မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က အသင်းအနေနဲ့ လာမယ့် ဈေးကွက်တွေအတွင်း ထိပ်တန်း ကစားသမားကောင်းတွေကို အသင်းအတွက် ခေါ်ယူ အားဖြည့်ဖို့ လိုအပ်လိမ့်မယ်လို့ အသိပေး ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Erik ten Hag is already planning his summer business regardless of who takes over at United

Photo Credit : Daily Mail

အိုးထရက်ဖို့ဒ်မှာ လိဒ်စ်ယူနိုက်တက်အသင်းကို ဧည့်ခံ ကစားခဲ့ရင်း တစ်ဖက်ကို (၂)ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ ယူနိုက်တက် နည်းပြ တန်ဟက်ဂ်က အသင်းအနေနဲ့ အဓိက ဆုဖလားကြီးတွေကို ရယူနိုင်ဖို့အတွက် လုံလောက်သော ကစားသမား အစုအဖွဲ့မျိုး ရှိမနေသေးဘူးလို့ သံသယ ဖြစ်လာခဲ့ရပါတယ်။ တန်ဟက်ဂ်က အသင်းရဲ့ ကွင်းလယ်ပိုင်းအတွင်း အဲရစ်ဆန် ဒဏ်ရာရပြီး ကက်စီမဲရိုး ပွဲပယ် ပြစ်ဒဏ်ထိနေရချိန် အသင်းရဲ့ နေရာတိုင်းလိုလိုမှာ ထိပ်တန်း ကစားသမား (၂)ဦးဆီ လိုအပ်နေလိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Manchester United dropped points at Old Trafford after drawing 2-2 against Leeds last week

Photo Credit : Daily Mail

“ကျွန်တော်တို့တွေ မန်ချက်စတာယူနိုက်တက်အသင်းကို နဂိုအတိုင်း ပြန်ဖြစ်လာစေချင်တယ်ဆိုရင် နေရာတိုင်းလိုလိုမှာ ထိပ်တန်း ကစားသမား (၂)ယောက်ဆီ လိုအပ်နေပါမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ပြိုင်ပွဲများစွာမှာ ယှဉ်ပြိုင်ချင်တဲ့အတွက်ကြောင့်ပါ။ ဒါကို ပြီးခဲ့တဲ့ ပွဲစဉ်တုန်းက ခင်ဗျားတို့ မြင်တွေ့ခဲ့မှာပါ။ အချို့နေရာတွေမှာ အရည်အသွေးတွေ ကင်းမဲ့နေတယ်ဆိုတာကို သတိထားမိနိုင်မှာပါ။ ဒီလို ပုံစံနဲ့ အသင်းကို အမြင့်ဆုံး အနေအထားမျိုး ယှဉ်ပြိုင်နိုင်ဖို့ မဖြစ်နိုင်ဘူး။ ကျွန်တော် ဒီမှာ အသင်းကို ကိုင်တွယ်ဖို့နဲ့ အသင်းဆီကနေ အကောင်းဆုံး ဆိုတာတွေ ရရှိလာဖို့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီးတော့ အသင်းအတွက် မှန်ကန်တဲ့ ကစားသမားတွေကို ခေါ်ယူပေးသွားဖို့ကလည်း ကျွန်တော့် အလုပ်ပါပဲ”

Every word from Erik ten Hag's pre-Leeds press conference | Manchester  United

Photo Credit : Manchester United

“ကလပ်အသင်းရဲ့ ဘုတ်အဖွဲ့နဲ့ စီမံခန့်ခွဲမှုတွေနဲ့ ပတ်သတ်ပြီး အဆက်အသွယ်ကောင်းတွေ များစွာ ရှိနေတယ်ဆိုပေမယ့် ကျွန်တော်က ဒီမှာ ဘဏ္ဍာရေးဆိုင်ရာ အကြောင်းကိစ္စတွေကို လုပ်ဆောင်ဖို့ ရောက်ရှိနေတာ မဟုတ်ပါဘူး။ ကွင်းအတွင်း ရလဒ်ကောင်းဖို့နဲ့ အသင်း အောင်မြင်မှု ရရှိုဖို့သာ ကျွန်တော့် တာဝန်ပါ။ ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ ရင်းနှီးမြှပ်နှံမှုတွေကိုလည်း တွေ့ကြမှာပါ။ သူတို့ဆီမှာ အရည်အချင်းရှိတဲ့ ကစားသမားတွေ နည်းပြတွေလည်း ရှိကြတယ်။ ဒါကြောင့် ပြိုင်ပွဲကလည်း ခက်ခဲလာတယ်။ အရင်ကသာ (၂)သင်းတည်း ပြေးနေတာဆိုပေမယ့် အခုက (၇)သင်း (၈)သင်းလောက် ပြိုင်နေရပြီလို့ ထင်မိပါတယ်။ ကျွန်တော် ဒီကို စ ရောက်လာချိန်တုန်းက ပြောခဲ့သလို အကြောင်းကိစ္စတွေကို ပြောင်းလဲနိုင်ပါတယ်ဆိုတဲ့ စကားကိုပဲ ပြန်ပြီး ကိုးကားလို့ ရနိုင်ဆဲပါပဲ” လို့ တန်ဟက်ဂ်က ပြောဆိုသွားခဲ့ပါတယ်။