အင်တာမီလန်အသင်းကတော့ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းမှာ ပရီးမီးယားလိဂ်ကြယ်ပွင့် ကစားသမားတွေဖြစ်တဲ့ လူကာကူနဲ့ အလက်ဆစ်ဆန်းချက်ဇ်တို့ကို ခေါ်ယူခဲ့တဲ့အပြင် အခုဆောင်းရာသီစျေးကွက်မှာလည်း အက်ရှ်လေယန်းကို ထပ်မံခေါ်ဆောင်ခဲ့ပါသေးတယ်။ ဒါတွေတင်မကသေးပဲ အင်တာအသင်းက နောက်ထပ် ပရီးမီးယားလိဂ်ကြယ်ပွင့်တွေဖြစ်တဲ့ ခရစ္စတီယန်အဲရစ်ဆင် ဗစ်တာမိုဆက်စ်နဲ့ အိုလီဗာဂျရှုးတို့ကို ထပ်မံခေါ်ဆောင်သွားဖို့ ကြိုးပမ်းလို့နေပြီး နောက်ထပ်ကစားသမား၂ယောက်လောက် အသင်းဆီ ထပ်ရောက်လာနိုင်တယ်လို့ သတင်းတွေ ထွက်လို့နေပါတယ်။

Photo Credit : Getty Images

နာမည်ကျော် အီတလီအားကစားဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဒီမာဇီယိုရဲ့ဖော်ပြချက်တွေအရ အင်တာမီလန်အသင်းဟာ ဒီရက်ပိုင်းအတွင်း စပါးကွင်းလယ်လူအဲရစ်ဆင်နဲ့ ချယ်လ်ဆီးတောင်ပံကစားသမားမော့ဆက်စ်တို့ကို အပြီးသတ်ခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ သိရှိရပါတယ်။ လက်ရှိ အင်တာမီလန်နည်းပြ ကွန်တီကလည်း ဂျုဗင်တပ်စ်အသင်းနဲ့ လမ်းခွဲပြီးတဲ့နောက် ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ၂နှစ်တာလောက် ကျင်လည်ဖြတ်သန်းခဲ့သေးတာကြောင့် အခုလို အင်တာနည်းပြ ဖြစ်လာချိန်မှာ သူရင်းနှီးထားရတဲ့ ပရီးမီးယားလိဂ်ကြယ်ပွင့်တွေထဲကမှ သူစိတ်တိုင်းကျခဲ့ရတဲ့ ကစားသမားတွေကို ခေါ်ယူနေတာဖြစ်ပါတယ်။

Photo Credit : Getty Images

အင်တာမီလန်အသင်းဟာ အခုဆောင်းရာသီစျေးကွက်မှာ အက်ရှ်လေယန်းတစ်ဦးတည်းကိုသာ ခေါ်ယူထားခဲ့ရပြီး လက်ရှိမှာလည်း စီးရီးအေချန်ပီယံဆုအတွက် လက်ရှိချန်ပီယံ ဂျုဗင်တပ်စ်အသင်းနဲဲ့ ၄မှတ်အထိကို ကွာဟထားခဲ့ရတဲ့အပြင် လာဇီယိုနဲ့ကလည်း အမှတ်တွေပြန်ကပ်လာခဲ့လို့ စျေးကွက်မပိတ်ခင်မှာ ကစားသမားသစ်တွေကို ရသလောက်ခေါ်ယူသွားဖွယ်ရှိလို့နေပါတယ်။ အင်တာအသင်းအနေနဲဲ့ အဓိက ခေါ်ယူချင်နေတာကတော့ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား အဲရစ်ဆင်ဖြစ်ပြီး ဒီစျေးကွက်မှာလည်း အင်တာအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ မကြာခဏ ထွက်ပေါ်ခဲ့ကာ အင်တာအသင်းသား ဖြစ်လာဖို့ အလွန်နီးစပ်လို့နေပါတယ်။ နောက်ထပ် အင်တာနဲ့ သတင်းထွက်နေတဲ့ မိုဆက်စ်ကတော့ ကွန်တီရဲ့တပည့်ဟောင်းဖြစ်ပြီး ချယ်လ်ဆီးကနေ ကွန်တီထွက်သွားပြီးနောက် အသင်းမှာ နေရာပျောက်လာရင်းနဲ့ နောက်ဆုံးမှာတော့ တူရကီထိပ်သီးကလပ် ဖီနာဘာချီအသင်းဆီကို အငှားနဲ့သွားကစားနေရတာဖြစ်ပါတယ်။

(Zawgyi)

လူကာကူ ယန္းတုိ႔အၿပီး ေနာက္ထပ္ပရီးမီးယားလိဂ္ၾကယ္ပြင့္ေတြကုိ ေခၚယူဦးမယ့္ အင္တာ

အင္တာမီလန္အသင္းကေတာ့ ၿပီးခဲ႔တဲ႔ေႏြေစ်းကြက္အတြင္းမွာ ပရီးမီးယားလိဂ္ၾကယ္ပြင့္ ကစားသမားေတြျဖစ္တဲ႔ လူကာကူနဲ႔ အလက္ဆစ္ဆန္းခ်က္ဇ္တုိ႔ကုိ ေခၚယူခဲ႔တဲ႔အျပင္ အခုေဆာင္းရာသီေစ်းကြက္မွာလည္း အက္ရွ္ေလယန္းကုိ ထပ္မံေခၚေဆာင္ခဲ႔ပါေသးတယ္။ ဒါေတြတင္မကေသးပဲ အင္တာအသင္းက ေနာက္ထပ္ ပရီးမီးယားလိဂ္ၾကယ္ပြင့္ေတြျဖစ္တဲ႔ ခရစၥတီယန္အဲရစ္ဆင္ ဗစ္တာမုိဆက္စ္နဲ႔ အုိလီဗာဂ်ရွုးတုိ႔ကုိ ထပ္မံေခၚေဆာင္သြားဖုိ႔ ႀကိဳးပမ္းလုိ႔ေနၿပီး ေနာက္ထပ္ကစားသမား၂ေယာက္ေလာက္ အသင္းဆီ ထပ္ေရာက္လာႏုိင္တယ္လုိ႔ သတင္းေတြ ထြက္လိ႔ုေနပါတယ္။

Photo Credit : Getty Images

နာမည္ေက်ာ္ အီတလီအားကစားဂ်ာနယ္လစ္တစ္ဦးျဖစ္တဲ႔ ဒီမာဇီယုိရဲ႕ေဖာ္ျပခ်က္ေတြအရ အင္တာမီလန္အသင္းဟာ ဒီရက္ပုိင္းအတြင္း စပါးကြင္းလယ္လူအဲရစ္ဆင္နဲ႔ ခ်ယ္လ္ဆီးေတာင္ပံကစားသမားေမာ့ဆက္စ္တုိ႔ကုိ အၿပီးသတ္ေခၚယူႏုိင္ဖြယ္ရွိတယ္လုိ႔ သိရွိရပါတယ္။ လက္ရွိ အင္တာမီလန္နည္းျပ ကြန္တီကလည္း ဂ်ဳဗင္တပ္စ္အသင္းနဲ႔ လမ္းခြဲၿပီးတဲ႔ေနာက္ ခ်ယ္လ္ဆီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္မွာ ၂ႏွစ္တာေလာက္ က်င္လည္ျဖတ္သန္းခဲ႔ေသးတာေၾကာင့္ အခုလုိ အင္တာနည္းျပ ျဖစ္လာခ်ိန္မွာ သူရင္းႏွီးထားရတဲ႔ ပရီးမီးယားလိဂ္ၾကယ္ပြင့္ေတြထဲကမွ သူစိတ္တုိင္းက်ခဲ႔ရတဲ႔ ကစားသမားေတြကုိ ေခၚယူေနတာျဖစ္ပါတယ္။

Photo Credit : Getty Images

အင္တာမီလန္အသင္းဟာ အခုေဆာင္းရာသီေစ်းကြက္မွာ အက္ရွ္ေလယန္းတစ္ဦးတည္းကုိသာ ေခၚယူထားခဲ႔ရၿပီး လက္ရွိမွာလည္း စီးရီးေအခ်န္ပီယံဆုအတြက္ လက္ရွိခ်န္ပီယံ ဂ်ဳဗင္တပ္စ္အသင္းနဲဲ႔ ၄မွတ္အထိကုိ ကြာဟထားခဲ႔ရတဲ႔အျပင္ လာဇီယုိနဲ႔ကလည္း အမွတ္ေတြျပန္ကပ္လာခဲ႔လုိ႔ ေစ်းကြက္မပိတ္ခင္မွာ ကစားသမားသစ္ေတြကုိ ရသေလာက္ေခၚယူသြားဖြယ္ရွိလုိ႔ေနပါတယ္။ အင္တာအသင္းအေနနဲဲ႔ အဓိက ေခၚယူခ်င္ေနတာကေတာ့ ဒိန္းမတ္လက္ေရြးစင္ ကြင္းလယ္တုိက္စစ္ကစားသမား အဲရစ္ဆင္ျဖစ္ၿပီး ဒီေစ်းကြက္မွာလည္း အင္တာအသင္းနဲ႔ အေျပာင္းအေရႊ႕သတင္းေတြ မၾကာခဏ ထြက္ေပၚခဲ႔ကာ အင္တာအသင္းသား ျဖစ္လာဖုိ႔ အလြန္နီးစပ္လုိ႔ေနပါတယ္။ ေနာက္ထပ္ အင္တာနဲ႔ သတင္းထြက္ေနတဲ႔ မုိဆက္စ္ကေတာ့ ကြန္တီရဲ႕တပည့္ေဟာင္းျဖစ္ၿပီး ခ်ယ္လ္ဆီးကေန ကြန္တီထြက္သြားၿပီးေနာက္ အသင္းမွာ ေနရာေပ်ာက္လာရင္းနဲ႔ ေနာက္ဆုံးမွာေတာ့ တူရကီထိပ္သီးကလပ္ ဖီနာဘာခ်ီအသင္းဆီကုိ အငွားနဲ႔သြားကစားေနရတာျဖစ္ပါတယ္။