နည်းပြသစ် ရှာပုံတော်ဖွင့်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းရဲ့နည်းပြသစ်အဖြစ် အေဂျက်စ်အသင်းနည်းပြ တန်ဟက်ဂ်ကို ခန့်အပ်ဖြစ်ခဲ့မယ်ဆိုရင် ယူနိုက်တက်အသင်းဆီကို နယ်သာလန်လူမျိုး ဘောလုံးသမားတွေအပြင် ယူနိုက်တက်မှာ ပါဝင်ကစားခဲ့ဖူးတဲ့ နယ်သာလန် ကစားသမားဟောင်းကြီးတွေဖြစ်တဲ့ ဗန်ဒါဆား နစ္စတယ်ရွိုင်း ဗန်ပါစီနဲ့ စတမ််းတို့ကိုပါ သူရဲ့နည်းပြအဖွဲ့ဝင်အဖြစ် ကမ်းလှမ်းဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။

Erik ten Hag: Manchester United hold talks with Ajax head coach over taking  charge at Old Trafford | Football News | Sky Sports

Photo Credit : Sky Sports

အိုလေဂန်နာဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက် ရန်းနစ်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားခဲ့တဲ့ ယူနိုက်တက်အသင်းဟာ လာမယ့်ဘောလုံးရာသီ မစတင်ခင်မှာပဲ အသင်းအတွက် အမြဲတမ်းနည်းပြတစ်ဦးကို ခေါ်ယူချင်နေပြီး လတ်တလောမှာလည်း ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုနဲ့ အေဂျက်စ်နည်းပြ တန်ဟက်ဂ်တို့ကို ဦးစားပေး ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလေးမှာတော့ နယ်သာလန်လူမျိုး ဘောလုံးနည်းပြ တန်ဟက်ဂ်က ယူနိုက်တက်ရဲ့ နည်းပြသစ်ရာထူးအတွက် အသင်းနဲ့ အင်တာဗျူးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းထွက်လာခဲ့တာကြောင့် တန်ဟက်ဂ်ကို ယူနိုက်တက်ရဲ့နည်းပြအဖြစ် မြင်တွေ့လာရဖို့က အခြေအနေ အတော်များလာခဲ့ပြီ ဖြစ်ပါတယ်။

Robin van Persie and Edwin van der Sar | Robin van, Robin van persie, Van  persie

Photo Credit : Pinterest

အသက်(၅၂)နှစ်အရွှယ်ရှိ နည်းပြတန်ဟက်ဂ်သာ ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖြစ်ခဲ့မယ်ဆိုရင် တချိန်က ယူနိုက်တက်အသင်းမှာ အောင်မြင်မှုများစွာကို ပိုင်ဆိုင်ခဲ့ကြတဲ့ နယ်သာလန် ကစားသမားတွေဖြစ်သော ဗန်ဒါဆား နစ္စတယ်ရွိုင်း ဗန်ဒါဆား စတမ်းတို့ကို သူရဲ့နည်းပြအဖွဲ့မှာ ပါဝင်ဖို့ ကမ်းလှမ်းလာနိုင်ပြီး ဒီကစားသမားတွေထဲမှာ ယူနိုက်တက်နဲ့အတူ နောက်ဆုံးသော ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးခဲ့တဲ့ တိုက်စစ်ကစားသမားကြီး ရော်ဘင်ဗန်ပါစီက တန်ဟက်ဂ်ရဲ့ လက်ထောက်နည်းပြစာရင်းမှာ ပါဝင်လာနိုင်ဖွယ် အရှိဆုံးလို့လည်း သိရပါတယ်။ ဂိုးသမားကြီး ဗန်ဒါဆားက အေဂျက်စ်အသင်းရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူနေသလို တိုက်စစ်မှူးကြီး နစ္စတယ်ရွိုင်းကလည်း သူရဲ့ကလပ်ဟောင်း PSV ကို ကိုင်တွယ်ဖို့ ရှိနေတဲ့အတွက် ဗန်ပါစီသာ တန်ဟက်ဂ်နဲ့အတူ အိုးထရက်ဖို့ဒ်ကို ပြန်လည်ခြေချလာနိုင်ဖွယ် ရှိနေပါတယ်။ လက်ရှိမှာတော့ ပိုချက်တီနိုရော တန်ဟက်ဂ်ရော ယူနိုက်တက်နည်းပြရာထူးကို ရရှိနိုင်မယ့် အခြေအနေမျိုးမှာ ဆတူရှိနေသေးပြီး အသင်းပရိသတ်တွေက တန်ဟက်ဂ်ကို အလိုရှိနေသလို အသင်းကစားသမားတွေက ပိုချက်တီနိုကို ပိုမိုအလိုရှိနေပါတယ်။