မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ပေါလ်ပါ့ကားက ယူနိုက်တက်အသင်းအနေနဲ့ လာမယ့် အဲဗာတန်နဲ့ပွဲစဉ်မှာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ဘရူနိုဖာနန်ဒက်စ်ထက် ဖရက်ဒ်ကိုသာ ပိုမို အသုံးပြုသွားသင့်တယ်လို့ အကြံပြု တိုက်တွန်းလိုက်ပါတယ်။
Photo Credit : Manchester Evening News
ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ကွင်းလယ်လူ ဖာနန်ဒက်စ်ဟာ ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ (၁၀)ပွဲ ပွဲတိုင်းနီးပါး ကစားထားခဲ့ရပေမယ့် ယူနိုက်တက် player ဟောင်းကြီး ပါ့ကားကတော့ အသင်းကွင်းလယ်မှာ ဖာနန်ဒက်စ်ထက် ဖရက်ဒ်ကို ထည့်သွင်းကစားသင့်ကြောင်းနဲ့ ဒီအချိန်မှာလည်း ဖရက်ဒ်က ပွဲထွက်ကစားသမားအဖြစ် ပါဝင်ရဖို့ ထိုက်တန်နေပြီလို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ ပေါလ်ပါ့ကားက “ဖရက်ဒ် ဒီအချိန်မှာ ကစားခွင့်ရဖို့ ထိုက်တန်နေပါပြီ။ သူက တကယ်ကို ကောင်းတဲ့ ကစားသမားပါ”
Photo Credit : Manchester Evening News
“ကျွန်တော့်အမြင်ရဆိုရင်တော့ တစ်ချိန်လုံး အသင်းဖော်တွေကို လက်ဝှေ့ရမ်းပြပြီး ညည်းတွားနေတတ်တဲ့ ဖာနန်ဒက်စ်အစား ဝင်ကစားနေသင့်ပါပြီ။ ဖရက်ဒ်သာ ကွင်းထဲမှာ ရှိနေတယ်ဆိုရင် ကွင်းထဲမှာ လျင်လျင်မြန်မြန် ပြေးလွှားနေမယ့်သူတစ်ယောက်ကို သင်ရလိမ့်မယ်။ ခံစစ်ပိုင်းအတွက် လိမ်မာပါးနပ်သူတစ်ဦးကိုလည်း သင်ရနေလိမ့်မယ်။ သူက အမှားအယွင်းတွေလည်း အများကြီး မလုပ်ဆောင်တတ်ပါဘူး။ ဒါပေမယ့် သူက ဖိအားတော့ ပေးတတ်တယ်။ အခွင့်အရေးတွေ ကြုံလာခဲ့ရင်တော့ သူနဲ့ သူ့အေးဂျင့်တို့က ဇန်နဝါရီလမှာပဲ ကလပ်အသင်းသစ် တစ်သင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားလာမှာ အသေအချာပါပဲ။ ဖရက်ဒ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ စူပါပရိုတစ်ယောက်လိုပါပဲ။ ညည်းညူနေတတ်တာမျိုးလည်း မရှိသလို ပြသာနာလည်း တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး” လို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။ ဘရာဇီးလ်လက်ရွေးစင် ကွင်းလယ်လူ ဖရက်ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် (၉)ပွဲ ကစားထားရပေမယ့် အသင်းအတွက် (၃)ပွဲသာ ပွဲထွက်ကစားထားရပြီး ကျန်တဲ့ ပွဲအများစုမှာတော့ လူစားဝင် ကစားသမားအဖြစ်နဲ့ပဲ ကစားခွင့်ရခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့ညမှာပဲ အဲဗာတန်အသင်းနဲ့ ဂွတ်ဒီဆင်ပတ်ခ်ကွင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၁၀)အဖြစ် ကစားသွားရမှာ ဖြစ်ပါတယ်။