စပါးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔ လပိုင္းသာ က်န္ရွိေတာ့တဲ့ ကြင္းလယ္ တိုက္စစ္ ကစားသမား အဲရစ္ဆင္ဟာ လက္ရွိေဘာလုံး ရာသီမွာ စီးရီးေအခ်န္ပီယံဆုကို ဆြတ္ခူးနိုင္ဖို႔ ခ်ိန္ရြယ္ေနတဲ့ အင္တာမီလန္ထံ ေျပာင္းေရႊ႕ဖို႔အတြက္ သေဘာတူညီမွု ရရွိသြားခဲ့ၿပီလို႔ သိရွိရပါတယ္။

Photo Credit: Express.com

အဲရစ္ဆင္ဟာ အင္တာမီလန္အသင္းထံကို ရာသီကုန္မွာ ေျပာင္းေရႊ႕ဖို႔သေဘာတူညီမွု ရသြားခဲ့တာျဖစ္ၿပီး အင္တာမီလန္အသင္းဘက္ ကေတာ့ အဲရစ္ဆင္ကို ယခု ဇန္နဝါရီကာလမွာ ေခၚယူဖို႔အတြက္ ဆက္လက္ႀကိဳးစားသြားမွာ ျဖစ္ေၾကာင္း အီတလီသတင္းဌာနေတြက အသီးသီး ေဖာ္ျပခဲ့ၾကပါတယ္။

Photo Credit: Express.com

 

ထြက္ေပၚလာတဲ့သတင္းေတြအရ အင္တာဟာ ယခု ဇန္နဝါရီကာလမွာ အဲရစ္ဆင္ကို ေခၚယူနိုင္ဖို႔အတြက္ စပါးအသင္းထံကို ေျပာင္းေရႊ႕ေၾကး ေပါင္၁၀သန္းေပးေခ်ဖို႔ ကမ္းလွမ္းထားကာ စပါးအသင္းဘက္ကေတာ့ အဆိုပါ ကမ္းလွမ္းမွုကို သေဘာမတူပဲ ေပါင္၂၀သန္းခန႔္ အလိုရွိေနတယ္လို႔ သိရပါတယ္။

စပါးအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ လပိုင်းသာ ကျန်ရှိတော့တဲ့ ကွင်းလယ် တိုက်စစ် ကစားသမား အဲရစ်ဆင်ဟာ လက်ရှိဘောလုံး ရာသီမှာ စီးရီးအေချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ ချိန်ရွယ်နေတဲ့ အင်တာမီလန်ထံ ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရှိရပါတယ်။

Photo Credit: Express.com

 

အဲရစ်ဆင်ဟာ အင်တာမီလန်အသင်းထံကို ရာသီကုန်မှာ ပြောင်းရွှေ့ဖို့သဘောတူညီမှု ရသွားခဲ့တာဖြစ်ပြီး အင်တာမီလန်အသင်းဘက် ကတော့ အဲရစ်ဆင်ကို ယခု ဇန်နဝါရီကာလမှာ ခေါ်ယူဖို့အတွက် ဆက်လက်ကြိုးစားသွားမှာ ဖြစ်ကြောင်း အီတလီသတင်းဌာနတွေက အသီးသီး ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Express.com

ထွက်ပေါ်လာတဲ့သတင်းတွေအရ အင်တာဟာ ယခု ဇန်နဝါရီကာလမှာ အဲရစ်ဆင်ကို ခေါ်ယူနိုင်ဖို့အတွက် စပါးအသင်းထံကို ပြောင်းရွှေ့ကြေး ပေါင်၁၀သန်းပေးချေဖို့ ကမ်းလှမ်းထားကာ စပါးအသင်းဘက်ကတော့ အဆိုပါ ကမ်းလှမ်းမှုကို သဘောမတူပဲ ပေါင်၂၀သန်းခန့် အလိုရှိနေတယ်လို့ သိရပါတယ်။