ဆောင်းရာသီရဲ့အပြောင်းအရွှေ့ဈေးကွက်ကို စတင်ဖွင့်လှစ်ခဲ့တာ တစ်ပတ်ရှိသွားခဲ့ပါပြီ။ အခုအချိန်ထိတော့ ကြီးကြီးမားမား အပြောင်းအရွှေ့တွေက ဖြစ်ပေါ်ထားခြင်းမရှိပေမယ့်လည်း ကောလဟာလသတင်းတွေကတော့ ဆက်လက်ထွက်ပေါ်မြဲဖြစ်နေတာကြောင့် ဒီသတင်းတွေထဲကမှ စိတ်ဝင်စားစရာကောင်းလှတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းများရဲ့ အပြောင်းအရွှေ့သတင်းတွေအကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။
ဘင်ဖီကာလူငယ် အကယ်ဒမီအသင်းကနေ ထွက်ပေါ်လာခဲ့ပြီးတော့ လက်ရှိမှာ မန်ချက်စတာယူနိုက်တက် ဝက်စ်ဟမ်းအသင်းတို့ရဲ့ပစ်မှတ်ဖြစ်လို့နေတဲ့ အသက်၂၀အရွှယ် ဘင်ဖီကာလူငယ် ကွင်းလယ်ကစားသမားလေး ဂယ်ဆင်ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် အဲဗာတန်အသင်းက ဦးဆောင်လို့နေပြီး ၁၈လအငှားနဲ့ အရင်ဆုံးခေါ်ယူမှာဖြစ်ပြီး အငှားသက်တမ်းပြည့်မှ ပေါင်၃၄သန်းနဲ့ ခေါ်ယူသွားမယ်လို့ သိရှိရပါတယ။
(Unicode)
ဝင်နယ်ဒန် ဂျရှုး ဟယ်ရီဝင့်နဲ့ ပရီးမီးယားလိဂ်ရဲ့နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ
ဆောင်းရာသီရဲ့အပြောင်းအရွှေ့စျေးကွက်ကို စတင်ဖွင့်လှစ်ခဲ့တာ တစ်ပတ်ရှိသွားခဲ့ပါပြီ။ အခုအချိန်ထိတော့ ကြီးကြီးမားမား အပြောင်းအရွှေ့တွေက ဖြစ်ပေါ်ထားခြင်းမရှိပေမယ့်လည်း ကောလဟာလသတင်းတွေကတော့ ဆက်လက်ထွက်ပေါ်မြဲဖြစ်နေတာကြောင့် ဒီသတင်းတွေထဲကမှ စိတ်ဝင်စားစရာကောင်းလှတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းများရဲ့ အပြောင််းအရွှေ့သတင်းတွေအကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။
Photo Credit : Getty Images
လီဗာပူးလ်အသင်းရဲ့နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဝင်နယ်ဒန်က အခုဘောလုံးရာသီအကုန်မှာ လီဗာပူးလ်ကနေ ထွက်ခွာသွားတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အစက်၂၉နှစ်အရွှယ် ကစားသမားဟာ ၂၀၁၆ခုနှစ်ကတည်းက လီဗာပူးလ်အသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပြီး လက်ရှိမှာ အသင်းနဲဲ့ စာချုပ်သက်တမ်း ၁၈လပဲ ကျန်ရှိတော့တဲ့အချိန်မှာ အသင်းဘက်ကနေ သက်တမ်းတိုးဖို့ ကမ်းလှမ်းခြင်းမရှိလို့ အသင်းကို စွန့်ခွာဖို့ စဉ်းစားလာခဲ့တာဖြစ်ကာ ဝင်နယ်ဒန်ကိုလည်း စီးရီအေနဲ့ လာလီဂါကလပ်တွေက အပြိုင်စိတ်ဝင်စားနေကြပါတယ်။
Photo Credit : Getty Images
ဝက်စ်ဟမ်း အက်စတွန်ဗီလာ ခရစ္စတယ်ပဲလေ့စ်နဲ့ နယူးကာဆဲလ်ယူနိုက်တက်အသင်းတွေရဲ့ပစ်မှတ်ဖြစ်လို့နေတဲ့ ချယ်လ်ဆီးအသင်းရဲ့ဝါရင့်တိုက်စစ်ကစားသမား အိုလီဗာဂျရှုးကို ခေါ်ယူဖို့ အင်တာမီလန်အသင်းက အခြေအနေအကောင်းဆုံး ဖြစ်လို့နေပြီး ပြောင်းရွှေ့ကြေးပေါင်၁၀သန်းနဲ့ ခေါ်ယူနိုင်ဖွယ်ရှိလို့နေပါတယ်။
Photo Credit : Getty Images
ဘင်ဖီကာလူငယ် အကယ်ဒမီအသင်းကနေ ထွက်ပေါ်လာခဲ့ပြီးတော့ လက်ရှိမှာ မန်ချက်စတာယူနိုက်တက် ဝက်စ်ဟမ်းအသင်းတို့ရဲ့ပစ်မှတ်ဖြစ်လို့နေတဲ့ အသက်၂၀အရွှယ် ဘင်ဖီကာလူငယ် ကွင်းလယ်ကစားသမားလေး ဂယ်ဆင်ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် အဲဗာတန်အသင်းက ဦးဆောင်လို့နေပြီး ၁၈လအငှားနဲ့ အရင်ဆုံးခေါ်ယူမှာဖြစ်ပြီး အငှားသက်တမ်းပြည့်မှ ပေါင်၃၄သန်းနဲဲ့ ခေါ်ယူသွားမယ်လို့ သိရှိရပါတယ။
Photo Credit : Getty Images
ဒီနေ့ညမှာ လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဆုံတွေ့ယှဉ်ပြိုင်ကစားရတော့မယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲဲ့ မန်စီးတီးအသင်းတို့ဟာ စပါးအသင်းမှာ ပုံမှန်နေရာပျောက်ဆုံးလို့နေတဲ့ ကွင်းလယ်ကစားသမား ဟယ်ရီဝင့်ကို အခုဆောင်းရာသီစျေးကွက်မှာ အပြိုင်ကမ်းလှမ်းကြဖွယ်ရှိနေပါတယ်။ အသက်၂၃နှစ်အရွှယ် အင်္ဂလန်လက်ရွေးစင် ကစားသမား ဟယ်ရီဝင့်ဟာ ပိုချက်တီနိုကို လက်အောက်မှာ စပါးကစားသမားအဖြစ် စတင်နိုင်ခဲ့တာဖြစ်ပေမယ့် နည်းပြသစ်မော်ရင်ဟိုလက်အောက်မှာတော့ နေရာတော်တော်လေး ပျောက်ဆုံးနေသူလည်းဖြစ်ပါတယ်။