အသက္၂၇ႏွစ္အရြယ္ ရွိေနၿပီျဖစ္တဲ့ ကြင္းလယ္တိုက္စစ္ကစားသမား အဲရစ္ဆင္ဟာ ယခု ဇန္နဝါရီအေျပာင္းအေရႊ႕မွာ စပါးအသင္းကေန အီတလီ စီးရီးေအအသင္းျဖစ္တဲ့ အင္တာမီလန္အသင္းထံကို ေျပာင္းေရႊ႕ဖို႔ နီးကပ္ေနၿပီလို႔ သတင္းေတြက ေဖာ္ျပသြားခဲ့ပါတယ္။ စပါးအသင္းနဲ႔ ယခုရာသီကုန္မွာ စာခ်ဳပ္ကုန္ဆုံးေတာ့မယ့္ အဲရစ္ဆင္ဟာ ေျပာင္းေရႊ႕ေၾကး ယူရို၂၀သန္းနဲ႔ ဇန္နဝါရီအေျပာင္းအေရႊ႕မွာ အသင္းကေန ထြက္ခြာခြင့္ ရရွိထားသူပါ။

Photo Credit: Daily Express.com

ကနဦးသတင္းေတြအရ အဲရစ္ဆင္ကို ေခၚယူဖို႔အတြက္ မန္ခ်က္စတာယူနိုက္တက္အသင္းက ႀကိဳးစားေနေၾကာင္း သိရေပမယ့္ အဲရစ္ဆင္ဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ဆက္လက္မရွိလိုတာေၾကာင့္ ယူနိုက္တက္ရဲ့ ကမ္းလွမ္းမွုကို ပယ္ခ်ခဲ့တာလို႔ သိရပါတယ္။ လက္ရွိမွာေတာ့ အဲရစ္ဆင္ကို ေခၚယူဖို႔အတြက္ နီးစပ္ေနတဲ့ အသင္းေတြကေတာ့ ပီအက္စ္ဂ်ီအသင္း ၊ အင္တာမီလန္အသင္းနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔က ေရပန္းစားေနတာပါ။

Photo Credit: Daily Express.com

အီတလီသတင္းစာေတြရဲ့ အဆိုအရေတာ့ အင္တာမီလန္အသင္းဟာ အဲရစ္ဆင္ကို ေခၚယူဖို႔အတြက္ စပါးအသင္းနဲ႔ ေဆြးေႏြးရာမွာ သေဘာတူညီမွု ရရွိခဲ့ေၾကာင္းနဲ႔ ကစားသမားရဲ့ ေအးဂ်င့္ျဖစ္သူနဲ႔ ဆက္လက္ ေဆြးေႏြးေနကာ ခပ္ျမန္ျမန္ေခၚယူဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ တစ္ဖက္မွာေတာ့ ျပင္သစ္အင္အားႀကီး အသင္းျဖစ္တဲ့ ပီအက္စ္ဂ်ီအသင္းဟာ အဲရစ္ဆင္ကို ျမင့္မားတဲ့လစာေတြနဲ႔ ေခၚယူဖို႔ ႀကိဳးစားလ်က္ရွိေနပါတယ္။

Photo Credit: Daily Express.com

ဒါေပမယ့္ အဲရစ္ဆင္နဲ႔ နီးစပ္သူေတြရဲ့ အဆိုအရ အဲရစ္ဆင္ဟာ ျပင္သစ္လိဂ္ထက္ လက္ရွိ ေဘာလုံးရာသီမွာ စီးရီးေအခ်န္ပီယံဆုကို ရယူဖို႔အတြက္ အေျခအေနေကာင္းေနတဲ့ အင္တာမီလန္အသင္းထံကို ေျပာင္းေရႊ႕ဖို႔ စိတ္ဝင္စားေနတယ္လို႔ ဆိုထားၾကပါတယ္။ ဒါ့ေၾကာင့္ အင္တာမီလန္နဲ႔ အဲရစ္ဆင္တို႔ရဲ့ အေျပာင္းအေရႊ႕ကို မၾကာခင္မွာပဲ ျမင္ေတြ႕ရဖြယ္ ရွိေနပါတယ္။

အသက်၂၇နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အဲရစ်ဆင်ဟာ ယခု ဇန်နဝါရီအပြောင်းအရွှေ့မှာ စပါးအသင်းကနေ အီတလီ စီးရီးအေအသင်းဖြစ်တဲ့ အင်တာမီလန်အသင်းထံကို ပြောင်းရွှေ့ဖို့ နီးကပ်နေပြီလို့ သတင်းတွေက ဖော်ပြသွားခဲ့ပါတယ်။ စပါးအသင်းနဲ့ ယခုရာသီကုန်မှာ စာချုပ်ကုန်ဆုံးတော့မယ့် အဲရစ်ဆင်ဟာ ပြောင်းရွှေ့ကြေး ယူရို၂၀သန်းနဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာခွင့် ရရှိထားသူပါ။

Photo Credit: Daily Express.com

ကနဦးသတင်းတွေအရ အဲရစ်ဆင်ကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းက ကြိုးစားနေကြောင်း သိရပေမယ့် အဲရစ်ဆင်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်လက်မရှိလိုတာကြောင့် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာလို့ သိရပါတယ်။ လက်ရှိမှာတော့ အဲရစ်ဆင်ကို ခေါ်ယူဖို့အတွက် နီးစပ်နေတဲ့ အသင်းတွေကတော့ ပီအက်စ်ဂျီအသင်း ၊ အင်တာမီလန်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က ရေပန်းစားနေတာပါ။

Photo Credit: Daily Express.com

အီတလီသတင်းစာတွေရဲ့ အဆိုအရတော့ အင်တာမီလန်အသင်းဟာ အဲရစ်ဆင်ကို ခေါ်ယူဖို့အတွက် စပါးအသင်းနဲ့ ဆွေးနွေးရာမှာ သဘောတူညီမှု ရရှိခဲ့ကြောင်းနဲ့ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆက်လက် ဆွေးနွေးနေကာ ခပ်မြန်မြန်ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ တစ်ဖက်မှာတော့ ပြင်သစ်အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ အဲရစ်ဆင်ကို မြင့်မားတဲ့လစာတွေနဲ့ ခေါ်ယူဖို့ ကြိုးစားလျက်ရှိနေပါတယ်။

Photo Credit: Daily Express.com

ဒါပေမယ့် အဲရစ်ဆင်နဲ့ နီးစပ်သူတွေရဲ့ အဆိုအရ အဲရစ်ဆင်ဟာ ပြင်သစ်လိဂ်ထက် လက်ရှိ ဘောလုံးရာသီမှာ စီးရီးအေချန်ပီယံဆုကို ရယူဖို့အတွက် အခြေအနေကောင်းနေတဲ့ အင်တာမီလန်အသင်းထံကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုထားကြပါတယ်။ ဒါ့ကြောင့် အင်တာမီလန်နဲ့ အဲရစ်ဆင်တို့ရဲ့ အပြောင်းအရွှေ့ကို မကြာခင်မှာပဲ မြင်တွေ့ရဖွယ် ရှိနေပါတယ်။