MySport Myanmar

ခက်ခဲလွန်းတဲ့ အလုပ်တစ်ခုဖြစ်တာကြောင့် သေချာ ကြိုးစား လုပ်ဆောင်ရမယ်လို့ တန်ဟက်ဂ် ဝန်ခံ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ် အဲရစ်တန်ဟက်ဂ်က သူရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲစဉ်မှာ အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်မှာ ယူနိုက်တက်နည်းပြ ရာထူးဟာ သူ့အတွက် ခက်ခဲကြမ်းတမ်းလွန်းတဲ့ အလုပ်တစ်ခု ဖြစ်နေတာကြောင့် သေချာ ကြိုးစား လုပ်ဆောင်သွားဖို့ လိုအပ်နေတယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အိုင်းယတ်စ်အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ တန်ဟက်ဂ်ဟာ သူရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းကို အိုးထရက်ဖို့ဒ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်ခဲ့စဉ် အသင်းအတွင်း ကစားသမားတွေရဲ့ လိုအပ်ချက်များစွာ under performance များစွာ အမှားများစွာတို့ကြောင့် ပထမပိုင်းမှာကတည်းက (၂)ဂိုးပြတ်နဲ့ ဦးဆောင်ခံထားရသလို ပွဲအပြီးမှာလည်း (၁)ဂိုး(၂)ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ဒီရှံးပွဲဟာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်အတွက် တာထွက်ဆိုးရွှားခဲ့ရသလို သူ့အတွက် ယူနိုက်တက်နည်းပြ တာဝန်က ခက်ခဲမှုတွေ ပြည့်နက်နေတဲ့ အလုပ်မျိုး ဖြစ်တယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

နည်းပြတန်ဟက်ဂ်က “ဒါက ခက်ခဲကြမ်းတမ်းလွန်းတဲ့ အလုပ်တစ်ခုပါ။ ကျွန်တော်တို့တွေ သေချာလေးကို ကြိုးစားသွားရမယ် ခွဲခြမ်းစိတ်ဖြာ လေ့လာမှုတွေလုပ်ပြီး ရှေ့ဆက်ရပါလိမ့်မယ်။ ညတွင်းချင်းတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်သင့်တယ်လို့တော့ ကျွန်တော်ထင်ပါတယ်။ ရှုံးပွဲက စိတ်ပျက်စရာကောင်းတယ်။ ဒါကိုလည်း ကျွန်တော်တို့ ရင်ဆိုင်ဖြတ်သန်းနိုင်ဖို့ လိုအပ်ပါတယ်။ ဒါက အချိန်ယူဖို့ လိုအပ်တယ် ဆိုပေမယ့်လည်း ကျွန်တော်တို့မှာ အချိန်မရှိတော့ပါဘူး။ အခြေအနေတွေကိုလည်း ကျွန်တော်တို့ သတိထားမိပါတယ်။ ကျွန်တော်တို့ ပွဲတိုင်းကို အနိုင်ရနေရမယ်။ ဒါကလည်း ရှိကိုရှိနေရမယ့် သဘောထားမျိုး ဖြစ်နေရမယ်။ အခုပွဲနဲ့ ပတ်သက်ပြီး ကျွန်တော်တို့တွေ မပျော်ရွှင်နေရဘူးဆိုတာလည်း ရှင်းပါတယ်။ ဒါကို သင်ခန်းစာယူပြီး ရှေ့ဆက်သွားရပါမယ်။ ပထမပိုင်းတုန်းမှာက ကျွန်တော်တို့ ယုံကြည်မှုတွေ ကျဆင်းခဲ့ပြီး ဒါမျိုးက ဖြစ်လာလို့ မရပါဘူး။ ပြီးခဲ့တဲ့နှစ်နောက်ပိုင်းမှာတုန်းက ဖြစ်ခဲ့တာကို ကျွန်တော် နားလည်နိုင်ပေမယ့်လည်း သူတို့တွေက ကစားသမားကောင်းတွေ ဖြစ်နေတာမို့ ဒါမျိုးတွေဖြစ်ဖို့ မလိုအပ်ပါဘူး။ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေကို ကွင်းထဲ သယ်ဆောင်လာဖို့ လိုပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ တန်စက်ဂ်ဟာ လာမယ့် စနေနေ့မှာတော့ ဘရန့်ဖို့ဒ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂)အဖြစ် ဆက်လက် ရင်ဆိုင်သွားရမှာဖြစ်ပြီး ဒီပွဲမှာတော့ ရလဒ်ကောင်းတစ်ခု ဖော်ဆောင်နိုင်ဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။

Exit mobile version