ချဲလ်ဆီးအသင်းရဲ့ အာဂျင်တီးနား ကွင်းလယ် ကစားသမား အန်ဇိုဖာနန်ဒက်ဇ်က ဒီနေ့ညမှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အတွက် ဘာဖိအား ဘာကြောက်စိတ်မှ ရှိမနေဘူးလို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Chelsea, still winless since unhinged January spending spree, is in big,  big trouble

Photo Credit : Yahoo! Sports

ချဲလ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီထဲ အသင်းအတွင်း မတည်ငြိမ်မှု ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေအပြင် အသင်းနည်းပြတွေရဲ့ မတည်ငြိမ်မှုတွေနဲ့ ဖြတ်သန်းနေရပြီး ဆုဖလား မျှော်လင့်ချက်ဆိုလို့ ချန်ပီယံလိဂ်ဖလားတစ်ခုတည်းသာ ရှိနေတော့ပါတယ်။ ပရီးမီးယားလိဂ်မှာ အဆင့်ရပ်တည်မှု (၁၁)အထိ ရောက်ရှိနေတဲ့အထိ အခြေအနေ ဆိုးနေရတဲ့ ချဲလ်ဆီးက ချန်ပီယံလိဂ်ဘက်မှာ ဘာတွေ လုပ်ပြနိုင်မလဲလို့ မျှော်လင့်ထားရပေမယ့် အခု သူတို့ ရင်ဆိုင်ရမယ့် အသင်းက လက်ရှိ ချန်ပီယံလိဂ်ရဲ့ ချန်ပီယံ ရီးယဲလ်မက်ဒရစ် ဖြစ်နေပါတယ်။

Photo Credit : Football London

ဒီပွဲနဲ့ ပတ်သတ်ပြီး ချဲလ်ဆီး ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်က “ဖရန့်က ကျွန်တော်တို့ ကစားသမားတွေနဲ့ ခဏလောက် စကားပြောခဲ့ပြီးတော့ ကျွန်တော်တို့ကိုလည်း ခေါင်းအေးအေးထားဖို့ ပြောခဲ့တတယ်။ ချဲလ်ဆီးက သမိုင်းကြောင်း ကြီးကြီးမားမားရှိတဲ့ အသင်းတစ်သင်းပါ။ ဖရန့်ကလည်း ဒီအသင်းနဲ့ ၂၀၁၂ခုနှစ်မှာပဲ ချန်ပီယံလိဂ်ကို ဆွတ်ခူးခဲ့ပြီး အဲ့ဒီတုန်းက ချဲလ်ဆီးမှာ သူရဲ့ အဆိုးဆုံး အခိုက်အတန့်မျိုး ဖြစ်နေတဲ့အချိန်မှာပဲ ဒီဖလားကို ဆွတ်ခူးခဲ့တာလို့ ပြောပြခဲ့တယ်။ ဒါက ကျွန်တော်တို့အတွက်တော့ တကယ်ကို စံနမူနာကောင်း တစ်ခုပါပဲ။ ရီးယဲလ်ဆိုတာက သမိုင်းကြောင်းတွေ ကစားသမားကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတဲ့ အသင်းကြီးတစ်သင်းပါ။ ကျွန်တော်တို့ လုပ်ရမယ့်အရာကို ယုံကြည်တယ်။ ဒါက ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ”

Photo Credit : Football365

“မိုဒရစ်နဲ့ ကရူးစ်တို့က မက်ဒရစ်မှာ အရာအားလုံးကို ရယူခဲ့တဲ့ ကစားသမားနှစ်ဦးဖြစ်ပြီး သူတို့က ကစားသမားတိုင်းအတွက် အတူယူစရာတွေပါ။ ဒါပေမယ့် သူတို့ကို ကြောက်စရာ မရှိပါဘူး။ ကျွန်တော်လည်း ကြောက်မနေပါဘူး။ သူတို့ရဲ့ အရည်အသွေးနဲ့ သူတို့ရဲ့ တိုက်စစ်ပိုင်းကို ကျွန်တော်တို့ သိထားတဲ့အတွက် လေးစားမှု ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နောက်ခံလူတွေနဲ့ အကောင်းဆုံး တုန့်ပြန်ဖို့ ကြိုးစားမှာ ဖြစ်သလို ကောင်းမွန်တဲ့ ပွဲတစ်ပွဲဖြစ်အောင်လည်း ကြိုးစားသွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။