MySport Myanmar

ယူနိုက်တက်ရဲ့ ဒီရာသီ နောက်ဆုံးပွဲစဉ်ကို လာရောက်ကြည့်ရှုဖွယ် ရှိနေတဲ့ တန်ဟက်ဂ်

လာမယ့်ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ်အဖြစ် စတင် တာဝန်ယူသွားတော့မယ့် ဒတ်ချ်လူမျိုး ဘောလုံးနည်းပြ အဲရစ်တန်ဟက်ဂ်ဟာ သူရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ လက်ရှိမှာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ကို ရောက်ရှိနေပြီဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ ယူနိုက်တက်အသင်းတို့ရဲက့ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်ကို သွားရောက်ကြည့်ရှုဖွယ် ရှိနေတယ်လို့ သိရပါတယ်။

အေဂျက်စ်နည်းပြဟောင်း တန်ဟက်ဂ်ဟာ မနေ့ကပဲ သူရဲ့လက်ထောက်နည်းပြ မစ်ချယ်ဗန်ဒါဂါ့ဂ်နဲ့အတူ လန်ဒန်မြို့ကို ရောက်ရှိလာခဲ့ပြီး ယူနိုက်တက်အသင်းရဲ့ ရာသီပိတ် နောက်ဆုံးပွဲစဉ်ကိုပါ ပဲလေ့စ်ရဲ့အိမ်ကွင်း Selhurst Park မှာ သွားရောက်ကြည့်ရှုဖို့ပါ အစီအစဉ် ရှိနေတယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါ့အပြင် သူတို့နှစ်ဦးလုံးဟာ ဒီနေ့မှာပဲ ယူနိုက်တက်အသင်းက လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံသွားဖွယ်ပါ ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် တနင်္ဂနွေနေ့မှာ ပဲလေ့စ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ယူနိုက်တက်ရဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ နောက်ဆုံးပွဲကိုတော့ ယူနိုက်တက်ရဲ့ ယာယီနည်းပြ ရန်းနစ်ကသာ ကိုင်တွယ်သွားမှာဖြစ်ပါတယ်။

Photo Credit : The Guardian

အသက်(၅၂)နှစ်အရွှယ်ရှိ တန်ဟက်ဂ်နဲ့ သူရဲ့လက်ထောက်နည်းပြ ဗန်ဒါဂါ့ဂ်တို့ဟာ လာမယ့်ဘောလုံးရာသီမှာပဲ ယူနိုက်တက်အသင်းကို ပူးတွဲတာဝန်ယူသွားဖို့ ရှိနေတဲ့အပြင် ဆာအဲလက်စ်ဖာဂူဆန်ရဲ့ လက်ထောက်နည်းပြ ဖြစ်ခဲ့ဖူးတဲ့ မက္ကလာရင်ဟာလည်း တန်ဟက်ဂ်နဲ့ ပြန်လည်ပူးပေါင်းပြီး ယူနိုက်တက်ကို တာဝန်ယူသွားဖွယ် ရှိနေပါတယ်။ တန်ဟက်ဂ်ဟာ ၂၀၀၈-၂၀၀၉ ဘောလုံးရာသီတုန်းက နယ်သာလန်ကလပ် အက်စ်စီတွမ်တီးအသင်းမှာ မက္ကလာရင်ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွှက်ခဲ့ဖူးတာကြောင့် အခုလို ယူနိုက်တက်နည်းပြ ဖြစ်လာချိန်မှာ သူရဲ့ဆရာသမားကို နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ပေးချင်နေတာ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ တန်ဟက်ဂ်ရဲ့ အသင်းသစ် ဖြစ်လာတော့မယ့် ယူနိုက်တက်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာကို ရောက်ရှိနေပြီး အဆင့်(၆)နေရာမှာ ဆက်လက်ရှိနေနိုင်ဖို့အတွက် ပဲလေ့စ်နဲ့ပွဲကို ခြေမချော်ဖို့ လု်ိအပ်နေပြီး တကယ်လို့ ခြေချော်သွားခဲ့မယ်ဆိုရင် ဝက်စ်ဟမ်းက ဘရိုက်တန်ကို အနိုင်ယူကာ အဆင့်(၆)နေရာကိုပါ သိမ်းပိုက်သွားနိုင်တာကြောင့် ယူနိုက်တက်တို့ ဒီပွဲကို မဖြစ်မနေ အနုုိင်ကစားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

Exit mobile version