MySport Myanmar

လာမယ့်နွေမှာ မက်ဂွိုင်းယားကို အသင်းကနေ ရောင်းထုတ်သွားချင်နေတဲ့ တန်ဟက်ဂ်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က လာမယ့်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံကစားသမား ဟာရီမက်ဂွိုင်းယားကို အသင်းကနေ ရောင်းထုတ်ပြီးတော့ အသင်းခံစစ်ပိုင်းကိုလည်း ပြန်လည် တည်ဆောက်သွားဖို့ စီစဉ်ထားတယ်လို့ သိရှိရပါတယ်။

Photo Credit : The Guardian

မက်ဂွိုင်းယားက ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ်ပြီး အသင်းရဲ့ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်ပေမယ့်လည်း နည်းပြအဲရစ်တန်ဟက်ဂ်လက်အောက်မှာတော့ မက်ဂွိုင်းယားက ပြိုင်ပွဲစုံ (၉)ပွဲ ကစားခဲ့ရအတဲ့အနက် (၅)ပွဲကိုသာ ပွဲထွက်ကစားသမားအဖြစ်သာ ကစားထားခဲ့ရပါတယ်။ ပရီးမီးယားလိဂ်မှာလည်း (၃)ပွဲသာ first line-up ထဲ ပါဝင်ခဲ့ရတဲ့ မက်ဂွိုင်းယားဟာ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွဲမယ့် အင်္ဂလန်အသင်းရဲ့ အပြီးသတ် ကစားသမားစာရင်းမှာ ပါဝင်လာခဲ့ရသလို အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်ဟာလည်း မက်ဂွိုင်းယားကိုလည်း အသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ်ပါ အသုံးပြုဖွယ် ရှိနေနိုင်ပါတယ်။

Photo Credit : Sky Sports

ဒီလို အခြေအနေမျိုး ရှိနေတဲ့ မက်ဂွိုင်းယားဟာ အင်္ဂလန်အသင်းရဲ့ world cup squad အတွက် ရွေးချယ်ခံရပြီးနောက်မှာပဲ သူ့အတွက် သတင်းဆိုးတစ်ခုပါ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီသတင်းကို နာမည်ကျော် ဗြိတိန်သတင်းမီဒီယာကြီး The Guardian ကနေ ဖော်ပြလာခဲ့တာဖြစ်ပြီး ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က လာမယ့်နွေမှာ သူ စိတ်တိုင်းမကျဖြစ်နေတဲ့ မက်ဂွိုင်းယားကို အသင်းကနေ ရောင်းထုတ်သွားချင်တဲ့ သတင်းတစ်ခုပဲ ဖြစ်ပါတယ်။ မက်ဂွိုင်းယားဟာ ၂၀၁၉ခုနှစ်ကမှ လက်စတာကနေ ယူနိုက်တက်အသင်းဆီ ပေါင်သန်း(၈၀)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၂၀ခုနှစ် ဇန်နဝါရီလမှာပဲ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်အဖြစ် စတင် သတ်မှတ်ခံလာရပါတယ်။ ဒါပေမယ့် မက်ဂွိုင်းယားက သူရဲ့ခြေစွမ်း မတည်ငြိမ်မှုနဲ့ အသင်းခေါင်းဆောင်တစ်ဦးလို တာဝန်မယူနိုင်မှုတွေကြောင့် အသင်းပရိသတ်တွေရဲ့ ဝေဖန်လှောင်ပြောင်မှုတွေနဲ့ပါ ရင်ဆိုင်ခဲ့သလို လက်ရှိ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကလည်း မက်ဂွိုင်းယားကို အသင်းမှာ နေရာမပေးချင်တော့တဲ့အပြင် အသင်းကနေပါ ရောင်းထုတ်သွားဖို့ပါ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် တန်ဟက်ဂ်က ၂၀၂၃ခုနှစ်မှာ စာချုပ်ကုန်ဆုံးတော့မယ့် ကွင်းလယ်လူ ဖရက်ဒ်ကိုပါ အသင်းကနေ လက်လွတ်သွားဖို့ပါ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Exit mobile version