ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ အဲရစ်ဆင်က သူ့ရဲ့ ခြေကျင်းဝတ်ဒဏ်ရာ ပျောက်ကင်းသွားတာကြောင့် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီလို့ သိရှိရပါတယ်။

အသက် ၃၁နှစ် အရွယ် ဒိန်းမတ်လက်ရွေးစင် ဗဟိုကွင်းလယ်လူ အဲရစ်ဆင်က ယခုနှစ် ဘောလုံးရာသီ အစကမှ မန်ချက်စတာ ယူနိုက်တက်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် အချိန်တို အတွင်းမှာပဲ အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်လာကာ ဘရူနို ဖာနန်ဒက် ၊ ကတ်စ်မဲရိုးတို့နဲ့ တွဲဖက်ကာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်ကို ထိန်းကျောင်းနေသူပါ။

Photo Credit: Mirror

ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အဲရစ်ဆင်က မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးဒင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ရီးဒင်းတိုက်စစ်မှူး အန်ဒီ ကာရိုးလ်ရဲ့ ဥပဒေပ ဖျက်ထုတ်မှုကို ခံခဲ့ရပြီး အဆိုပါဒဏ်ရာကြောင့်ပဲ အဲရစ်ဆင်ဟာ ၃လကျော်ကြာ အနားယူခဲ့ရပါတယ်။

လက်ရှိမှာတော့ အဲရစ်ဆင်က ခြေကျင်းဝတ်ဒဏ်ရာ ကနေ ပြန်လည် သက်သာလာပြီ ဖြစ်ကာ ယနေ့မှာပဲ အဲရစ်ဆင်ဟာ ဘောလုံးနဲ့အတူ လေ့ကျင့်ရတဲ့ အပေါ့စား လေ့ကျင့်ခန်းတွေကို ပြန်လုပ်နိုင်နေပြီး မကြာခင်မှာ အသင်းနဲ့အတူ ပူးပေါင်းကာ လေ့ကျင့်နိုင်ပါတော့မယ်။

Photo Credit: Mirror

ခြေကျင်းဝတ်ဒဏ်ရာ ကနေ ပြန်လည် သက်သာလာတဲ့ အကြောင်းကို အဲရစ်ဆင်က သူ့ရဲ့ လူမှုကွန်ယက်မှာ ဘောလုံးကန်ဖိနပ် ဝတ်ဆင်ထားတဲ့ ဓာတ်ပုံတခုကို တင်ကာ ပရိသတ်တွေဆီ အသိပေးခဲ့တာ ဖြစ်ပြီး အဲရစ်ဆင်က ၄လပိုင်း အစောပိုင်းမှာပဲ မန်ချက်စတာ ယူနိုက်တက် အတွက် ပြန်ကစားပေးနိုင်ဖွယ် ရှိပါတယ်။

အဲရစ်ဆင် တယောက် ဒဏ်ရာကနေ ပြန်လည် သက်သာလာတာဟာ ဧပြီလထဲမှာ ၃ရက် တပွဲနှုန်းနဲ့ ကန်ရမယ့် မန်ချက်စတာ ယူနိုက်တက် အတွက် သတင်းကောင်း တခုပဲ ဖြစ်ပါတယ်။