ဘောလုံးသမားတွေရဲ့စွမ်းဆောင်ရည်အချက်အလက်တွေ အပြောင်းအရွှေ့အချက်အလက်တွေ စုဆောင်းဖော်ပြလျက်ရှိနေတဲ့ ကမ္ဘာကျော်ဘောလုံးအချက်အလက်ဆိုင်ရာ ဝက်ဆိုဒ်ကြီးတစ်ခုဖြစ်တဲဲ့ Transfermarket.com ကနေ စီစဉ်ဖော်ပြလာချက်အရ ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲဲရဲ့ တန်ကြေးအမြင့်မားဆုံး ပေါ်တူဂီနိုင်ငံသား ကစားသမားတွေစာရင်းမှာ မန်စီးတီးအသင်းရဲဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒိုဆေးဗားက ထိပ်ဆုံးနေရာမှာ ရပ်တည်လျက်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Getty Images

အသကက်၂၅နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ဘာနာဒိုဆေးဗားဟာ ၂၀၁၇ခုနှစ်ကမှ မန်စီးတီးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ခြေစွမ်းကောင်းတွေကြောင့် ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း မန်စီးတီးရဲ့တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ပိုင်ဆိုင်နိုင်ခဲ့တဲ့အပြင် မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဆုဖလားကိုလည်း ၂ရာသီဆက်တိုက် ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဘာနာဒိုဆေးဗားရဲ့လက်ရှိတန်ကြေးက ယူရိုသန်းတစ်ရာဝန်းကျင်ရှိပါတယ်။

Photo Credit : Getty Images

ပြီးခဲဲ့တဲ့ ဆောင်းရာသီကမှ စပို့တင်းလစ္စဘွန်းအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ ပေါ်တူဂီကွင်းလယ်တိုက်စစ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကတော့ လက်ရှိတန်ကြေး ယူရိုသန်း၆၀ရှိနေပြီး ပရီးမီးယားလိဂ် ဒုတိယမြောက် တန်ကြေးအမြင့်ဆုံး ပေါ်တူဂီကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဘာနာဒိုဆေးဗားနဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့နောက် တတိယနေရာမှာတော့ ဝုလ်ဗ်အသင်းရဲ့ကွင်းလယ်ကစားသမား ရူဘင်နှီဗက်စ်က တန်ကြေး ယူရိုသန်း၅၀နဲ့ ရပ်တည်နေပါတယ်။ ပရီးမီးယားလိဂ် တန်ကြေးအမြင့်ဆုံး ပေါ်တူဂီကစားသမား(၁၀)ယောက်စာရင်းကိုလည်း ဖော်ပြပေးသွားချင်ပါတယ်။

၁။ ဘာနာဒိုဆေးဗား (မန်စီးတီး) တန်ကြေး=ယူရိုသန်း၁၀၀
၂။ ဘရူနိုဖာနန်ဒက်စ် (ယူနိုက်တက်) တန်ကြေး=ယူရိုသန်း၆၀
၃။ နီဗက်စ် (ဝုလ်ဗ်) တန်ကြေး=ယူရိုသန်း၅၀
၄။ ကန်ဆယ်လို (မန်စီးတီး) တန်ကြေး=ယူရိုသန်း၅၀
၅။ ပယ်ရဲရား (လက်စတာ) တန်ကြေး=ယူရိုသန်း၄၀
၆။ ဂျိုတာ (ဝုလ်ဗ်) တန်ကြေး=ယူရို၃၅သန်း
၇။ ဂိုးမက်စ် (အဲဲဗာတန်) တန်ကြေး=ယူရို၂၈သန်း
၈။ ဒါလော့ (ယူနိုက်တက်) တန်ကြေး=ယူရိုသန်း၂၀
၉။ ပက်ထရစ်စီယို (ဝုလ်ဗ်) တန်ကြေး=ယူရိုသန်း၂၀
၁၀။ ဂတ်ဆန်ဖာနန်ဒက်စ် (စပါး) တန်ကြေး=ယူရို၁၅သန်း