MySport Myanmar

အသင်းအတွက် နိုင်ပွဲ စိတ်ဓာတ်တွေ ဖန်တီးပေးသွားမယ်လို့ တန်ဟက်ဂ် ကတိပြု

မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်က အသင်းအတွက် နိုင်ပွဲတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ စိတ်ဓာတ်တွေ ခံယူချက်တွေနဲ့ ယုံကြည်မှုတွေအားလုံးကို ဖန်တီးပေးသွားမယ်လို ကတိပြု ပြောဆိုခဲ့ပြီး အသင်းကို နေရာမှန် ပြန်ရောက်အောင် လုပ်ဆောင်သွားမယ်လို ကတိပြုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အေဂျက်စ်နည်းပြဟောင်း တန်ဟက်ဂ်ဟာ မန်ယူနိုက်တက်အသင်းကို စတင် ကိုင်တွယ်ချိန်ကတည်းကနေ လက်ရှိအချိန်ထိ အသင်းရဲ့ ရလဒ်ပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းတွေကို တဖြည်းဖြည်းချင်း တိုးတတ်လာအောင် လုပ်ဆောင်ပေးထားနိုင်ပါတယ်။ အခုလည်း နူးကမ့်မှာ ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်သွားရမယ့် ယူရိုပါလိဂ်ပွဲစဥ် မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ တန်ဟက်ဂ်က အသင်းအတွက် winning culture တစ်ခုကို တည်ဆောက်ပေးသွားဖို ကတိပြု ပြောဆိုသွားခဲ့ပြီး ဒီလို လုပ်ဆောင်နိုင်ဖိုအတွက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံးဖြစ်အောင် လုပ်ရမယ်လိုပါ ပြောဆိုခဲ့ပါတယ်။

Photo Credit : Daily Mail

“ကျွန်တော် ဒီမှာ အဆင်ပြေနေတယ်။ ပျော်ရွင်နေတယ်။ ကျွန်တော်က စိန်ခေါ်မှုအသစ်တွေကို ရှာဖွေနေတာပါ။ မန်ချက်စတာ ယူနိုက်တက်ကလည်း အသင်းကြီး တစ်သင်းဆိုပေမယ့် ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာတော့ အောင်မြင်မှုတွေ နည်းပါးနေခဲ့ပါတယ်။ လက်ရှိမှာ သူတို အရင်က ပိုင်ဆိုင်ခဲ့တဲ့ ကလပ်အသင်းကြီး တစ်ခုလို ပြန်ဖြစ်လာဖို ကြီးမားတဲ့ အရည်အသွေးတွေလည်း ရှိနေပါတယ်။ ကျွန်တော်က အသင်းကို လေ့ကျင့်ပေးရုံသာ မကပါဘူး။ အသင်းအတွင်း culture ကို ပြောင်းလဲဖိုလည်း ပါပါတယ်။ နိုင်ပွဲတွေ အောင်ပွဲတွေနဲ့ ပတ်သတ်တဲ့ winning culture တစ်ခု ရလာဖို ရည်မှန်းထားပါတယ်။ ဒါကို ကျွန်တော်တိုအားလုံး အတူတကွ လုပ်ဆောင်သွားရပါမယ်။ ယူနိုက်တက်က ထိပ်တန်း ကလပ်အသင်းကြီး ဖြစ်ပြီးတော့ ကမ္ဘာတစ်လွှားက လူတွေ အများအပြား အားပေးကြတဲ့ အသင်းပါ။ ဒီအသင်းမှာ ရှိနေတာရတာ ဒီအသင်းရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေရတာကို အရမ်း ပျော်ရွှင်မိပါတယ်။ ဒီအသင်းအတွက် အောင်မြင်မှုတွေကို ရယူသွားချင်ပါတယ်။ ဒါပေမယ့် ဒါက ကာလရှည် လုပ်ဆောင်ရမှာပါ” တန်ဟက်ဂ်က ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Exit mobile version