တစ္ေက်ာ့ျပန္စီးရီးေအခ်န္ပီယံဆုကို ရယူဖို႔ အတြက္ ပစ္မွတ္ထားႀကိဳးစားေနတဲ့ မီလန္ၿမိဳ႕ခံ အင္တာမီလန္အသင္းဟာ လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္ရဲ့ နာမည္ႀကီး ကစားသမားေတြကို ေခၚယူဖို႔အတြက္ နီးစပ္ေနၿပီလို႔ သိရပါတယ္။ အင္တာမီလန္အသင္း ေခၚယူနိုင္မယ့္ ကစားသမားေတြကေတာ့ အက္ရွေလယန္း ၊ ဂ်႐ူးနဲ႔ အဲရစ္ဆင္တို႔ပဲ ျဖစ္ပါတယ္။

Photo Credit: Euro Sports.com

စပါးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ေျခာက္လသာ က်န္ရွိေတာ့တဲ့ ကြင္းလယ္တိုက္စစ္ ကစားသမား အဲရစ္ဆင္ဟာ အသင္းနဲ႔အတူ စာခ်ဳပ္ သက္တမ္းမတိုးေတာ့ပဲ လက္ရွိ ဇန္နဝါရီ အေျပာင္းအေရႊ႕ကာလမွာ အသင္းေျပာင္းဖို႔ အတြက္ ႀကိဳးစားေနသူလည္း ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အင္တာမီလန္အသင္းဟာ အဲရစ္ဆင္ကို ေခၚယူဖို႔အတြက္ ကမ္းလွမ္းမွုတစ္ႀကိမ္ကို ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။

Photo Credit: Euro Sports.com

အီတလီသတင္းစာေတြရဲ့ ေဖာ္ျပမွုအရ အင္တာမီလန္အသင္းဟာ အဲရစ္ဆင္ကို ယခု ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ ေခၚယူမွာ မဟုတ္ဘူးလို႔ သိရကာ အင္တာမီလန္အသင္းဟာ အဲရစ္ဆင္ကို ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းထံကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕လာဖို႔အတြက္ စာခ်ဳပ္သက္တမ္း တစ္ႀကိမ္ ကမ္းလွမ္းမွုျပဳလုပ္ထားတယ္လို႔ သိထားရပါတယ္။

Photo Credit: Euro Sports.com

အဲရစ္ဆင္ဘက္ကလည္း အဆိုပါကမ္းလွမ္းမွုကို သေဘာက်ေနေၾကာင္း သိရၿပီး အင္တာမီလန္အသင္းထံကို ေျပာင္းေရႊ႕ဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း နီးစပ္သူေတြကို ဖြင့္ဟထားတယ္လို႔ လန္ဒန္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပထားၾကပါတယ္။ အဲရစ္ဆင္ဟာ လတ္တေလာမွာ ယူနိုက္တက္အသင္းရဲ့ ကမ္းလွမ္းမွုကို ျငင္းဆန္ပယ္ခ်ထားသူလည္း ျဖစ္ပါတယ္။

တစ်ကျော့ပြန်စီးရီးအေချန်ပီယံဆုကို ရယူဖို့ အတွက် ပစ်မှတ်ထားကြိုးစားနေတဲ့ မီလန်မြို့ခံ အင်တာမီလန်အသင်းဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး ကစားသမားတွေကို ခေါ်ယူဖို့အတွက် နီးစပ်နေပြီလို့ သိရပါတယ်။ အင်တာမီလန်အသင်း ခေါ်ယူနိုင်မယ့် ကစားသမားတွေကတော့ အက်ရှလေယန်း ၊ ဂျရူးနဲ့ အဲရစ်ဆင်တို့ပဲ ဖြစ်ပါတယ်။

Photo Credit: Euro Sports.com

စပါးအသင်းနဲ့ စာချုပ်သက်တမ်း ခြောက်လသာ ကျန်ရှိတော့တဲ့ ကွင်းလယ်တိုက်စစ် ကစားသမား အဲရစ်ဆင်ဟာ အသင်းနဲ့အတူ စာချုပ် သက်တမ်းမတိုးတော့ပဲ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အသင်းပြောင်းဖို့ အတွက် ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အင်တာမီလန်အသင်းဟာ အဲရစ်ဆင်ကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုတစ်ကြိမ်ကို ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Photo Credit: Euro Sports.com

အီတလီသတင်းစာတွေရဲ့ ဖော်ပြမှုအရ အင်တာမီလန်အသင်းဟာ အဲရစ်ဆင်ကို ယခု ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခေါ်ယူမှာ မဟုတ်ဘူးလို့ သိရကာ အင်တာမီလန်အသင်းဟာ အဲရစ်ဆင်ကို နွေရာသီအပြောင်းအရွှေ့မှာ အသင်းထံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာဖို့အတွက် စာချုပ်သက်တမ်း တစ်ကြိမ် ကမ်းလှမ်းမှုပြုလုပ်ထားတယ်လို့ သိထားရပါတယ်။

Photo Credit: Euro Sports.com

အဲရစ်ဆင်ဘက်ကလည်း အဆိုပါကမ်းလှမ်းမှုကို သဘောကျနေကြောင်း သိရပြီး အင်တာမီလန်အသင်းထံကို ပြောင်းရွှေ့ဖို့အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း နီးစပ်သူတွေကို ဖွင့်ဟထားတယ်လို့ လန်ဒန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။ အဲရစ်ဆင်ဟာ လတ်တလောမှာ ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချထားသူလည်း ဖြစ်ပါတယ်။