MySport Myanmar

ပဲရစ်မှာ နယူးကာဆယ်ကို ရှုံးကြွေး ပြန်ဆပ်မယ်လို့ ကြုံးဝါးလိုက်တဲ့ အင်းနရစ်

ဒီနေ့ည ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Parc des Princes ကွင်းကြီးမှာ ပီအက်စ်ဂျီအသင်း နဲ့ နယူးကာဆယ်အသင်းတို့က ချန်ပီယံလိဂ် အုပ်စုပွဲစဉ် (၅)ကို ကစားသွားရမှာဖြစ်ပြီး ဒီပွဲမှာ နယူးကာဆယ်ကို ရှုံးကြွေး ပြန်ဆပ်သွားမယ်လို့ ပီအက်စ်ဂျီ နည်းပြ လူးဝစ် အင်းနရစ်က ကြုံးဝါးလိုက်ပါတယ်။

ဒီနှစ်သင်းဟာ နယူးကာဆယ်ရဲ့ အိမ်ကွင်း စိန့်စ်ဂျိမ်းပတ်ခ်မှာ တွေ့ဆုံခဲ့စဉ်တုန်းက အိမ်ရှင်အသင်းရဲ့ ကစားအား ကောင်းမွန်မှုတွေကြောင့် (၄)ဂိုး (၁)ဂိုးနဲ့ကို အပြတ်အသတ် အနိုင်ရခဲ့ပြီး ဒီရလဒ်ဟာလည်း ပီအက်စ်ဂျီအတွက် အရှက်ကွဲလောက်စရာ ဖြစ်စေခဲ့ရပါတယ်။

Photo Credit : Shields Gazette

ဒါပေမယ့် ပီအက်စ်ဂျီဟာ နယူးကာဆယ်ကို ရှုံးနိမ့်ပြီးကတည်းက မီလန် တစ်သင်းတည်းကိုသာ အရေးနိမ့်ခဲ့ရပြီး (၇)ပွဲအထိ နိုင်ပွဲဆက်ခဲ့ရပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီဟာ နယူးကာဆယ်အသင်းထက် တစ်ရက်ကြိုကစားထားရလို့ ပီအက်စ်ဂျီ ကစားသမားတွေအနေနဲ့ ပိုပြီး လန်းဆန်းနေနိုင်ပါတယ်။

ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီနည်းပြ အင်းနရစ်က “ကျွန်တော်တို့ ဒီပွဲအတွက် အဆင်သင့် ဖြစ်နေရမယ်ဆိုတာ သိထားပါတယ်။ အုပ်စုအတွင်း အားပြိုင်မှုက ကျွန်တော်တို့အတွက် အလွန်ခက်ခဲပါတယ်။ အုပ်စုပွဲကလည်း အနည်းငယ်လေးသာ ကျန်ရှိနေတော့တဲ့အတွက် ပွဲတိုင်းက အဆုံးအဖြတ် ဖြစ်သွားနိုင်ပါတယ်။”

Photo Credit : BeSoccer

“ပြီးခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မှာဆိုရင်လည်း နယူးကာဆယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အားကောင်းချက်က တကယ်ကို အံ့မခန်းပါပဲ။ သူတို့က အဲ့ဒီ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုနဲ့ ပြိုင်ဘက်အသင်းတွေကို အမြဲတမ်း ဖိအားပေးတက်ပါတယ်။”

“ဒီပွဲစဉ်ကလည်း နောက်တစ်ဆင့်တက်မယ့် အသင်းကို အဖြေပေးသွားနိုင်ပါတယ်။ ဒီပွဲကို အသေအချာ ယှဉ်ပြိုင်သွားဖို့အတွက် ကျွန်တော်ရဲ့အသင်းက အသင့်ဖြစ်နေပြီ ဆိုတာကိုလည်း ကျွန်တော် ယုံကြည်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version