစ်ပါတယ်။ အင်တာအသင်းဟာ အဲရစ်ဆင်အပြင် ယူနိုက်တက်ရဲ့ဝါရင့်တောင်ပံကစားသမား အက်ရှ်လေယန်းနဲ့ ချယ်လ်ဆီးအသင်းရဲ့ဝါရင့်ပြင်သစ်တိုက်စစ်ကစားသမားကြီး အိုလီဗာဂျရှုးတို့ကို အခုဈေးကွက်အတွင်း ခေါ်ဆောင်သွားဖို့ကိုပါ ကြိုးပမ်းလျက်ရှိလို့နေပါတယ်။
(Unicode)
လာမယ့်နွေမှာ လန်ဒန်ကနေ မီလန်မြို့ဆီ ပြောင်းရွှေ့ကစားဖွယ်ရှိလို့နေတဲ့ အဲရစ်ဆင်
ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းမှာ အသင်းအတွင်း ပြောင်းလဲမှုတွေများစွာကို လုပ်ဆောင်နိုင်ခဲ့လို့ ဒီရာသီမှာ စီးရီးအေချန်ပီယံဆုအတွက် ဂျုဗင်တပ်စ်အသင်းကို အနီးကပ်ဆုံးဖိအားပေးထားနိုင်ခဲ့တဲ့ အင်တာမီလန်အသင်းဟာ အခုဆောင်းရာသီစျေးကွက်မှာပါ အသင်းကို အင်အားဖြည့်တင်းမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ ကြိုးပမ်းလျက်ရှိနေကာ အခုလည်း စပါးအသင်းရဲ့ကွင်းလယ်ဖန်တီးရှင်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားအေးဂျင့်နဲ့ ဆွေးနွေးမှုတွေကို စတင်ပြုလုပ်သွားတောမှာဖြစ်ပြီး အေးဂျင့်မှာလည်း မီလန်မြို့ဆီကို ခရီးနှင်နေပြီလို့ သိရှိရပါတယ်။
Photo Credit : Getty Images
အသက်၂၇နှစ်အရွှယ် ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား အဲရစ်ဆင်ဟာ အခုဘောလုံးရာသီအကုန်မှာပဲ စပါးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ စပါးဘက်ကနေ သက်တမ်းတိုးဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပေမယ့်လည်း အဲရစ်ဆင်ကတော့ ကမ်းလှမ်းမှုတိုင်းကို ပယ်ချခဲ့ပြီး အသင်းကနေ ထွက်ခွာသွားဖို့ကို ဆုံးဖြတ်ချက်ချထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စပါးအသင်းက သူတို့ကစားသမားကို အခုစျေးကွက်မှာ Cut-price နဲ့ ရောင်းချနိုင်ဖို့ နောက်ဆုံးအနေနဲ့ ကြိုးပမ်းခဲ့ပေမယ့်လည်း အဲရစ်ဆင်ကတော့ စာချုပ်သက်တမ်းကုန်ချိန်မှာပဲ အသင်းကနေ ထွက်ခွာဖို့ကို ဆုံးဖြတ်ထားပြီး အင်တာမီလန်အသင်းကို ရွေးချယ်ဖွယ်ရှိလို့နေပါတယ်။
Photo Credit : Getty Images
ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီကိုင်တွယ်နေတဲ့ အင်တာအသင်းက လာမယ့်နွေစျေးကွက်မှာ အဲရစ်ဆင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့အတွက် အကြိုသဘောတူညီမှုကို ရယူနိုင်ဖို့ ကစားသမားအေးဂျင့်နဲ့ မီလန်မြို့မှာ ဆွေးနွေးမှုတွေကို ပြုလုပ်သွားတော့မယ်လို့ သိရှိရပါတယ်။ တကယ်တော့ အဲရစ်ဆင်ကို ခေါ်ယူဖို့အတွက် စပါးရဲ့ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းဘက်ကနေလည်း စိတ်ဝင်စားနေတာဖြစ်ပေမယ့်လည်း အဲရစ်ဆင်ကတော့ ပရီးမီးယားလိဂ်ထက် အခြားသောလိဂ်တစ်ခုကိုသာ ပြောင်းလဲချင်နေတာကြောင့် သမိုင်းအစဉ်အလာလည်းကောင်းပြီး လက်ရှိမှာလည်း အနာဂတ်စီမံကိန်းကောင်းတွေ ပိုင်ဆိုင်နေတဲဲ့ အင်တာအသင်းကို ရွေးချယ်ဖွယ်ရှိနေတာဖြစ်ပါတယ်။ အင်တာအသင်းဟာ အဲရစ်ဆင်အပြင် ယူနိုက်တက်ရဲ့ဝါရင့်တောင်ပံကစားသမား အက်ရှ်လေယန်းနဲ့ ချယ်လ်ဆီးအသင်းရဲ့ဝါရင့်ပြင်သစ်တိုက်စစ်ကစားသမားကြီး အိုလီဗာဂျရှုးတို့ကို အခုစျေးကွက်အတွင်း ခေါ်ဆောင်သွားဖို့ကိုပါ ကြိုးပမ်းလျက်ရှိလို့နေပါတယ်။