မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်က သူတို့အသင်းဟာ နည်းပြအဲရစ်တန်ဟက်ဂ်ရဲ့လက်အောက်မှာ လမ်းကြောင်းပေါ်မှန်ကို ပြန်လည် ရောက်ရှိနေပြီလို့ ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်အပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Manchester United snatched a point at Stamford Bridge thanks to an injury time equaliser

Photo Credit : Daily Mail

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်တာအတွင်းမှာပဲ တော့တင်ဟမ်ဟော့စပါးအသင်းကို အနိုင်ယူခဲ့ပြီး ချယ်လ်ဆီး နယူးကာဆယ်တို့ကို သရေကျထားခဲ့ပေမယ့် အသင်းရဲ့ ကစားဟန်နဲ့ အသင်းသားတွေရဲ့ ပွဲအတွင်း ထားရှိတဲ့ စိတ်ဓါတ်တွေနဲ့အတူ အသင်းက လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေခဲ့ပြီလို့ အဲရစ်ဆင်က ယုံကြည်နေပါတယ်။ “ကျွန်တော်တို့မှာ (၃)ပွဲကစားအပြီး (၉)မှတ် ရှိမနေခဲ့ဘူးဆိုရင် ကျွန်တော်တို့ ပိုင်ဆိုင်လိုက်ရတဲ့ ရမှတ်ထက် ရှေ့လျှောက် ပိုကောင်းလာအောင် လုပ်ဖို့ကိုပဲ ရည်မှန်းထားပါတယ်။ ဒါပေမယ့် ခြုံငုံပြီး တွေးကြည့်လိုက်ရင်တော့ ကျွန်တော်တို့ ရရှိခဲ့တာတွေအတွက် ဂုဏ်ယူရပါတယ်”

Christian Eriksen believes Manchester United are 'on the right path' with Erik ten Hag

Photo Credit : Daily Mail

“စပါးနဲ့ပွဲက ကြီးမားတဲ့ စွမ်းဆောင်မှုတစ်ခု ဖြစ်ခဲ့ရပြီး ချယ်လ်ဆီးနဲ့ ပွဲကိုပါ အနိုင်ရလိုက်မယ်ဆိုရင် ပိုပြီးပြည့်စုံသွားမှာ။ ဒါပေမယ့် ကျွန်တော်တို့ အခု ရောက်နေတဲ့ နေရာထက် ပိုပြီးတော့ နှစ်သက်စရာကောင်းမယ့် နေရာတစ်ခုကို အရောက်သွားဖို့အတွက် လမ်းကြောင်းမှန်ပေါ်ကို ရောက်နေပါပြီ” လို့ အဲရစ်ဆင်က ပြောဆိုသွားခဲ့ပါတယ်။ ဆက်လက်ပြီး အဲရစ်ဆင်က ချယ်လ်ဆီး ပွဲအကြောင်းနဲ့ ပတ်သတ်ပြီးတော့လည်း “ပထမပိုင်း ပွဲကစားချိန် အများစုမှာ ကျွန်တော်တို့တွေ ပိုကောင်းအောင် ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးခဲ့တယ်။ သူတို့အသင်းထက် ပိုပြီး ပွဲကို စိုးမိုးထားနိုင်ခဲ့တယ်။ ဒါကြောင့် ပထမပိုင်းမှာ ဂိုးတစ်ဂိုး ဒါမှမဟုတ် နှစ်ဂိုးလောက် သွင်းထားပြီး ကျွန်တော်တို့အတွက် ပိုလွယ်ကူသွားအောင် လုပ်ဆောင်နိုင်ခဲ့သင့်တယ်လို့ ကျွန်တော် ထင်မြင်မိတယ်” ပြောဆိုခဲ့ပါသေးတယ်။ ဒီနှစ်နွေမှ ဘရန့်ဖို့ဒ်အသင်းကနေ ယူနိုက်တက်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမား အဲရစ်ဆင်ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ (၁၄)ပွဲ ပါဝင်ကစားထားခဲ့ပြီး (၃)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။