MySport Myanmar

လီဗာပူးလ်ဘက်ကသာ သူ့ကို ထွက်ခွာစေချင်တယ်ဆိုရင် ထွက်သွားပေးမယ်လို့ ဆာလာပြောဆို

စာချုပ်သစ် ချုပ်ဆိုမယ့် ကိစ္စရပ်နဲ့ပတ်သက်ပြီး အခုအချိန်ထိ လိပ်ခဲတည်းလည်း ဖြစ်နေရတဲ့ လီဗာပူးလ်အသင်းရဲ့ တို်က်စစ်ကစားသမား မိုဟာမက်ဆာလာဟာ အခုဆိုရင် သူနဲ့ လီဗာပူးလ်အသင်းတို့ကြားက စာချုပ်သက်တမ်းဟာ တစ်နှစ်စွန်းစွန်းလေးသာ ကျန်ရှိနေတော့ပြီး သူရဲ့အနာဂတ်ဟာလည်း ဝိုးတဝါး ဖြစ်နေရတဲ့အပြင် Four Four Two နဲ့ အင်တာဗျူးမှာပါ နောက်ပြောင် ပြောဆိုခဲ့တဲ့ စကားတစ်ခွန်းကြောင့် ဆာလာရဲ့ အနာဂတ်က စောင့်ကြည့်သွားချင်စရာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Goal

၂၀၁၇ခုနှစ်ကတည်းက လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ အီဂျစ်သား မိုဆာလာဟာ သူရဲ့စာချုပ်သက်တမ်းက တစ်နှစ်ပဲ ကျန်ရှိနေတော့ပေမယ့်လည်း ကောလဟာလတွေ ထွက်ပေါ်နေသလို အသင်းနဲ့ လက်တွဲဖြုတ်ဖို့ထက် အသင်းနဲ့သာ ဆက်လက် လက်တွဲချင်နေတာ ဖြစ်ပါတယ်။ အသင်းကို စတင်ရောက်ရှိလာကတည်းကနေ အခုချိန်ထိ လီဗာပူးလ်ရဲ့ မရှိမဖြစ် ကစားသမားတစ်ဦးလို ဖြစ်နေရပြီး ဒီနှစ်ဘောလုံးရာသီမှာလည်း ဖလား(၄)လုံး မျှော်လင့်ချက်အတွက် အကောင်းဆုံး အနေအထားမှာ ရှိနေရတဲ့ အသင်းအတွက် ဆာလာက အကောင်းဆုံး စွမ်းဆောင်ပေးနေလျက် ရှိပါတယ်။

Photo Credit : Premier League

ဒီလို လီဗာပူးလ်အသင်းရဲ့ key player ဖြစ်နေရတဲ့ ဆာလာကို four four two သတင်းမီဒီယာကနေ မီဒီယာတွေရဲ့ ထင်ကြေးပေးနေမှုနဲ့ လီဗာပူးလ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်မလားလို့ မေးမြန်းလာခဲ့ရာ ဆာလာက “ဟုတ်ပါတယ်။ ဟုတ်မယ်ထင်တယ်” လို့ အံ့အားသင့်စွာ ဖြေဆိုလာခဲ့သလို “ဒါပေမယ့် သူတို့ဘက်ကသာ ကျွန်တော့်ကို သွားစေချင်တယ်ဆိုရင်တော့ ဒါက ကွဲပြားသွားရပါလိမ့်မယ်” လို့ အရွှန်းဖောက် ပြောဆိုသွားခဲ့ပါတယ်။ ဆာလာရဲ့ စာချုပ်သစ်ကိစ္စ ဆွေးနွေးမှုဟာ အချိန်အတော်ကြာတဲ့အထိ ရှင်းလင်းပြတ်သားမှု မရှိသေးပေမယ့် ဆာလာကတော့ သူရဲ့လုပ်ခလစာနဲ့ ပတ်သက်ပြီး စာချုပ်ကိစ္စကို အချိန်ကြန့်ကြာအောင် လုပ်ဆောင်ထားခြင်း မရှိဘူးလို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။ အနာဂတ်နဲ့ ပတ်သက်ပြီး ဆာလာက “ကျွန်တော် မသိဘူး။ ကျွန်တော့်မှာ စာချုပ်တစ်နှစ် ကျန်နေပါသေးတယ်။ ပရိသတ်တွေအနေနဲ့လည်း ကျွန်တော်ဘာကို အလိုရှိနေလဲဆိုတာ သိကြလိမ့်မယ် ကျွန်တော်ထင်တယ်။ ဒါပေမယ့် စာချုပ်ကိစ္စမှာတော့ ငွေနဲ့ပတ်သက်နေတဲ့ အရာတွေချည်း မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော် မသိဘူး။ အတိအကျလည်း မပြောတတ်ပါဘူး” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Exit mobile version