မနေ့ညက ကျင်းပသွားခဲ့တဲ့ စပါးအသင်းနဲ့ နော်ဝစ်ချ်စီးတီးအသင်းတို့ရဲ့ အက်အေဖလား ပဥ္စမအဆင့်ပွဲစဉ်အတွင်းမှာ အိမ်ရှင်စပါးက နောက်ခံလူဗာတွန်ဂန်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ နော်ဝစ်ချ်ရဲ့ချေပဂိုးကြောင့် အချိန်ပို ပင်နယ်တီအထိ ဆက်လက်ကစားခဲ့ရပြီး ပင်နယ်တီမှာတော့ စပါးဘက်က ဒိုင်ယာ လိုဆယ်ဆိုတို့သာ ပင်နယ်တီကို ဝင်အောင်ကန်သွင်းနိုင်ခဲ့ပြီး နော်ဝစ်ချ်အသင်းဘက်ကတော့ ပင်နယ်တီကို တစ်လုံးပဲလွဲချော်ခဲ့တာမို့ နော်ဝစ်တို့ကပဲ ကွာတားဖိုင်နယ်အဆင့်ကို တတ်လှမ်းသွားနိုင်ခဲ့ပါတယ်။

Photo Credit : The Sun

ဒီပွဲအပြီးမှာ စပါးအသင်းရဲ့ အင်္ဂလန်ကွင်းလယ်ကစားသမားဖြစ်သူ အဲရစ်ဒိုင်ယာက ပွဲကြည့်စင်အတွင်းကို ဝင်ရောက်သွားခဲ့ပြီး ပရိသတ်တွေနဲ့ ခိုက်ရန်ဖြစ်ပွားတော့မယ့်ပုံစံဖြစ်နေတာကြောင့် ကွင်းလုံခြုံရေးသမားတွေကနေ လာရောက်ခေါ်ဆောင်သွားခဲ့ရပါတယ်။ လုံခြံုရေးလာရောက်ခေါ်ထုတ်ချိန်မှာတော့ ဒိုင်ယာက သူရဲ့ညီအစ်ကိုဖြစ်သူနဲ့ ပရိသတ်တွေကြားမှာ အချေအတင်ဖြစ်နေလို့ သူကလာရောက်ဖြေရှင်းပေးတာလို့ အော်ဟစ်ပြောဆိုခဲ့ပါတယ်။ ဒိုင်ယာကတော့ အခုလို ကမူးရှးထိုး အပြုအမှုတွေကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ရဲ့အရေးယူမှုတွေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

Photo Credit : The Sun

စပါးနည်းပြ ဟိုဆေးမော်ရင်ဟိုကတော့ သူရဲ့ကစားသမားအပြုအမှုပေါ်မှာ စိတ်ပျက်လျက်ရှိနေပြီး ဒီဖြစ်ရပ်ဟာ ပွဲနဲ့တော့ ဘယ်လိုမှမပတ်သက်ကြောင်း ဒိုင်ယာအနေနဲ့ကလည်း ပရော်ဖက်ရှင်နယ်ပီသစွာနဲ့ ပြသာနာတစ်ခုကို မတိမ်းရှောင်ကြောင်း အထူးသဖြင့် လူတွေက သူတို့ရဲ့မိသားစုဝင်တွေ စော်ကားခံရချိန်မှာဆို စိတ်လွတ်ကိုယ်လွတ်တွေဖြစ်သွားပြီး ပြန်လည်တုန့်ပြန်တတ်လေ့ရှိကြောင်း ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ ဆက်လက်ပြီး မော်ရင်ဟိုက အဲ့ဒီပရိသတ်ဟာ ဒိုင်ယာနဲ့ သူရဲ့ညီငယ်ကို လိုက်လံစော်ကားနှောင့်ယှက်တာကြောင့် ဒိုင်ယာအနေနဲ့ စိတ်လွတ်ထွက်သွားခဲ့တာဖြစ်ကာ အသင်းကတော့ သူ့အပေါ် အရေးယူတစ်စုံတစ်ရာ လုပ်ဆောင်မှာမဟုတ်ပေမယ့်လည်း သူရဲ့လုပ်ရက်ကတော့ တကယ်မှားယွင်းကြောင်း ထောက်ပြသွားခဲ့ပါတယ်။ လက်ရှိမှာတော့ စပါးအသင်းဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တို့ကိုပဲ ဆင်နွဲရတော့မှာဖြစ်သလို ပြိုင်ပွဲ၂ခုလုံးမှာလည်း အခြေအနေသိပ်မဟန်ပဲ ဖြစ်လို့နေပါတယ်။