စီးရီးေအမွာ အတိတ္ကလို ေအာင္ျမင္မွုေတြ ျပန္လည္ရရွိဖို႔ အသင္းကို အင္အားျဖည့္တင္းမွုေတြ လုပ္ေဆာင္ေနတဲ့ အင္တာမီလန္အသင္းဟာ လက္ရွိေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ မွ ကစားသမား ေလးဦးအထိကို ေခၚယူထားခဲ့သလို လက္ရွိမွာလည္း ေနာက္ထပ္ နာမည္ႀကီး ကစားသမားတစ္ဦးျဖစ္တဲ့ စပါးအသင္းရဲ့ ကြင္းလယ္တိုက္စစ္ကစားသမား အဲရစ္ဆင္ကို ေခၚယူနိုင္ေတာ့မယ္လို႔ သိရပါတယ္။

Photo Credit: Metro.com

စပါးအသင္းနဲ႔ ယခုႏွစ္ေဘာလုံးရာသီမွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမယ့္ အဲရစ္ဆင္ဟာ သူ ႏွစ္သက္တဲ့အသင္းနဲ႔ အႀကိဳသေဘာတူညီမွု ရယူကာ ရာသီကုန္မွာ အသင္းေျပာင္းဖို႔ လုပ္ေဆာင္နိုင္ေပမယ့္ အင္တာမီလန္အသင္းကေတာ့ အဲရစ္ဆင္ကို ေႏြရာသီအေျပာင္းအေရႊ႕မွာ မဟုတ္ပဲ ယခု ဇန္နဝါရီအေျပာင္းအေရႊ႕မွာကတည္းက ေခၚယူလိုေနၿပီး စပါးအသင္းထံ ေပါင္၁၇သန္းနဲ႔ ကမ္းလွမ္းထားေၾကာင္း သိရွိရပါတယ္။

Photo Credit: Metro.com

လန္ဒန္အေျခစိုက္ သတင္းေတြရဲ့ ေဖာ္ျပမွုေတြအရ အဲရစ္ဆင္ဘက္ကလည္း စပါးအသင္းကို အသင္းေျပာင္းေရႊ႕ခြင့္ေပးဖို႔ ေတာင္းဆိုထားသလို စပါးအသင္းဘက္ကလည္း ရာသီကုန္မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ လက္လႊတ္ရမွာေၾကာင့္ ေျပာင္းေရႊ႕ေၾကး ေပါင္၁၇သန္းရရွိမယ့္ အေနအထားကို ႏွစ္သက္ေနၿပီး အင္တာမီလန္ အသင္းရဲ့ ကမ္းလွမ္းမွုကို လက္ခံလိုက္ၿပီ လို႔ သိရပါတယ္။

Photo Credit: Metro.com

အီတလီသတင္းစာေတြကေတာ့ အဲရစ္ဆင္ ဟာ ဒီေန႔နဲ႔မနက္ျဖန္အတြင္းမွာပဲ အီတလီနိုင္ငံ မီလန္ၿမိဳ႕ကို ေဆးစစ္မွုခံယူဖို႔ ေရာက္ရွိလာမွာ ျဖစ္ေၾကာင္း ေဖာ္ျပထားၾကၿပီး အေျပာင္းအေရႊ႕ကိုေတာ့ ေဆးစစ္မွုေတြ ၿပီးစီးတာနဲ႔ ခ်က္ခ်င္း ေၾကညာဖြယ္ရွိေၾကာင္း နီးစပ္သူေတြက ေျပာျပထားၾကပါတယ္။

စီးရီးအေမှာ အတိတ်ကလို အောင်မြင်မှုတွေ ပြန်လည်ရရှိဖို့ အသင်းကို အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတဲ့ အင်တာမီလန်အသင်းဟာ လက်ရှိဘောလုံးရာသီမှာ ပရီးမီးယားလိဂ် မှ ကစားသမား လေးဦးအထိကို ခေါ်ယူထားခဲ့သလို လက်ရှိမှာလည်း နောက်ထပ် နာမည်ကြီး ကစားသမားတစ်ဦးဖြစ်တဲ့ စပါးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အဲရစ်ဆင်ကို ခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။

Photo Credit: Metro.com

စပါးအသင်းနဲ့ ယခုနှစ်ဘောလုံးရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် အဲရစ်ဆင်ဟာ သူ နှစ်သက်တဲ့အသင်းနဲ့ အကြိုသဘောတူညီမှု ရယူကာ ရာသီကုန်မှာ အသင်းပြောင်းဖို့ လုပ်ဆောင်နိုင်ပေမယ့် အင်တာမီလန်အသင်းကတော့ အဲရစ်ဆင်ကို နွေရာသီအပြောင်းအရွှေ့မှာ မဟုတ်ပဲ ယခု ဇန်နဝါရီအပြောင်းအရွှေ့မှာကတည်းက ခေါ်ယူလိုနေပြီး စပါးအသင်းထံ ပေါင်၁၇သန်းနဲ့ ကမ်းလှမ်းထားကြောင်း သိရှိရပါတယ်။

Photo Credit: Metro.com

လန်ဒန်အခြေစိုက် သတင်းတွေရဲ့ ဖော်ပြမှုတွေအရ အဲရစ်ဆင်ဘက်ကလည်း စပါးအသင်းကို အသင်းပြောင်းရွှေ့ခွင့်ပေးဖို့ တောင်းဆိုထားသလို စပါးအသင်းဘက်ကလည်း ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရမှာကြောင့် ပြောင်းရွှေ့ကြေး ပေါင်၁၇သန်းရရှိမယ့် အနေအထားကို နှစ်သက်နေပြီး အင်တာမီလန် အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီ လို့ သိရပါတယ်။

Photo Credit: Metro.com

အီတလီသတင်းစာတွေကတော့ အဲရစ်ဆင် ဟာ ဒီနေ့နဲ့မနက်ဖြန်အတွင်းမှာပဲ အီတလီနိုင်ငံ မီလန်မြို့ကို ဆေးစစ်မှုခံယူဖို့ ရောက်ရှိလာမှာ ဖြစ်ကြောင်း ဖော်ပြထားကြပြီး အပြောင်းအရွှေ့ကိုတော့ ဆေးစစ်မှုတွေ ပြီးစီးတာနဲ့ ချက်ချင်း ကြေညာဖွယ်ရှိကြောင်း နီးစပ်သူတွေက ပြောပြထားကြပါတယ်။