MySport Myanmar

ကစားသမားဘဝကို ရိုလာကိုစတာ စီးသလို ဖြတ်သန်းနေရတဲ့ ချူပိုမိုတင်း

ကင်မရွန်း တိုက်စစ်ကစားသမားကြီး ချူပိုမိုတင်းဟာ သူရဲ့ ကစားသမားဘဝကို ရိုလာကိုစတာ စီးနေသလို ပုံစံမျိုးနဲ့ ဖြတ်သန်းနေသူ ဖြစ်ပါတယ်။ စတုတ်စီးတီးအသင်းရဲ့ ကကစားသးတစ်ဦးအဖြစ် ရှိခဲ့စဉ်တုန်းက တန်းဆင်းခဲ့ရတဲ့အထိကို ဖြစ်ခဲ့ရတဲ့ ချူပိုမိုတင်းဟာ အခုတော့လည်း ဘိုင်ယန်မြူးနစ်လို အသင်းမျိုးမှာ ပါဝင်နေရပြီး ဆုဖလားတွေနဲ့ အနီးစပ်ဆုံး အနေအထားမှာလည်း ရှိနေရပါတယ်။

Photo Credit : Sky Sports

ဂျာမနီနိုင်ငံမှာ မွေးဖွားတဲ့ ကင်မရွန်း ကစားသမားကြီး ချူပိုမိုတင်းဟာ သူရဲ့ ကစားသမားဘဝကိုလည်း မွေးရပ်မြေ ဂျာမနီက ကလပ်အသင်းတွေမှာ စတင်ခဲ့ရပြီး ဟမ်းဘတ် နုရင်ဘတ် မိန့်ဇ်နဲ့ ရှော်ကေးအသင်းတွေမှာ ကျင်လည်ခဲ့ပါတယ်။ ဘွန်ဒစ်လီဂါအသင်းတွေမှာသာ ကစားသမားဘဝကို ဖြတ်သန်းနေခဲ့ရတဲ့ ချူပိုမိုတင်းက ၂၀၁၇ခုနှစ်မှာပဲ ပရီးမီးယားလိဂ်ကလပ် စတုတ်အသင်းဆီ ပြောင်းရွှေ့ဖြစ်ပြီး ကမ္ဘာမှာ ဘောလုံးပရိသတ်တွေ အားပေးမှု တခဲနက် ရရှိထားတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကျင်လည်ဖို့ အကြောင်းဖန်လာခဲ့ပေမယ့် အသင်းနဲ့ တစ်ရာသီ ဖြတ်သန်းပြီးချိန်မှာပဲ တန်းဆင်းသွားခဲ့ရပါတယ်။

Photo Credit : Paris Saint Germain

စတုတ်နဲ့ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားတဲ့ ချူပိုမိုတင်းကို လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းက free transfer နဲ့ ခေါ်ယူခဲ့ပြီး ကာဗာနီ နေမာ ဘာပေတို့ရဲ့ အရန်ကစားသမားအဖြစ် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ ကစားသမားဘဝ ပထမဆုံးရာသီမှာပဲ ပြိုင်ပွဲစုံ ပွဲပေါင်း (၃၁)ပွဲ ပါဝင်နိုင်ခဲ့ပြီး လီဂူးချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ နောက်တစ်ရာသီမှာလည်း ချူပိုမိုတင်းဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ ပြည်တွင်းဆုဖလားတွေ အကုန် သိမ်းပိုက်နိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ဖိုင်နယ်အထိ တတ်လှမ်းနိုင်ခဲ့ရပါတယ်။

Photo Credit : FC Bayern

ပီအက်စ်ဂျီနဲ့ နှစ်ရာသီ ဖြတ်သန်းခဲ့ပြီးနောက် ချန်ပီယံလိဂ် ဖိုင်နယ်မှာ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ရင်း လီဝန်ဒေါစကီးရဲ့ back-ip အဖြစ် ကစားခဲ့ပါတယ်။ ဒီရာသီ ဘိုင်ယန်မှာ လီဝန်ဒေါစကီး မရှိတော့တဲ့အချိန် ကစားသမားသစ် မာနေကလည်း ဒဏ်ရာရနေချိန် ချူပိုမိုတင်းက ဘိုင်ယန်အတွက် ပွဲကစားခွင့်တွေ ပိုမို ရရှိလာခဲ့ပြီး ပြိုင်ပွဲစုံ (၂၆)ပွဲမှာ (၁၇)ဂိုးအထိ သွင်းယူထားခဲ့သလို (၁၇)ဂိုးဆိုတဲ့ ဂိုးအရေအတွက်က သူရဲ့ကစားသမားဘဝတစ်လျှောက်မှာ အများဆုံး ပမာဏ ဖြစ်နေလို့ ဒီရာသီက သူ့အတွက် အကောင်းဆုံး ဘောလုံးရာသီတစ်ခု ဖြစ်နေမှာ သေချာပါတယ်။ တကယ်လို့ ဘိုင်ယန်နဲ့သာ ချန်ပီယံလိဂ်ဖလားကို အရ ယူဆောင်နိုင်ခဲ့မယ်ဆိုရင်တော့ ချူပိုမိုတင်းအတွက် လုံးဝကို perfect season တစ်ခု ဖြစ်သွားမှာ အသေအချာပါပဲ။

Exit mobile version