လက်ရှိ လီဂူးကလပ် မာဆေးလ်အသင်းမှာ တစ်ရာသီ အငှားစာချုပ်နဲ့ သွားရောက်ကစားနေတဲ့ မန်ချက်စတာယူနိုက်တက် ခံစစ်ကစားသမား အဲရစ်ဘိုင်လီက သူ့အနေနဲ့ ယူနိုက်တက်အသင်းမှာ ပါဝင်ကစားနေစဉ်အတွင်းမှာ တွဲဖက်ကစားခဲ့သမျှ အသင်းဖော်တွေထဲကမှ သူ့အတွက် အထင်ကြီးစရာအကောင်းဆုံး ကစားသမားတွေထဲမှာ မားကပ်စ်ရပ်ရှ်ဖို့ဒ်နဲ့ အန်တိုနီမာရှယ်တို့ ပါဝင်နေတယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Bailly is currently on loan at Ligue 1 side Marseille and has made seven appearances so far

Photo Credit : Daily Mail

၂၀၁၆ခုနှစ်ကတည်းက ဗီလာရီးယဲလ်ကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ အိုင်ဗရီကို့စ် နောက်ခံလူ ဘိုင်လီဟာ သူရဲ့ဒဏ်ရာပြသာနာဆိုးတွေကြောင့် အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်ခဲ့ရပြီး ဒီနွေမှာပဲ မာဆေးလ်အသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ရပါတယ်။ ဘိုင်လီဟာ ယူနိုက်တက်ကစားသမားဘဝအတွင်းမှာ ရော်နယ်လ်ဒို ပေါ့ဘာ အီဘရာဟီမိုဗစ် ရွန်နီတို့လို တကယ့် world-class ကစားသမားတွေနဲ့ တွဲဖက်ကစားခဲ့ရပေမယ့်လည်း သူ့အတွက် အထင်ကြီးစရာ ဖြစ်စေတဲ့ ကစားသမားတွေကတော့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရပ်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့သာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

Eric Bailly (right) has admitted that Marcus Rashford (left) impressed him while at Man United

Photo Credit : Daily Mail

ဒီအကြောင်းကိစ္စနဲ့ ပတ်သတ်ပြီး ဘိုင်လီက “မန်ချက်စတာက ကစားသမားကောင်းတွေ အများကြီးကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို အထင်ကြီးစေတဲ့ ကစားသမားတွေအကြောင်း ပြောရမယ်ဆိုရင်တော့ ဒီအင်တာဗျူးက ဘယ်တော့မှ ပြီးသွားမှာ မဟုတ်ပါဘူး။ အသက်ကြီးကြီး ငယ်ငယ် မယုံနိုင်လောက်စရာ အရည်အသွေးကောင်းတွေကို ပိုင်ဆိုင်နေကြတယ်။ မားကပ်စ်ရပ်ရှ်ဖို့ဒ်လို ကစားသမားမျိုးကလည်း ကျွန်တော့်ကို အတော်လေး အထင်ကြီးစေခဲ့တယ်။ အန်တိုနီမာရှယ်လည်း အတူတူပါပဲ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။ ဘိုင်လီ အထင်ကြီးခဲ့ရတဲ့ ရပ်ရှ်ဖို့ဒ်နဲ့ မာစီယဲလ်တို့ တိုက်စစ်အတွဲအဖက်ဟာ အရင် ဘောလုံးရာသီတွေထဲက ယူနိုက်တက် တိုက်စစ်မှာ တွဲဖက်မိမိ ခြေစွမ်းပြခဲ့သူတွေ ဖြစ်သလို ခြေစွမ်းပိုင်း မတည်မငြိမ်တာခြင်းလည်း တူညီနေကြပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ရပ်ရှ်ဖို့ဒ်ရော မာရှယ်ပါ ကစားခွင့်ရတဲ့ ပွဲတွေမှာ ဂိုးတွေ သွင်းယူနိုင်လျက် ရှိနေပြီး ရပ်ရှ်ဖို့ဒ်က ပြိုင်ပွဲစုံ (၅)ဂိုး သွင်းယူထားခဲ့သလို မာရှယ်ကတော့ ဒဏ်ရာအနာတရတွေကြားကမှ အသင်းအတွက် ပြိုင်ပွဲစုံ (၃)ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။